ဟူးးးးအလုပ်ကလည်းဒီနေ့မှများလိုက်တာ ခုမှပဲပြီးတော့တယ် ၆နာရီတောင်ခွဲနေပြီ ကလေးကိုအတူတူပြန်ဖို့ပြောထားတယ်မေ့နေတာ ပြန်များပြန်သွားပြီလားမသိဘူး
အပြင်ထွက်ကြည့်တော့ခုံပေါ်လေးမှာမှောက်ပြီးအိပ်တောင်ပျော်နေပြီ
"ကလေးကလေး ထထအိပ်ပြန်ရအောင်ကိုမင်းနဲ့တူတူပြန်ဖို့ပြောထားတာကိုမေ့ပြီးအလုပ်ထဲအာရုံရောက်သွားလို့ Sorryပါ"
"အွန်း ကိုဖြိုးပြီးသွားပြီလား ကျွန်တော်လည်းစောင့်ရင်ဘယ်လိုတောင်အိပ်ပျော်သွားလည်းမသိဘူး"
(အိပ်ချင်မူးတူးနဲ့ပြောနေတာချစ်စရာလေး အဲ့ပါးနှစ်ဖက်တော့ဘယ်အချိန်ငါနမ်းမိ အယ်မှားလိူ့ငါညစ်မိတော့မလဲမသိဘူး တကယ့်အသဲယားစရာလေး)
"လာပြန်ကြမယ် ကားပေါ်ရောက်မှဆက်အိပ်"
"ဟုတ်"
"ရေးပါးပါးပြန်လာပြီ ပီတိကပါးပါးကိုစောင့်နေတာ မန်မန်တူတူစားမို့"
"ဟာဟုတ်လား လိမ္မာလိုက်တာခဏနော် ပါးပါးပစ္စည်းတွေသွားထားလိုက်အုံးမယ်"
"ဟုတ်ပါးပါး ပါးပါးကိုမနက်ထဲကမတွေ့လို့ ပီတိကလိုက်ရှာနေတာ"
"ပီတိရေ ခုအိမ်ပြန်လာတာ မင်းပါးပါးတယောက်ထဲမဟုတ်ဘူးနော်ဖေဖေလည်းပါတယ် နည်းနည်းပါးပါးလောက်တော့အဖက်လုပ်ပါအုံး"
"ဟီးဖေဖေကလည်း သားကပါးပါးကိုတွေ့လို့ပျော်သွားလို့ပါ ဖေဖေကိုအဖက်လုပ်ပါတယ်"
"သားငယ်သန့် ဒီနေ့အလုပ်မှာအဆင်ပြေရဲ့လား သားကြီးနဲ့အလုပ်သွားတဲ့လမ်းတူတူပဲလား ကားနဲ့တူတူပြန်လာတာဆိုတော့"
"မေမေရေလမ်းတူတာမဟုတ်ဘူး ကလေးကကျွန်တော့Company မှာအလုပ်ဆင်းနေတာ"
"အော်ဟုတ်လား အာ့ဆိုကောင်းတာပေါ့ညီကိုနှစ်ယောက်တူတူသွားတူတူပြန်လို့ရပြီ ကလေးကိုအနိုင်မကျင့်နဲ့နော် နည်းနည်းပဲလုပ်ခိုင်း နင်သာများများလုပ်"
"အောင်မလေးမပြောတော့ဘူး ဘယ်သူကသားအရင်းလဲတောင်မသိတော့ဘူး တယောက်ကလည်းလာထဲကရှေ့ကဝင်လာတဲ့သူမမြင်ဘူးနောက်ကသူကိုပဲ ပါးပါးနဲ့ မေမေလည်းခုဒီတိုင်းပဲအမပြောတော့ဘူးရေသွားချိုးတော့မယ်😏"
"😂😂😂"
"ဟားဟား ဖေဖေစိတ်ဆိုးသွားပြီ ဟားဟား"
"ပီတိလေး အာဒီတလုပ်လုပ်ပုဇွန်အကြီးကြီးထည့်ထားတာရှယ်ပဲအာ"
"အာ...."
