၅နာရီတောင်ထိုးတော့မယ် ခုထိပြန်မလာသေးဘူး တော်တော်ဆိုးတယ်ဗျာ ခများအရင်ဆို ထမင်းအတူတူစားနေကျ ခုမစားတဲ့အပြင် ခုထိရုံးကိုတောင်ပြန်မလာဘူး ဖုန်းဆက်မယ် ဟုတ်တယ် ဖုန်းဆက်မယ်
"ဟယ်လို ကိုဖြိုးဘယ်မှာလည်း ရုံးကိုပြန်မလာဘူးလား"
"ကိုရုံးမလာတော့ဘူး အလုပ်ကိစ္စမပြီးသေးလို့ ကိုအောက်က ကိုရာဇာကို ဖုန်းဆက်ထားတယ် ပြန်ရင်သူလိုက်ပို့ပေးလိမ့်မယ်"
....
"ဟယ်လို ဟယ်လိုကြားလား"
ခုထိကျွန်တော်ကိုနာမည်တပ်ပြီး လုံးဝမခေါ်သေးဘူး အရင်ဆို ကလေး ကလေး Baby Babyနဲ့ ခုလုံးဝမခေါ်ဘူးတွေ့လား😭
At 6pm
📱
"ဟယ်လို ဘာလိုခုထိမပြန်သေးတာလဲ ကိုရာဇာကိုပြောပြီးပြီ ပြန်ရုံပဲ သူ့ဖုန်းနံပါတ် SMSပို့လိုက်မယ် သူအိမ်လိပ်စာလည်းသိတယ် သူနဲ့ပြန်တော့ နော်"
....
"ကိုပြောတာနားထောင်နေလား.."
"...."
"အောင်လွင်သန့် ကိုပြောတာကြားလား"
(တွေလားကျွန်တော်ပြောတယ် သူကျွန်တော်ကို Babyလို့လဲမခေါ်ဘူး ကလေးလို့လည်းမခေါ်ဘူး အောင်လွင်သန့်တဲ့ သန့်တလုံးထဲတောင်မဟုတ်ဘူး😭😭😭😭)
"မပြန်ဘူးဗျာ"
"ပြန်တော့လေ နောက်ကျနေပြီနော်"
"မပြန်ဘူး ခများကြီး လာမခေါ်မခြင်းမပြန်ဘူး ဟင့် ဟင့် ဟင့်😭😭😭"
"ငိုနေတာလားးး ဘာလို့လဲ ကိုခုလာပြီမငိုနဲ့လာပြီလာပြီ"
"ကိုရာဇာ ပြန်လို့ရပြီအကို စောင့်ခိုင်းမိလို့ကျေးဇူးပါဗျ"
"ရပါတယ်သူဌေး ကျွန်တော်ပြန်ပြီနော် "
"Ok"
"ကိုရောက်ပြီ"
ကျွန်တော် ကိုလည်းတွေရော ပြေးဖက်လာပြီးကို ငိုလည်းငိုတယ် ရင်ဖက်တွေကိုလည်းထုတာ မရက်ဘူး အချက်၂၀လောက်ရှိပြီ
" ခဏလေးပြီးမှရိုက်ကို့ကို အရင်ပြောဘာဖြစ်လို့လဲ နေမကောင်းလို့လား တယောက်ယောက်ကပြောလို့လား ကို့ကိုပြောဘာလို့လဲ"
"ဟီး တွေလားကျွန်တော့ကိုခုထိမခေါ်သေးဘူး ဟင့်"
"ဟမ် ကိုခေါ်တယ်လေ ဘာလို့မခေါ်ရမှာလဲ"
"ဟီး ခုထိကိုမခေါ်တာ အရင်ဆို ကလေးကလေးနဲ့ခု အဲ့ကလေးလည်းမခေါ်ဘူး Babyဆိုတာလည်းမခေါ်ဘူး အင့်ဟာ "
😅😅
"အာ့ ကိုနာနေပြီ ခဏနေအုံး Baby ကဲကို့ကိုအဲ့လိုမခေါ်ခိုင်းတာမဟုတ်ဘူးလား"
