ဒီနေ့တော့သန့် ဘဝမှာအခိုင်မာဆုံးနဲ့ ဆုံးဖြတ်ချက်တခုချလိုက်တယ် အဲ့ဒါဘာလဲဆိုတော့ သန့်ကိုမွေးပြီးမေမေကတခါထဲဆုံးသွားတယ်တဲ့ ဖေဖေကလဲဆေးရုံလာရင်းလာမှာ accident ဖြစ်ပြီးဆုံးသွားတယ်တဲ့ အဲတော့သန့်ကမိဘမဲ့ဖြစ်နေလို့ဆိုပြီဒေါ်လေးတို့ကမွေးစားခဲ့တယ်. သန့်သိတက်စအရွယ်ကစပြီး ကျွန်တော့ကိုကျွန်တယောက်လို့ပဲ ဆက်ဆံခဲ့ကြတယ် ။
ခုချိန်ထိလဲသူတို့ပြော သလိုနေခဲ့ရတယ် သူတို့ကျွေးတာစားခဲ့ရတဲ့သန့် ကျောင်းကိုလဲပတ်ဝန်းကျင်ကပြောမှာဆိုးလို့သာသူတို့ထားပေးကြတာ သန့်ကို တခါမှစာကျက်ချိန်မပေးခဲ့ဘူး ။
ဘာလိုလဲဆိုတော့ ဒေါ်လေးသားကိုပြည့်ထက်ကျွန်တော်ကပိုတော်မှာဆိုးလို့တဲ့။
ဒီလို့နဲ့ကျွန်တော်သီးခံပြီးနေလာတာ မနေ့က ပဲ ဘွဲ့ယူခဲ့တယ် B.comနဲ့ ဒီနေ့တော့အားလုံးထမင်းစားနေတဲ့အချိန်ကျွန်တော်ထပြောလိုက်တယ်
"ဒေါ်လေးနဲ့ဉီး ကျွန်တော်အိမ်ပေါ်ကဆင်းတော့မယ် ကျွန်တော်ဘာသာဘဲရပ်တည်ချင်လို့ပါ ။ကျွန်တော်ကိုလွတ်လပ်ခွင့်လေးပေးဖို့တောင်းဆိုပါတယ်။ကျွန်တော့်ကိုဘွဲ့ရတဲ့အထိကျောင်းထားပေးလို့ကျေးဇူးတင်ပါတယ်။ ကျွန်တော်မေမေတို့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုလဲဒေါ်လေးတို့ကိုအပ်ပါတယ် ။ကျွန်တော့ကိုကျေးဇူးပြုပြီးထွက်သွားခွင့်လေးပေးပါ။"
"ဘာနင်ကမနေ့ကမှဘွဲ့ရတာခုတော့ ထွက်သွားမယ်ပေါ့တသက်လုံးကျွေးထားတဲ့မျက်နှာကိုမှမထောက် နင်ကငါတို့ကိုလုပ်ကျွေးရမှာဆိုးလို့လား အောင်မလေး ငါတို့ကလဲ မမျှော်လင့်ပါဘူး နင့်ရဲ့လုပ်စာကို ကြိုက်တဲ့အရပ်ကိုထွက်သွား ဒါပေမဲ့နင်ပြောတဲ့အတိုင်းလွှဲပြောင်းမှုစာချုပ်မှာလက်မှတ်ထိုးခဲ့ ပြီးရင်တော့အိမ်ဘက်ကိုခြေဉီးတောင်လှည့်မလာခဲ့နဲ့ "
(သန့်မေမေရဲ့လုပ်စာနဲ့တမိသားစုလုံးထိုင်စားနေပြီးတော့ သန့်ကိုတင်ကျွေးထားတာတဲ့ သူခိုးကလူပြန်ဟစ်တယ်ဆိုတာဒါမျိုးနေမှာ ဘာပဲကဖစ်ဖြစ်ပါသန့်ခုသူတို့နဲ့ အပြတ်ကင်းဖို့ပဲဆုံးဖြတ်ထားတယ်)
"ဟုတ်ကဲ့ဒေါ်လေးသန့်ကျေးဇူးတင်ပါတယ်""ဟူး ငါလုပ်နိုင်ခဲ့ပြီ ခုတော့ ဟိုနေက ပြောထားခဲ့တဲ့အဆောင်ကိုအရင်ဆုံး ပစ္စည်းတွေရွှေ့ရမယ်။
တော်သေးတယ် တဣသိုလ်စတက်ထဲကပိုက်ဆံလေးခိုးခိုးစုမိလို့"
Phone ring.......
