တီတီတီ နိုးစက်လေးကိုပိတ်ပြီး ကိုဖြိုးတယောက် ပီတိလေးကိုနမ်းလိုက်တယ် မမသာရှိရင်သူ့သားလေးကိုတော်တော်ချစ်မှာ😔
အလုပ်သွားဖို့ပြင်ပြီးအောက်ဆင်းလာတော့
မေမေက"ကိုဖြိုးရေလာ သန့်မနက်စာလုပ်သွားတယ် စားပြီးမှအလုပ်သွားလိုက်"
"ဟုတ်မေမေ ဒါနဲ့ အဲ့ကလေးကော"
"သန့်ကအလုပ်သွားပြီ ဒီနေ့ပထမဆုံးစမှာမို့လို့တဲ့ စောစောသွားမယ်လို့ပြောသွားတယ်"
"အော်ဟုတ်မေမေအာ့ဆ်ုသားလည်းသွားတော့မယ် ပီတိတော့မနိုးသေးဘူးမေမေ ညကစကားတွေပြောနေတာသားကို သူ့ပါးပါးအကြောင်းပြောမယ်ဆိုပြီးပြောနေတာမရပ်ဘူး မနဲပြောပြီး အိပ်ခိုင်းရတယ် ခုတော့မထနိုင်ဘူးအိပ်နေတာ သိုးလို့"
"အေးပါအေးပါ ဂရုစိုက်သွားအုံး"
အလုပ်ရောက်တော့ ရုံးခန်းထဲပြီး Schedule ကြည့်တော့ အော်ဒီနေ့ Company ကိုလူအသစ်တွေခေါ်ထားတာ သူတို့နဲ့ Meeting ရှိတာပဲ
နန်းခင်ကိုဖုန်းဆက်ခေါ်လိုက်ပြီး
"နန်းခင် လူအသစ်တွေစုံပြီလား စုံရင်Meeting စမယ် "
"အော်ဟုတ် သူဌေး စုံပြီရှင့် နန်းခုပဲ Meeting စဖို့စီစဉ်လိုက်မယ်"
"Ok"
"အားလုံးပဲ မင်္ဂလာပါနော် အကိုက Light Company ရဲ့ CEO ပါ"
"ကိုဖြိုး"
"ကလေး ကဘယ်လိုလုပ် အဟမ်း"
"သူဌေးသူက Accountant position အတွက်ခေါ်ထားတဲ့ သူပါ သူဌေးနဲ့အသိတွေလားရှင့်"
"အေးဟုတ်တယ် ကလေးနဲ့နောက်မှပြောမယ် အကိုတို့ Meeting ရှေ့ဆက်ရအောင်"
"အကိုတို့ခုလူထပ်ခေါ်တာက နောက်ထပ် Branch အသစ်တတခုဖွင့်ဖို့အတွက်လူလ်ု့လို့ပါ အာ့ကြောင့် ခုမင်းတို့ကျရာရာထူးမှာ အကိုတွေအမတွေဆီက သင်ယူပြီးတော့ Branch အသစ်မှာ အကောင်းဆုံးလုပ်နိုင်ဖို့မျှော်လင့်ပါတယ်"
"ဟုတ်ကဲ့ပါရှင့် ဟုတ်ကဲ့ပါသူဌေး"
"ကဲအာ့ဆို Meeting ပြီးပြီ ကလေးမင်းခဏနေခဲ့အုံး"
"😈ခများသေမို့ ကလေးကလေးလာခေါ်နေတာလားဗျ"
"ဟာအလုပ်ရှင်ကိုအဲ့လိုအော်ရတယ်လ်ုဘယ်သူသင်ပေးတာလဲ ကလေးမို့ကလေးခေါ်တာကို"
"ကိုဖြိုးမနောက်နဲ့ဗျာ အလုပ်မှာတော့ကလေးလီု့မခေါ်ပါနဲ့ဗျာ ကျွန်တော့တောင်းပန်ပါတယ် ခများမျက်နှာမပူပင်မဲ့ သန့်ပူတယ်"
"Ok ok သနားလီု့လျော့ပေးလိုက်မယ် အာ့ဆိုကိုကဘယ်လိုခေါ်ရမှာလဲ"
"သန့်လိုခေါ်လေ အဲ့လိုဆိုရတယ်"
"Ok"
"ဟဲ့ယွန်းဒီနေ့ရောက်လာတဲ့ထဲက ဆံပင်ရှည်ရှည်နဲ့ကောင်မလေးက Perfect Companyသူဌေးရဲ့သမီးတဲ့သိလား ပုံစံကြည့်ရတာတော့အကြောကြီးနဲ့ပုံပဲ"
