"Morning Baby😘"
ကျွန်တော်ကလေးကိုနောက်ကဖက်ပြီး ပါးလေးကိုနမ်းလိုက်တယ်
"ဟာကိုဖြိုး ဖယ် မေမေမြင်သွားမယ် ပြီးတော့ ဘယ်ကBaby လဲ"
"ကို အရင်ကပြောဘူးတယ်လေ Baby ကိုကလေးလို့ခေါ်တာဘယ်တော့ရပ်မှာလဲလို့မေးတုန်းက ကို့ပြောခဲ့တယ် မှတ်မိလား နောက်ထပ်ကို့ကြိုက်တဲ့ နာမည်က Babyပဲ ကို Baby လို့ပဲခေါ်တော့မှာ Ok"
"ဟာအဲလိုကြီးတော့မခေါ်ပါနဲ့"
"No ကိုတို့ကတွဲနေပြီလေBabyလို့ခေါ်တာဘာမှမဖြစ်ဘူး မွမွ"
"ပီတိလေးဘာကြောင့် Babyပါးကိုနမ်းလည်းခုမှသိတယ် တကယ်နမ်းလို့ကောင်းတယ်"
"တော်လိုက်တော့ မုန့်စားမယ် ပြီးရင်ရုံးသွားရမှာ"
"Ok"
"မေမေ သားတို့သွားပြီ"
"Baby ခါးပတ်ပတ် အုံး"
"ကိုဖြိုး ကျွန်တော်ကိုကားမောင်းသင်ပေးပါလား"
"အွန်း Give and Take တော့ရှိတယ်"
"ဟွန့် ဘာလဲ"
"ကို Baby ကိုအရမ်းနမ်းချင်တယ် ၅မိနစ်လောက်ပဲပေးနမ်း"
"၅မိီနစ်လောက် သေလေ "
"Please I really want to kiss you Baby"
"အွန်း ဒီညကျပေးမယ်၃မိနစ်ပဲ "
"ကို ညထိမစောင့်နိုင်ဘူး"
"ခဏလေး ကားကိုလမ်းကြားထဲမှာရပ်လိုက် ကိုဖြိုးကားမှန်ကြီးကအဖြူကြီးး အပြင်ကကြည့်ရင်မြင်နေရမှာ"
"Ok ညနေကျရင်ကားသွားလဲမယ်".
"ရပြီ"
"အင့်....."ကျွန်တော်နုတ်ခမ်းတွေကိုအပေါ်တလှည့် အောက်တလှည့်နဲ့စုတ်နေတာ သကြားလုံးများထင်နေလားမသိဘူး"
"Baby ခုရော ပါးစပ်ဖွင့်ပေးလို့ရလား"
ကျွန်တော်ဘာမှမပြောပဲပါးစပ် ဟပေးလိုက်တော့ သူ့လျှာက ကျွန်တော့ပါးစပ်ထဲရောက်လာတယ် ၃မိနစ်လို့ပြောတာကို ၅မိနစ်တောင်မကတော့ဘူး အသက်ရှုတွေလည်းကျပ်လာတော့ ကျွန်တော့ သူ့ရင်ဘတ်ကိုထုလိုက်တယ် ၃၄ချက်လောက်ထုတော့လွှတ်ပေးလာတယ်
"အဲ့ကျမှာပဲအသက်ကို လုရှုရတော့တယ် "
"Baby you are so sweet.I really love it"
"ကို ရူးတော့မယ် ကလေးရယ်"
"ကျွန်တော်ကသေတော့မယ် ဒီမှာ သကြားလုံးများမှတ်နေလားမသိဘူး ပြီးတော့နမ်းတာ အဲ့လောက်ကျွမ်းနေတာ ခများရည်စားဘယ်နှစ်ယောက်တောင်ထားဖူးတာလဲ"
"😅 Baby မင်းကကို့ရဲ့ ပထမဆုံးနဲ့နောက်ဆုံးပဲ မနေ့ညက ကို့ရဲ့ First Kissပဲ ပြီးတော့ Kissမှမဟုတ်ဘူး နောက်ကိစ္စတွေအားလုံးလဲ Babyတယောက်ထဲအတွက်ပဲ"
