"ကလေး ဘာလိုချင်သေးလဲ"
"ဘာမှမလိုတော့ဘူး ဖြစ်နိုင်ရင်ပြန်တောင်ထားခဲ့ချင်သေးတယ် အဝတ်တွေအဲ့လောက်အများကြီးကို တော်ပြီဆိုလည်းပြောမရဘူး😒"
"ဟား အများပါဘူးကွာ ကိုနဲ့ ပီတိဟာဆိုအိမ်မှာအများကြီးပဲ "
"မပြောတော့ဘူး"
"ကဲအာဆိုပြန်မယ် ပြန်ရင်းလမ်းမှ ရွှေပုဇွန်ဝင်ပြီးမုန့်ဝယ်မယ် Ok"
"Ok "
"ဖွားဖွားရေ သားတို့ပြန်လာပြီ မုန့်တွေလည်းပါတယ်"
"သားငယ်ဖို့ ပစ္စည်းတွေများများစားစားဝယ်ခဲ့ရဲ့လား"
"မေမေရယ်ပြောမနေနဲ့မနဲဝယ်ရတယ် ဟိုဟာဆိုလည်းတော်ပြီဒီဟာဆိုလည်းတော်ပြီနဲ့"
"ရှူးမပြောနဲ့ "
😂😂😂
"လာမုန့်စားကြမယ်"
"မေမေ ညစာချက်ပြီးပြီ သားတို့အေးဆေးနားကြတော့"
"အာမေမေကလည်း သားပြန်လညရင်ချက်လို့ရတဲ့ဟာကို ပင်ပန်းခံပြီးချက်ပြန်ပြီ"
"ရပါတယ် အရင်လည်းမေမေချက်နေကြပဲဟာ"
"ကဲအာ့ဆို ပီတိလေးရေသွားချိုးကြမယ်"
"ဟုတ်ပါးပါး"
"မေမေသားပြောစရာရှိလို့ ခြံထဲခဏသွားထိုဂ်ရအောင်"
"ကဲပြောဘာဖြစ်လို့လဲ"
"မေမေသား ယောက်ျားလေးတယောက်ကိုသဘောကျနေတယ်လို့ပြောရင် မေမေလက်ခံနိုင်လား"
"သားကိုမေမေ အစောထဲကပြောပြီးသားပဲ သားရဲ့လက်တွဲဖော်ကသားရဲ့ရွေးချယ်ပိုင်ခွင့်ပဲ မေမေ့အနေနဲ့က သားရွေးချယ်တဲ့သူကိုမေမေလက်ခံပေးမှာ အဲ့ဒါကြောင့်ပဲ သားBlind Date တွေ့လုပ်တော့မေမေဝင်မတားခဲဘူးလေ မဟုတ်လား"
"ဟုတ်ပါတယ်မေမေ ကျေးဇူးပါ"
"မေမေတခုပြောမယ်နော် တဖက်လူကိုအတင်းအကြပ်ကြီး လက်ခံခိုင်းတတာမျိုးတော့မေမေမဖြစ်စေချင်ဘူး"
"ဟုတ်မေမေ သားကိုကလေး လက်ခံတဲ့ အဟမ်း သူလက်ခံတဲ့အထိစောင့်မှာပါ"
"ခုခေတ်ကလေးတွေများတကယ်အံ့သြပါ့"
😁😁😁
"အဲ့ဒါပြောမလိုမေမေ ပြောပြီးပြီဆိုတော့ မေမေအိမ်ထဲပန်ဝင်မလား ဒီမှာထိုင်အုံးမလား"
"မေမေခဏထိုင်အုန်းမယ် သားလည်းသွားနားတော့လေ "
"ဟုတ်""ဟာကိုဖြိုး အကျီကျွတ်ကြီးနဲ့ ဘာလုပ်မလို့လဲ"
"ရေချိုးမို့လေ"
" ဒီမှာပီတိလေးကိုချိုးပေးနေတယ်တယ်"
"ချိုးလေ ကိုကရေပန်းနဲ့ချိုးမှာ အလွတ်ကြီးကို"
