TV အတူတူထိုင်ကြည့်နေရင်းနဲ့
"မေမေ ပီတိကလူကြောက်သွားတာများလား"
"အယ်လိုတော့မဟုတ်လောက်ပါဘူး သားငယ်ကိုကျ သူမြင်မြင်ချင်းသိတောင်မသိတာကိုစကားတွေသွားပြောတာကို"
"အွန်းအဲ့လိုတော့ဟုတ်တယ် ပြီးတော့ ရဲနိုင်တို့လာရင်တောင်သူစကားအများကြီးမပြောတာပဲရှိတာ အောင်မှာဆော့လိုက် ထိုင်လိုက်လုပ်တာပဲ ညနေကကျ လူပေါ်ကကိုမဆင်းတေ့တာ"
"အင်းဟုတ်တယ် ရင်တွေတောင်တုန်နေတာ သားချီပြီးရေတိုက်လိုက်မှတော်သွားတာ"
📞📞📞
"မေမေ Uncle ထွန်းဖုန်းဆက်လာတယ်"
"ဟယ်လို ဟုတ်ကိုထွန်း အော်ရပါတယ် ကို့သမီးပဲဟာ အော်ရပါတယ်အကိုရယ် တချိန်ကလည်းကျွန်မတို့ကိုကူညီခဲ့တာပဲ အားနားစရာမလိုပါဘူး"
"ပြောပါရတယ် အော်အဲ့ဒါကတော့ သားရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ပဲ ကျွန်မကတော့သူရွေးချယ်တဲ့သူကိုလက်ခံမှာပါ"
"ဟုတ်တယ် သူ Blind Date တွေတော့သူသွားတယ် ဒါမဲ့ အဆင်မပြေပါဘူး သူတောင်းဆိုတဲ့အချက်တွေက မိန်းကလေးတယောက်အနေနဲ့ လက်ခံဖို့ခက်ခဲတော့ ကျွန်မမသေခင် သူအိမ်ထောင်ပြုဖို့ပဲဆုတောင်းနေရတယ် ဟားဟား ဟုတ်ပအကိုရယ်"
"အော်ဟုတ်ရပါတယ်ကိုထွန်း "
"မေမေဘာဖြစ်လို့လဲ"
"ကိုထွန်းက သူ့သမီးနဲ့သားကို လက်ထပ်ဖို့ပြောလာတာ လူကြီးချင်းစီစဉ်မဲ့ ပုံမျိုးနဲ့ မေမေလည်း သားရွေးချယ်မှုလို့ပဲပြောလိုက်တယ် ကြည့်ရတာတခုခုကို စီစဉ်နေပုံပဲသား အလုပ်မှာလည်းတချက်ဂရုစိုက်ပေါ့ "
"ဟုတ်မေမေ"
"မေမေလည်း ဘုရားရှိခိုးပြီးအိပ်တော့မယ် သားတို့လည်းစောစောနား"
"ဟုတ်မေမေ ဟုတ်"
"ကလေးလည်း ကို့အခန်းထဲလိုက်အိပ်ပါလား"
"မအိပ်ပါဘူး ဘာလို့အိပ်ရရမမှာလဲ သွားပြီ"
"အောင်မလေး ဒါလေးစတာကိုပြေးတာတန်းနေရောပဲ"
ကျွန်တော်လည်း အခန်းထဲပြန်ပြီးခဏနေတော့ ရေချိုးခန်းဖို့ ရေချိုးခန်း ဝင်လိုက်တယ်
"အောင်မလေး ကိုဖြိုးကဘယ်လိုလုပ်ဒီရောက်နေတာလဲ သန့် Lock ချထားတယ်မဟုတ်လား"
(ဝါးကလေးကတကိုယ်လုံးကို ဖွေးဥနေတာပဲထိရက်စရာတောင်မရှိဘူး နုတ်ခမ်းလေးကလည်းရေခ်ျုးထားလို့လားမသိဘူး ရဲနေရောပဲ)
"ခဗျား ဘယ်လိုကြီးကြည့်နေတာလဲ"
"ဟမ်မဟုတ်ပါဘူး ကိုကလေးရှိတာမသိလိုက်ဖူး ကိုနားကြပ်တပ်ထားတာ အသံမကြားလိုက်ဘူး ပြီးတော့ Lock လည်းမချထားဘူးလေ"
"ဟမ်ဟုတ်လား အာ့ဆိုလည်းဖယ်တော့ကျွန်တော်အပြင်ထွက်တော့မယ်"
(လူကိုဘယ်လိုတောင်ကြည့်နေတာလည်းမသိဘူး
တော်သေးတယ် သဘတ်ပတ်ထားလို့ ဟူး နမို့ရင်မရှိတဲ့အရှက်တွေကွဲပါပြီ)
(အား အိပ်မယ်ဒီနေ့ကျမှ ဘာလို့အိပ်မပျော်တာလည်းမသိဘူး ပြီးတော့ငါကိုဖြိုးနဲ့တွေတာဘာလိုရှက်သလိုခံစားမိနေတာလည်း ယောက်ျားလေးချင်းပဲဟာ မသိတော့ဘူးအိပ်မယ်အိပ်မယ်)
(ဘာလို့ငါ့မျက်လုံးထဲကလေးပုံတွေပဲမြင်နေမိတာလဲ ငါကလေးကိုချစ်မိသွားတာလား ကလေးကကောငါ့ကိုပြန်ချစ်နိုင်ပါ့မလား)
"ပီတိလေး ဖေဖေတော့ မင်းပါးပါးကိုချစ်မိသွားပြီ ကျေးဇူးပါသားလေးရယ် ဖေဖေဘဝထဲမင်းပါးပါးကိုခေါ်လာပေးလို့"
YOU ARE READING
ပီတိလေးရဲ့ပါးပါး
RomanceUnicode ပီတိလေး အတွက်အဖေတယောက်အနေနဲ့ရပ်တည်ပြီးပီတိလေးအတွက်အသင့်တော့ဆုံးဖြစ်နိုင်မဲ့အမေဖြစ်လာမဲ့သူကိုလိုက်ရှာနေသော ဖြိုးသီဟလွင် မွေးထဲကအဖေနဲ့အမေဆုံးပြီးအဒေါ်မိသားစုရဲ့အနိုင်ကျင့်သမျှကိုခံရပြီး မေတ္တာငတ်နေတဲ့ အောင်လွင်သန့် တို့ရဲ့အမှောင် ဇာတ်လမ်းလေး...