"အဟမ်း ရပြီ ရုံးနောက်ကျတော့မယ် မောင်းတော့"
"Ok""သမီး ဒယ်ဒီပြောပြမယ် ညကဖြိုးသီဟရဲ့အမေကို ဖုန်းဆက်ကြည့်ပြီး ကလေးတွေကိုလက်ထပ်ပေးဖို့စီစဥ်ရင်ကောင်းမလားလို့ မေးလိုက်တော့ သူက သူ့သားသဘောတဲ့ သူ့သားရဲ့လက်တွဲဖော်ရွေးချယ်မှုမှာသူလုံးဝ ဝင်ပါမှာမဟုတ်ဖူးဆိုပြီးပြောတယ် အဲ့တော့ ဒယ်ဒီပြောချင်တာက သမီးဘက်ကသူ သမီးကိုစိတ်ဝင်စားလာအောင်လုပ်ဖို့လိုတယ် ပြီးတော့သူလိုချင်နေတဲ့ အဓိက Main Ponit ဖြစ်တယ် ဟိုကလေးအတွက်မိခင်ကောင်းတယောက်အဖြစ်သမီးခဏတော့ဟန်ဆောင်ရမယ် ပြီးတော့သူ့ကိုပါအပါဆွဲရမယ် ပြီးရင် သူဘက်ကတခုခု တောင်းဆိုလာခဲ့ရင်အကုန်လက်ခံပေးမယ်လို့ပြောလိုက် တခုပဲသမီးဘက်ကတောင်းဆိုပေးရမှာကလက်မထပ်ခင်မှာ ဖေဖေကို CRS project ကို ဖေဖေတို့ကိုပြန်ပေးဖို့ပဲ ကျန်တာကသမီးအပိုင်းသူကို အားလုံးအဆင်ပြေပြီဆို လက်ထပ်ပြီးတော့မှပဲကွာရှင်းရှင်း လက်မထပ်ပဲ USကိုပဲပြန်သွားသွား ဒယ်ဒီလက်ခံတယ်"
"Ok ဒယ်ဒီ ဆောင်းရုံးသွားတော့မယ်"At Light Company Meeting
"Top project ကခုဆို 50%လောက်ပြီးပြီလို့ပြောလို့ရတယ် အဖက်ဖက်မှာ ဝိုင်းလုပ်ပေးတဲ့သူတွေကိုလည်း ကျွန်တော်ကျေးဇူးတင်ပါတယ် ပြီးတော့ မဆောင်းရတီကော ကျွန်တော်တို့ Company လုပ်ရတာအဆင်ပြေရဲ့လားခမျ တခုခုလိုအပ်တာရှိရင် နန်းခင်ဆီမှာပြောလို့ရပါတယ်"
"အဆင်ပြေပါတယ် ဆောင်းအတွက်ပညာတွေလည်းအများကြီးရပါတယ် "
"အားလုံးပဲ ဒီမှာMeeting ရပ်ရအောင် Baby ခဏနေခဲ့အုံး ကိုပြောစရာရှိလို့"
အဟွတ် အဟွတ်သန့်တယောက် သီးသွားခြင်း😂
"ဝါး ယွန်း သူဌေးက မောင်လေး သန့်ကို babyလို့ခေါ်လိုက်တာငါနားကြားမှားတာလား"
"မမှားဘူးဟဲ့ တကယ် Bl couple တွေထင်တယ် ဝါးမိုက်မိုက်တယ် သူတို့နှစ်ယောက်တကယ်လိုက်တယ်"
(ဘာ ဘာကိစ္စဖြိုးကသူ့ကို Babyလို့ခေါ်တာလည်း တကယ်ပဲ သူတို့တွဲနေတာလား တောက်)
အားလုံး ရုံးခန်းထဲကထွက်သွားတော့ Baby ကကျွန်တော့ဆီကို ကိုက်စားတော့မဲ့ရုပ်နဲ့ရောက်လာတယ်
"ခများလူတွေအများကြီးရှေ့မှာဘယ်လိုခေါ်လိုက်တာလည်း"
