At home
"ရေးပါးပါးတို့ပြန်လာပြီ"
"ယား ပီတိလေး မန်မန်စားပြီးပြီလား"
"ဟုတ် ပါးပါး လည်ပင်းအကောင်ကိုက်သွားတာလား နီနေတယ်"
"ဟမ် လည်ပင်း"
ကျွန်တော်နောက်ကိုလှမ်းကြည့်တော့ ဟိုလူကြီးကရီနေတယ် ကျွန်တော်လည်းမျက်စောင်းထိုးပေးလိုက်တယ်
"အွန်းဟုတ်တယ် ပါးပါးကိုအကောင်ကိုက်သွားတာ"
"သားငယ် ဘာကိုဘာကောင်ကိုက်သွားတာလဲ မျက်လုံးတွေလည်းဖောင်းလို့ ငိုထားတာလား"
"ဗျာ အဟမ်းဟိုဟာလေ မေမေ ပုရွက်ဆိတ်ကိုက်သွားတာ ခုသက်သာသွားပြီ"
အနောက်က ဟိုလူကြီးကဝင်မပြောပဲနဲ့ကြိတ်ရီနေတယ် နောက်တခါ လက်သီးပဲရမယ် ဟွန့်
"သားကြီး မင်းငါ့နောက်လိုက်ခဲ့ သားငယ်သွားနားတော့"
"ဗျာမေမေ သား....."မေမေ နားရွက်ဆွဲပြီးပြီခေါ်သွားတာ ကောင်းလိုက်တာ
"သားကြီးမေမေ မင်းကို သားငယ်ကိုအနိုင်မကျင့်ဖို့ပြောထားတယ်နော်"
"သားမလုပ်ပါဘူးမေမေရယ်"
"မလုပ်ပဲနဲ့ ကလေးကငိုမလား"
"မဟုတ်ပါဘူး မေမေရယ် Babyပါသာအထင်လွှဲပြီးငိုတာ သားရှင်းပြလိုက်တော့ခုအဆင်ပြေသွားပြီ ပြီးတော့မေမေလည်း ရိမ်မိမယ်ထင်ပါတယ် သားသဘောကျနေတယ် ယောကျာ်းလေးဆိုတာ Babyပဲ မေမေ မေမေအတွက်အဆင်ပြေလား "
"မေမေ သားမပြောခင်ထဲကမေမေသိတယ် ဒါမဲ့ မင်းသားငယ်ရဲ့ ဆုံးဖြတ်ချက် ရွေးချယ်မှုကိုလက်ခံရမယ်နော် သားကိူငြင်းလည်းလက်ခံနိုင်ရမယ်"
"စိတ်မပူနဲ့ မေမေသားကိုမငြင်းဘူး ညနေကတောင် သူ့ကို ပစ်ထားတယ်ထင်ပြီး ဝမ်းနည်းနေတာဟီး"
"ငါမနိုင်ဘူး သွားတော့သွား ပီတိလေးရှေ့မှာတော့ မတော်တရော်တွေမလုပ်မိစေနဲ့ ကြားလား"
"ဟုတ်မေမေ 😊""ဒေါက် ဒေါက် Babyကိုဝင်လာမယ်နော်"
"နွားနို့လေး သောက်လိုက် အိပ်ပျော်အောင်လို့ ငိုထားတာခေါင်းကိုက်မှာဆိုးလို့"
"ပေး ရပြီသွားတော့"
"ဟာဘာလို့လဲ စိတ်ဆိုးနေတာလား ကို့ကိုပြောဘာလို့လဲ"
"ဒီမှာလေ ရဲနေတာပဲ ဘယ်လိုလုပ်ရမှာလဲ"
"ဟား ကို့ကရဲအောင်လုပ်ထားတာလေ စိတ်မပူနဲ့ အရောင်မိန့်သွားရင် နောက်တခါထပ်လုပ်ပေးမယ် Babyမှာ ပိုင်ရှင်ရှိကြောင်းပြောထားတာလေ Babyက ကို့အပိုင်ပဲ"