"အေးနော်ငါလည်းသူ့ကိုကြည့်နေတာ အကြီးတွေကိုကြည့်တဲ့ပုံစံက တမျိုးပဲ"
"သူကဒီကိုဘာလာလုပ်တာလဲ"
"သူက Foreign ကပြန်ရောက်ပြီးတော့ ဒီမှာ လုပ်ငန်းသဘောလေ့လာချင်လို့တဲ့ နောက်လလောက်အလုပ်လာဆင်းမယ်ပြောတာကြားတာဘဲ"
"အေးသူဌေးသမီးဆိုတော့လည်းအဲ့လောက်တော့ရှိမှာပေါ့ဟယ်"နေ့ခင်းရောက်တော့
"သူဌေးနေ့လည်စာဘာစီစဉ်ပေးရမလဲရှင့် "
"ရတယ်အပြင်ပဲထွက်စားလိုက်မယ်"
"ကလေးနေ့လည်စာအပြင်မှာသွားစားရအောင်"
😒"အဲ့လိုမခေါ်ဘာနဲ့ဆိုမှပဲ ပြီးတော့ ကျွန်တော့မှာထမင်းချိုင့်ပါလားတယ်ဒီမှာပဲစားလိုက်တော့မယ် တော်ကြာဒီနေ့မှ အလုပ်ဆင်းတာအပြင်ထွက်စားလို့ပြောမှာဆိုးလို့"
"ကိုကဒီ Company မှာသူဌေးပါနော် လာသွားမယ်"
"ခဏနေပါအုံး ကျွန်တော် ထမင်းချိုင့်လေးယူလိုက်အုံးမယ် မစားဖြစ်ရင်သမျောစရာကြီး"
"မင်းဘာစားမလဲမှာလိုက်"
"သန့်က ချိုင့်ပါတယ်လေအာ့ပဲစားမှာကိုဖြိုးသာစားချင်တာမှာလိုက်"
"မဟုတ်ဘူးလေ ချိုင့်ထဲကဟာလည်းစား ကိုလည်းစားမှာစိတ်မပူနဲ့ တခြားထပ်မှာဖို့ပြောတာ"
"ကိုဖြိုးပဲမှာလိုက်တော့ကျွန်တော်ကအပြင်စာသိပ်မစားဖြစ်တော့ဘယ်ဟာကောင်းလဲမသိဘူး"
"Ok ညီလေးမာလာဟင်း ၁ပွဲ ကြက်ကြော်၁ပွဲ%#^#&&@%^"
"ဟာအများကြီးပဲ"
"စားပါ များများစားမှကြီးလာမှာ ကလေးလို့အခေါ်မခံချင်ရင်များများစား"
😏😏😏
"ဘယ်လိုလဲ စားလို့ကောင်းလား"
"မိုက်တယ်ရှယ်ပဲ ဗိုက်ကိုတင်းနေရောပဲ😅"
"အာ့ဆိုရုံးပြန်ရအောင် ညနေကျတူတူပြန်မယ်နော် ကိုမပြီးသေးရင်ခဏစောင့်ပေး Okလား"
"Ok တာပေါ့ Bus တိုးစီးစရာမလိုတော့ဘူး""မောင်လေးနဲ့ သူဌေးနဲ့ကအမျိုးတွေလား"
"မဟုတ်ဘူးအမ ကျွန်တော်က ကိုဖြိုးတို့အိမ်က ခဏနေနေတာ ကျွန်တော်မြှပသနာလေးနည်းနည်းရှိလို့ ဘာဖြစ်လို့လဲအမ"
"အော်မဟုတ်ပါဘူး သူဌေးကတော်ရုံလူတွေနည်းရင်းရင်းနှီးနှီးသိပ်မနေဘူးစကားတောင်မလို့အပ်ဖူးထင်ရင် သိပ်မပြောဘူး မောင်လေးနဲ့ကျ တအားရင်းနှီးတဲ့ပုံပေါက်လို့ မေးကြည့်တာပါ"
"အော်ဟုတ်လား"(အောင်မလေးငါ့က လိုက်စနေတာပြောမနေနဲ့ 😏)
YOU ARE READING
ပီတိလေးရဲ့ပါးပါး
RomanceUnicode ပီတိလေး အတွက်အဖေတယောက်အနေနဲ့ရပ်တည်ပြီးပီတိလေးအတွက်အသင့်တော့ဆုံးဖြစ်နိုင်မဲ့အမေဖြစ်လာမဲ့သူကိုလိုက်ရှာနေသော ဖြိုးသီဟလွင် မွေးထဲကအဖေနဲ့အမေဆုံးပြီးအဒေါ်မိသားစုရဲ့အနိုင်ကျင့်သမျှကိုခံရပြီး မေတ္တာငတ်နေတဲ့ အောင်လွင်သန့် တို့ရဲ့အမှောင် ဇာတ်လမ်းလေး...