"Baby လို့ခေါ်တာလေ ဘာလို့လဲ"
"ယား ကိုဖြိုးလာနောက်မနေနဲ့ သူများတွေတမျိုးထင်ကုန်မှာပေါ့"
"Baby ကိုမနောက်ဘူး တကယ်ပြောတာကိုနောက်အဲ့လိုပဲခေါ်မှာ ပြီးတော့တလွဲထင်စရာလည်းဘာမှမရှိဘူး Baby နဲ့ကိုနဲ့တွဲနေပြီပဲဟာ"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း ကိုဖြိုးရာလူတွေလက်ခံနိုင်တဲ့ကိစ္စမှမဟုတ်တာ သူများပြောစရာဖြစ်ကုန်မှာပေါ့ လူကြားထဲမှာအဲ့လိုမခေါ်ပါနဲ့"
"Baby ကကိုနဲ့ တွဲတာကို ရှက်စရာလို့မြင်တာလား ကိုတောင်းပန်ပါတယ် နောက်ဘယ်တော့မှကိုမခေါ်တော့ဘူး 😔"
"ကျွန်တော်ပြောတာအဲ့လိုသဘောမျိုးမဟုတ်ဘူးလေ"
"ရပြီ ကိုအလုပ်ရှိလို့ လုပ်လိုက်အုံးမယ် သွားလို့ရပြီ "
"ကိုဖြိုး"
"☎ နန်းခင် ကျွန်တော်ကို Lunch အတွက် Pull Moon Hotel မှာ နှစ်ယောက်စာစီစဥ်ပေးပါ ကျွန်တော် Customerတယောက်နဲ့ တွေစရာရှိလို့"
"ကျွန်တော်နဲ့ ထမင်းတူတူမစားဘူးလား"
"ကို VIP Customer တယောက်နဲ့တွေစရာရှိလို့ သူနဲ့ပဲ စားလိုက်တော့မယ် ကိုသွားပြီ"
(ကျွန်တော် Customerနဲ့ ချိန်းထားတာက ၁၁နာရီမှ စိတ်လည်းနည်းနည်းညစ်သွားတော့ တခါထဲပဲ ကားသော့ဆွဲပြီးထွက်လာလိုက်တယ် Babyတော့မျက်နှာတော့မကောင်းဘူးကျွန်တော်ပြောလိုက်လို့ထင်တယ်)
"ယွန်း နင်မောင်လေးမျက်နှာမကောင်းပါ့လား"
"ဟုတ်တယ် မနန်းခင်ရေ သူဌေးရုံးခန်းထဲကထွက်လာထဲကမကောင်းတာ"
"ဟုတ်လား အေးငါ့ကိုလဲသူဌေးက Lunch နှစ်ယောက်စာစီစဥ်ပေးဆိုပြီးဖုန်းဆက်လာလို့ ငါက သူတို့နှစ်ယောက်သွားစားမယ်ထင်နေတာ ပြီးတော့သူဌေးက သူတယောက်ထဲထွက်သွားတယ်"
"စိတ်ကောက်နေကြတာထင်တယ် ချစ်စရာလေးတွေ"
"ဟုတ်ပ"
To Be Continued
YOU ARE READING
ပီတိလေးရဲ့ပါးပါး
RomanceUnicode ပီတိလေး အတွက်အဖေတယောက်အနေနဲ့ရပ်တည်ပြီးပီတိလေးအတွက်အသင့်တော့ဆုံးဖြစ်နိုင်မဲ့အမေဖြစ်လာမဲ့သူကိုလိုက်ရှာနေသော ဖြိုးသီဟလွင် မွေးထဲကအဖေနဲ့အမေဆုံးပြီးအဒေါ်မိသားစုရဲ့အနိုင်ကျင့်သမျှကိုခံရပြီး မေတ္တာငတ်နေတဲ့ အောင်လွင်သန့် တို့ရဲ့အမှောင် ဇာတ်လမ်းလေး...