"ကိုဖြိုး ရူးသွားတာလား"
"ဟုတ်တယ် Babyနဲ့ပတ်သတ်ရင် ကိုအသေးစိတ်ကအစရူးတယ် Baby တယောက်ထဲဖြစ်နေလို့ မနေတက်ရင် ကို့ကို ပြန်လုပ်ပေးလို့ရတယ်နော် စိတ်မဆိုးဘူး"
"ဟွန်းနစ်နာသွားအုံးမယ် ရပြီပြန်တော့ အိပ်တော့မယ်"
"Good Night Kiss"
"အင့်.......ပြွတ်.....အင်းးး"
"အားကို နွားနို့ကိုအဲ့လောက်အရသာရှိမယ်လို့မထင်ထားဘူး နောက်တခေါက်လောက်"
နမ်းရင်းနဲ့အရှိန်ရလာတော့ ကျွန်တော်Babyပေါ်လဲချလိုက်ပြီး ဆက်နမ်းနေလိုက်တယ်
Baby လည်းတော်တော်လေး နမ်းတက်လာပြီ တခါတခါဆို Babyလျှာလေး ကျွန်တော့်ပါးစပ်ထဲရောက်ရောက်လာတယ်
"အင့်......."
နှစ်ယောက်လုံးအသက်ကိုမနည်းလုရှုနေရတယ်
"အရမ်းချစ်တယ်Baby Good Night"
"အင်း Good Night"
"ကို့ကို ချစ်တယ်လို့ပြန်ပြောလေ"
"ခဏခဏBaby ပြောမှာမဟုတ်ဘူး ဒါပေမဲ့ Babyကို့ကိုအမြဲချစ်နေမှာပါ "
"အင်း မွ ကိုသွားပြီ ကို့အခန်းထဲအိပ်ချင် လာခဲ့နော် အမြဲတန်းတံခါးဖွင့်ထားတယ်"
"မလာဘူး သွားတော့"
ကျွန်တော်အိပ်ဖို့စောသေးတော့ စာအုပ်ထိုင်ဖတ်နေတုန်း ဖုန်းဝင်လာတယ်
"ဒီအချိန်ကြီး ဘယ်သူဆက်တညလဲမသိဘူး"
"ဟယ်လို "
"ဖြိုး ဆောင်းပါ ဆောင်းစကားနည်းနည်းလောက်ပြောချင်လို့"
"အော်ဟုတ်ပြောပါခမျှ"
" ဆောင်းက USမှာ နေလာတာကြာပြီဆိုတော့ ဆောင်း ဒဲ့ပဲပြောလိုက်တော့မယ် ဆောင်းလေ ဖြိုးကို သဘောကျတယ် အရမ်းလဲချစ်တယ် ဆောင်းဖြိုးနဲ့ပတ်သတ်လာရင် အရာရာအားလုံးလက်ခံပေးမယ် ပီတိလေးအတွက်ပါမိခင်ကောင်းတယောက်ဖြစ်ဖို့အာမခံပေးပါမယ် ဖြိုးBlind Dateတွေလုပ်နေတယ်ဆိုတာဆောင်းသိတယ် ဖြိုးလိုချင်တဲ့အလျက်တွေအားလုံးဆောင်းလက်ခံပါမယ်"
"ဗျာ တောင်းပန်ပါတယ် မဆောင်းရတီ အရင်ကBlind Dateတွေလုပ်ခဲ့တာမှန်ပေမဲ့ အခုကျွန်တော့်မှာ ချစ်ရတဲ့သူရှိနေပြီဗျ ကျွန်တော်သူ့ကိုပဲဘဝလက်တွဲဖော်အဖြစ်ရွေးချယ်သွားဖို့ စီစဥ်ထားတာဗျ"
"ဖြိုးပြောတဲ့ချစ်ရသူဆိုတာ ဟိုအိမ်မရှိတဲ့ စာရင်းကိုင်ကောင်လေးတော့မဟုတ်ပါဘူးနော်"
