3.4K 109 2
                                    

***အမှန်ပြောရရင် ကျွန်တော်ဘယ်သူ့ကိုမှအဲ့လောက်ထိမစဖူးဘူး ပီတိလေးကလွှဲလို့ ကလေးကိုဟိုနေ့ကစမြင်ထဲက သူပုံစံလေးကတကယ်ဖြူစင်တယ် ချစ်ဖို့ကောင်းတယ်လို့ကိုတွေးမိတာ သူကိုကလေးလို့ခေါ်တာကိုစွာလိုက်တာပြောမနေနဲ့ အဲ့လေကျွန်တော်က ကလေးလို့သာသွားခေါ်တာ သူက ၂၁နှစ်တဲ့ ကျွန်တော်က၂၄ ၃နှစ်ပဲကွာတာ ပီတိလေးဒီလောက်စကားပြောတာတခါမှမမြင်ဖူးဘူး၊ သူ့ကိုတော်တော်ချစ်ပုံပဲ ဟိုကလဲကလေးပြောသမျှကိုနားထောင်လိုက်ပြန်ပြောလိုက်နဲ့ ကျွန်တော်ရှိတာကောသိကြရဲ့လားမသိဘူး🙄***
"အဟမ်း ဟိုကလေးနှစ်ယောက်အိမ်ရောက်နေပြီ ဆင်းတော့ အပေါ်ရောက်မှဆက်ပြော"
"မြန်လိုက်တာ "
"ထားထားကို သယ်လာခဲ့မယ် ပီတိလေးကိုသာ ခေါ်သွား"
"အန်တီကျွန်တော်ရောက်ပြီ"
"လာလာ သားတို့ ဒီမှာထိုင်"
"ပီတိရယ် အိမ်ပေါ်ရောက်နေပါပြီ ကိုကို့ရဲ့လက်ကိုလွှတ်ပေးလိုက်လေ ကိုကိုရေသောက်ရအောင်လို့"
"ဟုတ်ကဲ့"
"မေမေရဲ့ပြောမနေနဲ့ တလမ်းလုံးလဲစကားတွေ ပြောနေတာဘာတွေမှန်းကိုမသိဘူး သားကိုတောင်သူအဲ့လောက်စကားမပြောဘူး ခုတော့ကလေးကလေးခြင်း အဖော်ရသွားလို့နေမယ်"
"😏"
"သားအလုပ်သွားတော့မယ်နော် မေမေ"
"အေးအေး ဂရုစိုက်မောင်းအုံး"
"ပီတိ တာ့တာ 😘 ကလေး ကိုသွားပြီနော် မင်းပစ္စည်း တွေအခန်းထဲအကုန်ထည့်ခဲ့ပြီ ဘိုင့်"
*** ကလေးကလေးနဲ့ တော်တော်ကြီးချင်နေတယ်***
ကျွန်တော်ကိုပေးတဲ့​အခန်းကအကျယ်ကြီးပဲ ကျွန်တော်လဲပါလာတဲ ပစ္စည်းတွေနေရချပြီး သန့်ရှင်းရေးလေးလုပ်ပြီး အပြင်ထွက်တော့
"သားရေ ပစ္စည်းတွေထားပြီးရင် ရေသွားချိုးလေး ပြီးရင်ထမင်းစားရအောင်"
"ဟုတ်ကဲ့အန်တီ"
"အန်တီလို့မခေါ်ပါ နဲ့တော့မိသားစုပဲဖြစ်နေပြီကို မေမေလို့ပဲခေါ်ပါသားရယ်"
"ဗျာ"
"သားအဆင်မပြေရင်လဲမခေါ်ပါနဲ့"
"မဟုတ်ဘူး သားဘဝမှာတခါမှမေမေလို့မခေါ်ရဘူးလို့ပါ သားအဆင်ပြေပါတယ်မေမေ မေမေလို့ပဲခေါ်တော့မယ်နော်☺"
"အေးပါသားရယ်"
"ပီတိရေလာ ထမင်းစားမယ်"
"သားကို ပါးပါးကျွေးပါလား"
"ကဲလာပါပီတိရယ် ကိုကိုစားပါစေ ဖွားဖွားသားကိုကျွေးမယ်လာ"
"ရတယ်မေမေသား ကျွေးလိုက်မယ် မေမေအရင်စားနှင့်သားပြီးမှစားမယ်"
"မေမေ ညနေစာ သားချက်ပေးရမလား မေမေနားလို့ရအောင်"
"သားကဟင်းချက်တက်လို့လား"
"ဟုတ်သားက ၈တန်းထဲက ဟင်းစချက်တက်တာ အဒေါ်ခိုင်းတာကိုလုပ်ရင်းနဲ့ အဆင်ပြေသွားတာသူပေးတဲ့ထဲကောင်းတာတခုရလိုက်တာပေါ့"
"အေးသားချက်ချင်လဲချက်လေ မေမေလဲခုရက်ပင်ပန်းနေတာနဲ့အတော်ပဲ"