"ကောင်းလားပီတိလေး"
"ဂွတ်ဂွတ် ပါးပါးရှယ်ပဲ"
"အောင်မလေးဖွားဖွားကျွေးမယ်ဆိုတော့မစားဘူးတဲ့ ခုကျ ဂွတ်ဂွတ်တွေရှယ်ရှယ်တွေလုပ်နေတယ် ငါတော့သားငယ်ကိုအားနာနေပြီရေတောင်မချိုးပဲနဲ့ ထမင်းလာဆင်းကျွေးပေးနေရတယ် "
"ဟာ မေမေကလည်းအဲ့လိုမပြောပါနဲ့ သားပီတိနဲ့နေနေရရင်ကိုပျော်နေပြီ သူသားကိုချစ်လို့ပိုတောင်ပျော်သေးတယ် ပြီးတော့သားကရေကိုအိပ်ခါနီးမှချိုးအိပ်တာ ကိစ္စမရှိဘူး"
"အေးပါကွယ် သားအဆင်ပြေရင်ပြီးရော"
"ဟာစားနေကြပြီလား ကို့တောင်မစောင့်ဘူး"
"မစားပါဘူးဗျာ ပီတိလေးကိုကျွေးနေတာပါ"
"ကို ကစတာပါ ဗိုက်ဆာတဲ့အချိန်သာစားမစောင့်နဲ့"
"ပီတိလေးလာနောက်ဆုံးတယောက် ပါးပါးအကြီးဆုံးပုဇွန်နဲ့ ပါးပါးအချစ်တွေထည့်ထားတယ်အကျယ်ကြီးဟ အကုန်ဝင်အောင်လို့ အာ"
"ကောင်းလား နည်းနည်းလောက်စားချင်သေးလား တော်ပြီလား"
"ပါးပါးတော်ပြီ ပီတိဗိုက်တော်တော်ပြည့်နေပြီ"
"😅 အွန်းအွန်း လိမ်မာတယ် လာပါးစပ်သွားဆေးကြမယ်"
"မေမေ ပီတိလေးကခုတော်တော်လေးပျော်လာတယ်နော် မမဆုံးပြီးထဲကသူငြိမ်သွားတာ ခုကလေးရောက်လာမှပဲသူ့ကိုပြုံးပြုံးရွှင်မြင်ရတော့တယ်"
"အေးဟုတ်တယ် မေမေလည်းအဲ့ဒါပြောမလို့ ပီတိက သန့်ကိုတော်တော်ချစ်တာ ပုံမှန်ဆိုသူတစိမ်းကိုစကားတောင်မပြောတာ သန့်ကိုကျချစ်လိုက်တာပြောမနေနဲ့"
"ဟုတ်တယ်မေမေ တော်သေးတယ် သန့်ရောက်လာလို့ ကလေးကိုတော်တော်ကျေးဇူးတင်တယ်"
"အေးအေး မင်းလည်းသူ့ကို သိပ်မစပါနဲ့ သူ့များလည်းငယ်ဘဝကဇာတ်နာခဲ့တာ"
"ဟုတ်သားမေမေသားကို ကလေးအကြောင်းပြောပြပါလားသားလဲမေးမလို့ချိန်နေတာ "
"အေး သူအဒေါ်က#$&*(%$@%&((^#@%^"
"အော်လူတွေများငွေနဲ့ ပတ်သတ်လာရင်တကယ်အံသြဖို့ကောင်းတယ် "
"အားလာ သွားကြမယ်လက်လည်းဆေးပြီးပြီပါးစပ်လည်းဆေးပြီးပြီဆိုတော့အရှေ့ပြန်သွားကြမယ်"
"ဟုတ်ပါးပါး"
"သားငယ်လာ ထမင်းစားမယ် ပီတိကခဏဆော့အုန်းနော်ဖွားဖွားတို့ထမင်းစားလိုက်အုံးမယ်"
"ဟုတ်ကဲ့ဖွားဖွား ပါးပါးလည်းအများကြီးစားနော်"
"ဟုတ်ပါပြီဗျ"
"သားငယ်ထည့်စား"
"ဟုတ်မေမေ"
ထမင်းစားပြီးတော့ပီတိလေးနဲ့ဆော့ရင်း ကဲပါးပါးရေသွားချိုးလိုက်အုံးမယ်နော်
"ဟုတ်"
(အော်ငါဘဝလည်းဆွေမျိုးအရင်းတွေကအမျိုးမျိုးနှိပ်ဆက်လောက် ဒီတစိမ်းမိသားစုကျ ငါကိုဝိုင်းချစ်ပေးကြတယ် နေဖို့လည်းပေးသလို စားဖို့လည်းကျွေးတယ် အလုပ်ကလည်းပညာကြောင့်ရတယ်ဆိုပေမဲ့လည်း သူတို့အလုပ်ပဲဆိုတော့ အလုပ်လည်းပေးတယ်ပေါ့ ငါဘဝရဲ့မိဘတွေပြီးရင်တကယ်ကြီးမားတဲ့ကျေးဇူးရှင်တွေပဲ ကျေးဇူးကိုဘယ်လိုနည်းနဲ့ရရပြန်ဆပ်မယ် ဘုရားသခင်ရယ်ကျေးဇူးတင်ပါတယ် အမှောင်ဘဝထဲကနေမီးထွန်းပေးခဲ့လို့😭😭😭 ရေနဲ့အတူစီးဆင်းသွားတဲ့မျက်ရည်စက်ပေါင်းများစွာ မေမေသားဘဝကြီးတဖြည်းဖြည်းလင်းပါပြီလို့ထင်မယ်မေမေ😭😭😭)
"ဒေါက်ဒေါက် ပါးပါးရေအိပ်ပြီလား"
"ဟင်ပီတိလား ပါးပါးအိပ်သေးဘူးလာပြီဘာလို့လဲ"
"ဟီးပါးပါးကို နမ်းချင်လို့"
"😂 ကယ်နမ်းပါဗျာ ဘယ်လားညာလားဘယ်ဘက်ကိုနမ်းချင်တာလဲ"
"နှစ်ဖက်လုံးအရင်ချီပါးပါး"
"အိုက်ယား ပြီးရင်ပါးပါးပြန်နမ်းမှာနော် Ok"
"Ok 😘😘"
"လာ ပါးပါးအလှည့်😘😘"
YOU ARE READING
ပီတိလေးရဲ့ပါးပါး
RomanceUnicode ပီတိလေး အတွက်အဖေတယောက်အနေနဲ့ရပ်တည်ပြီးပီတိလေးအတွက်အသင့်တော့ဆုံးဖြစ်နိုင်မဲ့အမေဖြစ်လာမဲ့သူကိုလိုက်ရှာနေသော ဖြိုးသီဟလွင် မွေးထဲကအဖေနဲ့အမေဆုံးပြီးအဒေါ်မိသားစုရဲ့အနိုင်ကျင့်သမျှကိုခံရပြီး မေတ္တာငတ်နေတဲ့ အောင်လွင်သန့် တို့ရဲ့အမှောင် ဇာတ်လမ်းလေး...