"ဟုတ်ပါတယ် အောင်လွင်သန့်ပါ ပြီးတော့သူ့များအိမ်မရှိတာမဟုတ်ဘူး ကျွန်တော့်ရဲ့ပိုင်ဆိုင်မှု တွေအားလုံးကသူပိုင်တာပါ စကားပြောတာလေးနည်းနည်းလောက်ဆင်ချင်ပေးပါ မဆောင်းရတီ"
"အော် ဆောင်းကအဲ့သဘောမျိုးပြောတာမဟုတ်ပါဘူး သူကအရင်ကအဆောင်မှာနေတာလေ အဲ့ဒါကြောင့်မေးလိုက်တာပါ ပြီးတော့သူကိုရွေးချယ်လိုက်ရင် ပီတိလေးအတွက်စိတ်မကောင်းစရာပဲ မိခင်မေတ္တာဆိုတဲ့အရသာကို သိပ်ခံစားရမှာမဟုတ်ဘူး ဆောင်းလည်းငယ်ငယ်ထဲက မာမီဆုံးထားတော့ အမေမရှိတဲ့ခံစားချက်ကိုခံစားဖူးတော့ ဆောင်း ဖြိုးကိုသေချာစဥ်းစားဖို့ပြောချင်ပါတယ်"
"ကျေးဇူးပါဗျ သားအတွက်စိတ်ကူပေးလို့ ဒါပေမဲ့ ပီတိလေးအတွက်တော့ သူ့ပါးပါးက သူ့အတွက်ကျွန်တော်ထက်တောင်အရေးပါသေးတယ် အဲ့ဒါကြောင့်မို့လို့ အရမ်းစိတ်မပူပါနဲ့ကျေးဇူးပါဗျ"
"အင်းပါ ဆောင်းကစေတနာနဲ့ပြောပြတာပါ ယြအရာရာအားလုံးကဖြိုးရဲ့ရွေးချယ်မှုပဲလေ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်ဖြိုးအာ့ဆိုဒါ.....တီတီ"
"Baby ကိုများအိမ်မရှိတဲ့ကောင်လေးဆိုပဲ တောက်"
"အင့် ပါးပါး"
"ကျွတ်ကျွတ် သားသားအိပ်အိပ် ဖေဖေရှိတယ် အိပ်"
"အင်း...."
"ဖေဖေ ရွေးချယ်မှုမှန်ကန်တယ်လို့ ဖေဖေထင်တယ် မင်းပါးပါးကပဲမင်းကိုအကောင်းဆုံးနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ မေတ္တာတွေပေးမယ်လို့ဖေဖေယုံကြည်တယ် ပြီးတော့ သားကိုတိုင်ပဲ သားပါးပါးကို ရွေးချယ်ပြီးအိမ်ပေါ်ခေါ်လာခဲ့တာ ဖေဖေဆုံးဖြတ်ချက်မှန်တယ် ဘယ်တော့မှနောင်တရမှာမဟုတ်ဘူး"
To be Continued
![](https://img.wattpad.com/cover/259906797-288-k812476.jpg)
YOU ARE READING
ပီတိလေးရဲ့ပါးပါး
RomanceUnicode ပီတိလေး အတွက်အဖေတယောက်အနေနဲ့ရပ်တည်ပြီးပီတိလေးအတွက်အသင့်တော့ဆုံးဖြစ်နိုင်မဲ့အမေဖြစ်လာမဲ့သူကိုလိုက်ရှာနေသော ဖြိုးသီဟလွင် မွေးထဲကအဖေနဲ့အမေဆုံးပြီးအဒေါ်မိသားစုရဲ့အနိုင်ကျင့်သမျှကိုခံရပြီး မေတ္တာငတ်နေတဲ့ အောင်လွင်သန့် တို့ရဲ့အမှောင် ဇာတ်လမ်းလေး...