"ပီတိလေးရေ"
"ရေးပါးပါး ပြန်လာပြီ"
"အားလာပါအုံး ပီတိလေးဘာစားပြီးပြီလည်း"
"မကျွေးရသေးဘူး သားရေမေမေခုမှကျွေးမလို့ ကြက်သားကြော်ထားတယ်"
"အော်ဟုတ်လားမေမေထားလိုက်တော့ခု အကုန်လုံးအပြင်မှာHotpot သွားစားကြမယ်တဲ့ ကိုကိုက"
"အော်သားတို့ပဲသွားကြပါမေမေမလိုက်တော့ဘူး"
"အာမေမေကလည်းတူတူသွားမယ်လေ "
"မလိုက်တော့ပါဘူးသားငယ်ရယ်မေမေနားချင်လို့"
"အော်နားမလို့လား အဲ့လိုဆိုဘာစားမလဲသားတို့အပြန်ဝယ်ခဲ့မယ်လေ"
"မဝယ်ပါနဲ့တော့သားရယ်မေမေခုပဲထမင်းစားတော့မှာ သားတို့ပဲသွားကြ မြေးလေးမဆိုးနဲ့နော် ပါးပါးကျွေးတာကောင်းကောင်းစားခဲ့"
"ဟုတ်ဖွားဖွား"
"ကဲလာ babyသွားမယ် ပီတိလေးက ဖေဖေချီမယ်လာ မေမေသားတို့သွားပြီနော်"
"ယား သွားကြမယ်""Baby ချွေးတွေထွက်နေတာ အပေါ်အကျီချွတ်လိုက်ပါလား လွတ်လွတ်လပ်လပ်စားလေ"
😏
"ညက သွေးစုတ်ဖုတ်ကိုက်ထားတာလေ ချွတ်လိုက်ရင်လူတွေမြင်ကုန်မှာပေါ့ဟွန်း"
"ဟင်ပါးပါးကိုဘာကိုက်တာ "
"ဟမ် အာ့ ပုရွက်ဆိတ် ပုရွက်ဆိတ်ကိုက်တာ ပီတိရဲ့"
"ပြပြပီတိလေးဖွဖွလုပ်ပေးမယ်"
"ရတယ်ပါးပါးနာတော့ဘူးပျောက်သွားပြီ ပီတိလေးစားစား ပုဇွန်လေးလဲစားရော့"
"ဟားဟား"
"ရီမနေနဲ့ စား"
"ဟား""Baby ပြီးရင်ကားပတ်မောင်းရအောင်"
"အွန်းမောင်းလေ Babyလည်းတော်ပြီ ပီတိလေးလည်းဝပြီမို့လား"
"ဝပြီပါးပါး ဗိုက်ပြည့်ပြီ"
"ကဲအာ့ဆိုသွားကြမယ်"" Baby အိပ်သွားပြီလားပီတိလေးက"
"အွန်း "
"ကိုလေ Babyနဲ့တူတူ မဂ်လာပွဲလေးလုပ်ပြီး မိသားစုပုံစံလေးနေချင်တာ babyဘယ်လိုသဘောရလဲ"
"ဟင် ကိုကိုကအဲ့လိုမျိုးလုပ်ချင်လုပ်လားဒီတိုင်းလဲ တူတူနေတာပဲကို"
"မတူဘူးလေ Babyကလည်း အားလုံးကို Baby က ကို့ရဲ့လက်တွဲဖော်ဆိုတာအားလုံးကိုအသိသက့်သေထားပြီး အားလုံးရှေ့ကပဲ Babyကိုပိုင်ဆိုင်ကြောင်းသက်သေထားချင်တာ"
"အင်းအဲ့လိုဆိုလည်း ဟိုလိုအကြီးကြီးမဟုတ်ပဲသေးသေးလေးပဲ ဘုန်းကြီးဆွမ်းကပ်ပြီးတော့အလှူလေးလုပ်ကြတာပေါ့ ကိုကိုကလက်မှတ်ထိုးစေချင်ရင်လည်းထိုးကြမယ်လေ"
"Yes ဟုတ်ပြီ ကျေးဇူးပါ မွမွ "
"ဖြေးဖြေး ပီတိနိုးသွားမယ်""ကိုဖြိုးရေ ဘုန်းဘုန်းကြွလာပြီ လာကြတော့"
မနက် ၄နာရီဘုန်းဘုန်းဆီကတရားနာ အာရုံဆွမ်းကပ်ပြီးတော့ ၁၀ နာရီ မဂ်လာလက်မှတ်ထိုးကြပြီးတော့ ဧည့်သည်တွေဧည့်ခံ နေခင်းစာကျွေးပြီး ဧည့်သည်တွေကုန်သလောက်ရှိမှပဲ Babyကိုဂရုစိုက်နိုင်တော့တယ် Babyနဲ့ကိုနဲ့မဂ်လာဆောင်သာပြောတယ် နှစ်ယောက်သားပင်ပန်းလိုက်တာ