"Hello"
"ဟုတ်ကဲ့ မဂ်လာပါ ကိုအောင်လွင်သန့်လားရှင့်"
"ဟုတ်ကဲ့ဘယ်သူလဲမသိဘူး"
"ကျွန်မက Light company ကပါ အကို Interview ဖြေထားတာ Accountant အတွက်လေ အဲ့ဒါinterviewအောင်လို့ Select လုပ်ခြင်းခံရလို့ အကြောင်းကြားတာပါ"
"ဗျာ"
"ဟုတ်ကဲ့ အကိုအနေနဲ့ဒီလကုန်အလုပ်ဆင်းလို့အဆင်ပြေမလားရှင့်"
"ဟုတ်ကဲ့ပြေ ပြေပါတယ်"
"ဟုတ်ကဲ့ ကျွန်မတို့ဘက်က Confirmလိုက်ပြီနော် အသေးစိတ်ကို mail ကနေပို့လိုက်ပါမယ်ရှင့်"
"ဟုတ်ကဲ့ကျေးဇူးပါ"
အလုပ်ရပြီတဲ့ မေမေရေသားပျော်လိုက်တာဗျာ
မေမေရှိရင်လဲပျော်မှာဘဲနော်
"(ဟို ကလေးလေး ကကောင်းကင်ကြီးကြည့်ပြီးငိုနေတာအိမ်မပြန်တက်လို့များလား)"
"ဟိတ်ကလေး အိမ်မပြန်တက်လို့လား ကိုကြီး လိုက်ပို့ပေးရမလား"
"ဘာကလေးလဲဗျ ကျွန်တော့အသက်၂၁နှစ်ရှိပြီ ဘွဲ့လဲရပြီ အလုပ်လဲလကုန်ရင်ဆင်းရတော့မှာ ဘာကလေးလဲ ဟွန့်"
"ဟော့ဗျာကလေးနဲ့တူလို့ကလေးလို့ခေါ်တာအပြစ်လား ကလေးကငိုနေတော့ ကိုကြီးကမေးကြည့်တာပါ ဒါနဲ့အိမ်မပြန်တက်လို့က ဟိုကြည့်ဒီကြည့်နဲ့ငိုနေတာ"
"ဘာကိစ္စ မပြန်တက်ရမှာလဲ သန့်ဘာသာငိုချင်ငိုမယ်ရီချင်ရီမယ်ခများအပူမပါဘူး"
"အေးပါငါ ငါကိုကလျှာရှည်တာသွားပြီ ကလေး မငိုနဲ့တော့"
"ဟာဒီလူကြီးကလေးမဟုတ်ဘူးဆိုမှပဲ ခဲနဲ့ကောက်ထုမြှဖင့်"
ပျော်လိုက်တာ ခုတော့ အလုပ်လဲရှိပြီ လွတ်လွတ်လပ်လပ်လဲနေလို့ရပြီဟူး"ဖြိုးသီဟ နင်ပြန်လာသေးတယ်ပေါ့ ဒီကလေးသေးသေးလေးနဲ့ ငါဘယ်လောက် ဒုက္ခရောက်တယ်မှတ်လဲနင်အဲ့လိုတွေလျှောက်လုပ်နေနဲ့ ငါဘာသေလိမ့်မယ်"
"ဟာမေမေရာသားဘာလုပ်လို့လဲ သားလက်ထပ်မဲ့မိန်းကလေးလိုက်ရှာနေတာလေ"
"ဟဲ့ နင်အဲ့လိုပုံစံနဲ့လိုက်ရှာမှတော့ဘယ်မိန်းကလေးကယူမှာလဲ"
"ဟာကွာ ဘာလို့အဲ့လိုမိန်းကလေးမျိုးကရှားတာလဲဘာများတောင်းဆိုမိလို့လဲ
ပီတိလေးအတွက်အမေတယောက်လိုဖြစ်ရမယ် နောက်ထပ်ကလေးထက်မယူရဘူး အပြင်မှာအလုပ်မလုပ်ရဘူး ပီတိလေးနဲ့ မေမေအတွက်စားကောင်းသောက်ဖွယ်ချက်နိုင်ရမယ် ငါအလုပ်ကိုဝင်မပါရဘူး ဒါပဲလေ"
"အေးငါသေရင်တောင်နင်တွေမှာမဟုတ်ဘူး"
"တော်ဘာတော့မေမေရယ် နမိတ်မရှိ"
"အေးမနက်ဖြန်နင့် အမ၉လပြည့်ဘုရားသွားမလို့ လိုက်ခဲ့ပါလား"
"ဟာမနက်ဖြန်မရဘူးမေမေ မနက်ကျော်ကြီးတို့ကသားပြောတဲ့အတိုင်းနေနိုင်မဲ့ကောင်မလေးနဲ့မိတ်ဆက်ပေးမယ်တဲ့ သားသွားတွေ့ရမယ်"
"အေးနင် ဒီ၉လအတွင်းမှာနင်ဘဝကိုနင်ပြန်တွေးအုံး နင်လုပ်နေတာတွေ အဓိပ္ပာယ် ရှိရဲ့လားလို့"
"ရှိတာပေါ့မေမေရယ် သားတူလေးအတွက် ကျွန်တော်ကအဖေတာဝန်ယူနိုင်ပေမဲ့ အမေတာဝန်မယူနိုင်လို့ ယူနိုင်မဲ့သူလိုက်ရှာနေတာလေ"
"ငါစိတ်ညစ်တယ် ဖြိုးသီဟရယ်"ပထမဆုံး မို့ သီးခံပေးကြပါ။
YOU ARE READING
ပီတိလေးရဲ့ပါးပါး
RomanceUnicode ပီတိလေး အတွက်အဖေတယောက်အနေနဲ့ရပ်တည်ပြီးပီတိလေးအတွက်အသင့်တော့ဆုံးဖြစ်နိုင်မဲ့အမေဖြစ်လာမဲ့သူကိုလိုက်ရှာနေသော ဖြိုးသီဟလွင် မွေးထဲကအဖေနဲ့အမေဆုံးပြီးအဒေါ်မိသားစုရဲ့အနိုင်ကျင့်သမျှကိုခံရပြီး မေတ္တာငတ်နေတဲ့ အောင်လွင်သန့် တို့ရဲ့အမှောင် ဇာတ်လမ်းလေး...