"ဟာပြီးမှချိုးလေဗျာ ခဏဆိုပြီးပြီကို"
"မရတော့ဘူးချွေးတွေနဲ့ ကပ်စီးကပ်စီးဖြစ်နေတာ ကိုမနေနိုင်တော့ဘူး"
"ဘယ်လိုလူကြီးလည်းမသိဘူး"
"ပါးပါးလည်းတူတူချိုးလိုက်လေ"
"ဘာလို့ချိုးရမှာလဲ ပါးပါးက"
"ပါးပါးရန်ဖြစ်တာချစ်စရာလေး ခိခိ"
"ဟားဟား "
"ဟွန့်အဲ့မှာ ရီနေလိုက် ကဲလားပီတိသွားမယ်တော်ပြီ အအေးပတ်မှာဆိုးလို့"
"ဟုတ်"
"ကဲ သနပ်ခါးလဲလူးပြီးပြီဆိုတော့ ဒီမှာခဏထိုင်နေနော် "
"ဟုတ်"
"ကိုပြီးပြီ ကလေးရေချိူးရင်သွားချိုးတော့လေ"
"အွန်း ပီတိကို သနပ်ခါးလည်းလူးပေးပြီးပြီ ခုတင်ပေါ်မှာထိုင်ခိုင်းခဲ့တယ်"
"Ok Ok"
(ဒီလူကြီး gymတွေဘာတွေမသွားတာတောင် 6 packs ကြီးနဲ့ ငါဘာတွေလျှောက်တွေးနေတာလဲ)"ကဲထမင်းလည်းစားပြီးပြီဆိုတော့ ရုပ်ရှင်ကြည့်မယ်"
ဇာတ်ကားကြည့်နေတုန်း
"ပါးပါးရေ ပီတိဝင်လာမယ်နော် "
"Ok ခဏ ပါးပါး Lockချထားလို့"
"ဟီး ပါးပါးဆီလာတာ ဖေဖေပါ အလုပ်လုပ်နေလို့"
"အွန်းလာ ပါးပါးဇာတ်ကားကြည့်နေတာ ပီတိကြည့်မလား"
"ဟုတ် တူတူကြည့်မယ်"
"Ok"
ကြည့်ရင်းနဲ့ ပင်ပန်းလို့ထင်တယ်အိပ်ပျော်သွားပြီ
ဇာတ်ကားလည်းပြီးခါနီးဆိုတော့ ပြီးမှပဲ ဟိုဘက်ခန်းချီပို့တော့မယ်"
"ကလေး ပီတိရော"
"ရှူးအိပ်ပျော်နေပြီ "
"လာကို ချီလိုက်မယ် "
"မချီနဲ့တော့ ကျွန်တော်ပဲလိုက်ပို့လာမယ် လက်နှစ်ခုပြောင်းရင် နိုးသွားမှာဆိုးလို့"
"Ok"
"ကျွတ် ကျွတ် ကျွတ်... ရပြီတော်သေးတယ်မနိုးဘူး"
"ကလေး ခဏ" ပြောလည်းပြောလက်ကလည်း ကလေးလက်ကို ကျွန်တော်ဆွဲလိုက်တယ်
"ဟင် ဘာလို့လဲ"
"ကို ညနေကမေးတဲ့ဟာ မဖြေရသေးဘူး"
"ဘာ ဘာမေးလို့လဲ"
"ကလေးကို ယောကျာ်းလေးတယောက်ကဖွင့်ပြောလာရင်စဥ်းစားပေးမှာလားလို့"
"လူပေါ်မူတည်တယ်" ဟိုက်သေရောငါဘာလို့အဲ့လိုပြောလိုက်တာလဲ
"အာ့ဆို ကို ကလေးကိုဖွင့်ပြောလာရင်ရော"
"မသိဘူးဗျာ လွှတ် ကျွန်တော်သွားတော့မယ်"
"ခဏလေး ကို့ကိုဖြေအုံး"
"ဟာလွှတ် ပီတိနိုးသွားမယ်"