"၆နာရီတောင်ထိုးပြီ ပီတိလေးဗိုက်ဆာလား"
"နည်းနည်းဆာတယ်"
"မေမေ သားပီတိလေးကိုထမင်းကျွေးလိုက်တော့မယ်နော် "
"အေးသား ကျွေးလိိုက်တော့ ကိုဖြိုးလဲပြန်လာနေပြီပြောတယ် ပီတိပြီးရင် တို့သားမိတွေအတူတူစားမယ်"
"ဟုတ်မေမေ"
တီတီတီ
"ဖေဖေပြန်လာပြီ ယေး"
"အားဖေဖေချစ်တုံးလေး မန်းမန်းစားပြီးပြီလား"
"ခုစားမလို့ ပါးပါးမန်းမန်းသွားယူတယ်"
"Ok Ok ဖေဖေ ရေသွားချိုးလိုက်အုံးမယ် ပီတိထမင်းစားနှင့်နော်"
"ဟုတ်"
"ပီတိလေးဝပြီလား စားအုံးမလား"
"တော်ပြီ သားဗိုက်ပြည့်နေပြီ ကိုင်ကြည့်l"
"Ok Ok"
"ဖွားဖွားရေ သားစားပြီးပြီ "
"ကိုဖြိုးရေ ထမင်းစားမယ်"
"မေမေသားခုလာပြီ"
"မေမေ ဘာပြောင်းသုံးလိုက်လို့လဲ စားလို့ကောကာင်းတယ် ဒီနေ့"
"မပြောသေးဘူး😏 စားဖိုမှုးပြောင်းလိုက်တာဟေ"
"ဟမ်"
"သန့် ချက်ထားတာ☺"
"စားလို့တကယ်ကောင်းတယ်သား အာ့ကြောင့်ပီတိလေးဗိုက်တင်းအောင်စားတာကို မေမေချက်တာသူတခါမှ အဲ့လိုမစားဘူး"
"ကလေးက ဟင်းချက်တက်တယ်ပေါ့ မိုက်တယ် good good"
"အဆင်ပြေတယ်ဆိုရင် သားနောက်ရက်တွေလဲချက်ပေးမယ်လေ"
"မလုပ်ပါနဲ့သားရယ် သားကခုမှ ဟိိုအိမ်ကနေလွှတ်လာတာ ခုဒီမှာတခါထပ်မလုပ်ပါနဲ့ ပျော်ပျော်နေပါ"
"အာ့မေမေကလဲ ဘာမှမဆိုင်ဘူး သားချက်တဲ့ဟင်းကိုကောင်းတယ်ဆိုလို့သားကပျော်နေတာ သူတို့က တခါမှ အကောင်းမပြောဘူးသားဆို"
"ဘယ်သူကလဲ ဒီလောက်ဟင်းချက်ကောင်းတာကို မကောင်းဘူးလို့ပြောတာ လျှာပြတ်နေလို့နေမှာပေါ့"(ကိုဖြိုးတို့ သူ့ကလေးကိုအထိမခံဘူးနော်)
"ဘယ်သူမှမဟုတ်ဘူးစားစား"
"Ok"

"ကဲမနက်အလုပ်ကို ပထမဆုံး သွားရမှာဆိုတော့စောစောအိပ်မယ်"
***မနက် နိုးစက်မြည်တာနဲ့ထပြီး အလုပ်သွားဖို့ပြင်ဆင်လိုက်တယ် ဟိုဘက်ခန်း သားဖတော့အိပ်ကောင်းတုန်းထင်တယ်အသံတောင်မကြားဘူး***
"မေမေသားအလုပ်သွားတော့မယ်နော် ဒီနေ့မှ အလုပ်စဝင်မှာဆိုတော့ သားစောစောသွားမလို့ မနက်စာလဲပြင်ခဲ့ပြီနော်"
"သား ကိုဖြိုးကိုလိုက်ပို့ခိုင်းပါလား"
"ရတယ် မေမေသားပါသာပဲသွားလိုက်မယ် ကိုဖြိုးကမထသေးဘူးထင်တယ်"
"အေးအေးဂရုစိုက်သွား"

ပီတိလေးရဲ့ပါးပါးWhere stories live. Discover now