"ကျွန်တော်ပြောတာသူများအရှေ့မှာမခေါ်နဲ့လိုပြောတာလေ ခုခများက နှစ်ယောက်ထဲရှိတော့လည်း မခေါ်ဘူး ဖုန်းပြောတုန်းကလည်း အောင်လွင်သန့်တဲ့😭😭😭 နေ့ခင်းစာလည်းတူတူစားနေကြကို အပြင်မှာသွားစားတယ် အင့် ပြန်တော့လည်း သူများနဲ့ပြန်ခိုင်းတယ် 😭😭😭အင့် "
"ခဏလေး ကိုရှင်းပြမယ် ခုလောလောဆယ်ရုံးခန်းထဲမှာရေသွားသောက်မယ်လာ ငိုထားတာ မျက်လုံးတွေလည်းဖောင်းနေပြီ"
"မလာဘူး "
"မလာရင်နေကွာ ကိုချီသွားမယ်"
"လွှတ် မချီနဲ့"
"မရတော့ဘူး မရုန်းနဲ့ပြုတ်ကျမယ်"
"အင့် ရေအရင်သောက်"
"သောက်ပါ Baby ကလိမ္မာတယ် သောက်"
"လာ ကို့ဆီကို ကိုရှင်းပြမယ်" ပြောလဲပြော အဲ့သေးသေးလေးကို ချစ်လွန်းလို့ မျက်နှာချင်းဆိုင်ဖြစ်အောင် ပေါင်ပေါ်မှာတင်ထားလိုက်ပြီး ရင်ခွင်ထဲသွင်းထားလိုက်တယ်
"ကို့ကနေခင်းစာအတူတူမစားချင်လို့မဟုတ်ဘူး ကို့က Customerနဲ့သွားတွေတာ သူက Lunchအချိန်ချ်န်းတော့ မစားလို့မကောင်းဘူးလေ ပြီးတော့ ကို သူတို့နဲ့အဆင်ပြေပြီးတော့ အလုပ်ကိစ္စဆက်ပြောနေကြတာ ဟိုတလော Baby လုပ်ပေးတဲ့ CSR projectလေ အဲ့ဒါကိုဆက်ပြောရင်းနဲ့အဆင်ပြေတော့ ကို့သူတို့ Company လိုက်သွားပြီး Meeting joinလိုက်တာ အဲ့ဒါကြောင့်ပြန်လာမကြိုတာBabyကို ပြီးတော့ ကိုအားလုံးစီစဥ်ပေးတယ်လေ Baby ပြန်လို့ရအောင်"
"အင့် အင့် အာဆိုဘာလို့ အောင်လွင်သန့်လိုခေါ်တာလည်း"
😅😅
"မရီနဲ့ အင့်ဟာ"၄ ၅ ချက်လောက်ထပ်ထုပေးလိုက်တယ်
"အာ့ ကိုတကယ်နာနေပြီ Baby အချက်၃၀လောက်ရှိနေပြီ Babyပဲ နှစ်ယောက်ထဲရှိမှခေါ်ဆို ကိုကဟိုမှာ လူတွေအများကြီးနဲ့ ရှိနေတာလေ Baby စကားကိုနားထောင်လို့ကိုက မခေါ်တာလေ 😘"
"သန့် လိုခေါ်လို့ရတာကို ဘာလို့အောင်လွင်သန့်လဲ ဟွန့်"
"ဟာ ကိုတကယ် ရစ်စိန်လေးကိုချစ်မိတာပဲ ကျွန်တော်မျိုးမှားပါတယ်ခမျ သဘောထားကြီးကြီးနဲ့ခွင့်လွှတ်ပေးပါ"
" ရစ်မှာပဲ မကြိုက်ရင်လာမချစ်နဲ့"
"ချစ်မှာပါ့စိတ်ချ Baby ကို့ကို ဘယ်လောက်ရစ်ရစ် ဘယ်လောက်ဆိုးဆိုး ကိုကအမြဲချစ်နေမှာ"
"I love you Baby"
"😊"
"Can I kiss you"
ကျွန်တော်ပြန်မဖြေပဲ ကိုဖြိုး နဖူးကို ကိုကျွန်တော်လှမ်းနမ်းလိုက်တယ်
"အင့်... ..."