"Baby ပင်ပန်းနေပြီလား"
"မပင်ပန်းပါဘူးကိုကိုရယ် ကိုကိုသာBabyထက်ပင်ပန်းနေတာ ပီတိလေးရော"
"မေမေနဲ့အိမ်ရှေ့ထွက်သွားပြီ"
"ကဲ သတိုးသားလေးတွေမောနေပြီလား ဒီမှာ လိမ္မော်ဖျော်ရည်လေးသောက်ကျ မမတို့လည်းပြန်တော့မယ်နော်ဧည့်သည်တွေလည်းကုန်သလောက်ရှိပြီဆိုတော့ သူဌေးညီမတို့ပြန်ပြီနော် "
"ဟုတ်ကဲ့ကျေးဇူးပါ မမတို့ကူပေးလ်ု့မဟုတ်မလွယ်ဘူး ကိုကို့ကိုသေးသေးလေးလုပ်ပါဆိုမှ ဖိတ်ထားလိုက်တာ တမြို့လုံးလူအကုန်လားမှတ်ရတယ်"
"မဟုတ်ပါဘူး Babyရယ် ကိုက Babyကကို့အပိုင်ဆိုတာသိစေချင်ရုံပဲ"
"တော်ပါ ပင်ပန်းလိုက်တာဟူး"
"လာလာကိုကိုနိုပ်ပေးမယ်"
"အဟမ်းညီမတို့ပြန်ပြီနော် သူဌေး"
"အေးကျေးဇူးပါ ညီမတို့ရေ Babyကိုဂရုစိုက်တာနဲ့မေ့သွားတာသွားသွား""Baby လေးရော့နွားတို့လေးသောက်လိုက် ပူပူလေး"
"သောက်ချင်တော့ဘူးကိုကိုရာ ပီတိလေးခေါ်လာတော့လေ Babyထတော့ဘူး ပီတိလေးသိပ်ရင်းအိပ်တော့မယ်"
"ပီတိလေးကဒီနေ့ မေမေနဲ့အိပ်မှာလေ ဒီနေ့ကကိုတို့ရဲ့ ဘာနေ့လဲ"
"သိဘူးဖယ်အိပ်တော့မှာ"
"မဖယ်ဘူးရော့နွားနို့သောက်လိုက်မဟုတ်ရက်Baby မခံနိုင်ဖြစ်သွားမယ် မနက်ကလည်းပင်ပန်းထားတာခုလည်းပင်ပန်းအုံးမှာဆိုတော့"
"ကိုကိုနော် သွားအိပ်တော့မှာ ဖယ်"
"မဖယ်ပါဘူးBabyက ကို့ကဒီနေ့ရောက်ဖို့ကိုစောင့်နေရတာ HotelမှာနေပြီးထဲကBabyက အကပ်မခံတော့တာလေ ဒီနေ့တော့မရတော့ဘူး"
"ဖယ်နော် ကိုကိုအွန်းးးး အင့် အင့်"
"ကိိုကို အသက်ရူကျပ်လိုက်တာသေတော့မယ်ဘယ်လိုဖြစ် "
"ခဏထရော့နွားနို့သောက်လိုက်ပြီးမှဆက်မယ် လိမ္မာတယ်ထ"
🥛
"အွန်းအွန်း......အာ့ကိိုကိုဖြေးဖြေး"
မနက်ကပင်ပန်းထားလို့ဆိုပြီး နွားနို့လေး၁ခွက်တိုက်ပြီး တညလုံးမအိပ်ရအောင် ကိုဖြိုးသီဟတို့ Babyကို ချစ်လိုက်ပါပြီ
မနက်ကျရင်တော့ ကပ်ကပ်လန်ရန်တွေ့မဲ့ Babyနဲ့ အိမ်ထောင်သည်ဘဝကိုစပြီးနေရတော့မှာဖြစ်ပါတယ်
The End
အားလုံးကိုကျေးဇူးတင်ပါတယ်
YOU ARE READING
ပီတိလေးရဲ့ပါးပါး
RomanceUnicode ပီတိလေး အတွက်အဖေတယောက်အနေနဲ့ရပ်တည်ပြီးပီတိလေးအတွက်အသင့်တော့ဆုံးဖြစ်နိုင်မဲ့အမေဖြစ်လာမဲ့သူကိုလိုက်ရှာနေသော ဖြိုးသီဟလွင် မွေးထဲကအဖေနဲ့အမေဆုံးပြီးအဒေါ်မိသားစုရဲ့အနိုင်ကျင့်သမျှကိုခံရပြီး မေတ္တာငတ်နေတဲ့ အောင်လွင်သန့် တို့ရဲ့အမှောင် ဇာတ်လမ်းလေး...