"မနိုးဘူး ကလေးလုပ်မှနိုးသွားမယ် "ပြောလည်းပြော ကျွန်တော် ကလေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်"
"ကလေး ကို့ကိုကြည့် ကိုကလေးကိုချစ်တယ် ကိုရဲ့ ဘဝလက်တွဲဖော်ဖြစ်လာပေးပါလားကလေးနော်"
"ခဏနေအုံးလေဗျာ ခများချစ်ခွင်ပန်တာကြီးကလည်း လူတကိုယ်လုံးကိုချုပ်ပြီးတော့ ဖယ်တော့"
"မဖယ်ဘူးး ဖယ်ရင် ကလေးကထွက်ပြေးမှာလေ"
"မေမေအတွက်အဆင်မပြေလောက်ဘူး"
"ပြေတယ် ကိုညနေက မေမေနဲ့စကားပြောပြီးပြီ မေမေလက်ခံတယ်"
"ဟမ် ခဗျားဘယ်လိုကြီး သွားပြောလိုက်တာတုန်း"
"ဘယ်လိုပြောပြောခုကိုမေးတာဖြေ လက်ခံမှာလား ၊လက်မခံဘူးလား"
"အွန်း"
"ဘာအွန်းလည်းကို့ကို ချစ်တာလား၊ မချစ်တာလား"
"ချစ်တယ် ဖယ်လွှတ်တော့"
"ခဏလေး Can I kiss you baby?"
"ဟမ်"
"I really want to kiss you"
ကျွန်တော်ခေါင်းပဲငြိမ့်ပြလိုက်တယ်
" အင့်..... "
သူကျွန်တော်နုတ်ခမ်းတွေကို ဆွဲစုတ်လာတယ် အပေါ်တလှည့် အောက်တလှည့်နဲ့
"အင့်.,.... "
"Baby ပါးစပ်ဖွင့်ပေး ပိတ်မထားနဲ့"
"No ကိုဖြိုးတော်ပြီ ကျွန်တော့်ကိုတနေ့ထဲနဲ့လန့်အောင်မလုပ်နဲ့တော့"
"Sorry Baby ကိုတောင်းပန်ပါတယ် Baby နုတ်ခမ်းတွေကအရမ်းချ်ုလွန်းတော့ ကိုမထိန်းနိုင်ဖြစ်သွားတာ Sorry ပါ ကို့ကိုစိတ်မဆိုးပါနဲ့"
"အွန်းကျွန်တော်သွားအိပ်တော့မယ်""ဝါးပျော်လိုက်တာ ကိုကလေးဆီကအချစ်ကိုရခဲ့ပြီ "
"ငါဘာလို့သူ့ကို ချက်ချင်းကြီးလက်ခံမိလိုက်တာလဲညရူးတော့မှာပဲအား မနက်ကျရင် ဘယ်လိုမျက်နှာနဲ့တွေရမလဲအား"
To be Continued
YOU ARE READING
ပီတိလေးရဲ့ပါးပါး
RomansaUnicode ပီတိလေး အတွက်အဖေတယောက်အနေနဲ့ရပ်တည်ပြီးပီတိလေးအတွက်အသင့်တော့ဆုံးဖြစ်နိုင်မဲ့အမေဖြစ်လာမဲ့သူကိုလိုက်ရှာနေသော ဖြိုးသီဟလွင် မွေးထဲကအဖေနဲ့အမေဆုံးပြီးအဒေါ်မိသားစုရဲ့အနိုင်ကျင့်သမျှကိုခံရပြီး မေတ္တာငတ်နေတဲ့ အောင်လွင်သန့် တို့ရဲ့အမှောင် ဇာတ်လမ်းလေး...