ကျွန်တော် Babyနုတ်ခမ်းလေးကို ကိုက်လိုက်တော့ ပါးစပ်လေးဟလာပေးတယ် ကျွန်တော်လည်းတခါထဲ ကျွန်တော်လျှာနဲ့ Baby ပါးစပ်ထဲကိုဝင်မွှေလိုက်တယ်
"Baby ကို့ကိုပြန်နမ်းပါလား"
" ကျွန်တော်မနမ်းတက်ဘူး"
"ကို့လိုမျ်ုးပဲ နုတ်ခမ်းကိုအပေါ်တလှည့်အောက်တလှည့်စုတ်ပေး ပြီးတော့ Babyကို Baby ကျွန်တော်လို့မသုံးပဲနဲ့ Baby လို့ပဲသုံးပါလားနော်"
"အွန်း အင့်.....😘😘😘"
နမ်းရင်းမောလာတော့ရင်ဘတ်ကိုခုလိုက်တော့ ပါးစပ်ကိုလွှတ်ပေးလာတယ်
အသက်လုရှုနေတုန်း သူကျွန်တော့်ရဲ့ လည်ပင်းသားကိုတွေကို ရန်ရှာလာတယ်.
"အာ့ မကိုက်နဲ့လေ Babyနာတယ်"
"မွမွ အရမ်းချစ်တယ် ကလေးရယ် မွ အမောပြေပြီးလား ပြန်နမ်းရအောင်"
"ခဏလေး Baby ဗိုက်ဆာတယ် နေခင်းစာတောင်မစားရသေးဘူး😔"
"ဟမ် ဘာလို့လဲ"
"ဘာလို့ရမှာလဲ ခများကြောင့်လေ တယောက်ထဲထားသွားပြီးတော့ ဟွန့်"
"လာ အာ့ဆို ဒီနားကဆိုင်မှာပဲသွားစားကြမယ် အိမ်ပြန်မောင်းရင်ကြာနေမယ် မေမေကိုဖုန်းဆက်လိုက်မယ် နောက်အဲ့လိုမလုပ်နဲ့နော် ကို့ကိုစိတ်ဆိုးလည်း ထမင်းကိုစားနော် Baby "
"ကိုဖြိုးက Baby ကိုထပ်ပြီး စိတ်ဆိုးအောင်လုပ်အုံးမှာပေါ့"
"မလုပ်ပါဘူးဗျာ ကိုတောင်းပြန်ပါတယ် ပြီးတော့ ကို့ ကိုလည်း ကို လို့တလုံးထဲပဲခေါ်ပါလား😍"
"တောင်းဆိုချက်တွေကလည်းများသလားမမေးနဲ့ 😏"
"နော်နော် Baby နော် "
"အွန်းသွားမယ် ဗိုက်တကယ်ဆာနေပြီ"
To be continued
YOU ARE READING
ပီတိလေးရဲ့ပါးပါး
RomanceUnicode ပီတိလေး အတွက်အဖေတယောက်အနေနဲ့ရပ်တည်ပြီးပီတိလေးအတွက်အသင့်တော့ဆုံးဖြစ်နိုင်မဲ့အမေဖြစ်လာမဲ့သူကိုလိုက်ရှာနေသော ဖြိုးသီဟလွင် မွေးထဲကအဖေနဲ့အမေဆုံးပြီးအဒေါ်မိသားစုရဲ့အနိုင်ကျင့်သမျှကိုခံရပြီး မေတ္တာငတ်နေတဲ့ အောင်လွင်သန့် တို့ရဲ့အမှောင် ဇာတ်လမ်းလေး...