(11)ငါကမင်းထက် ပိုချောတယ်

14.7K 1.8K 106
                                    

ဝမ်ရိပေါ်စကားကြောင့် ရှောင်ကျန့် ဒေါသထွက်သွားလေသည်။

'မင်းကသာ ခွေးနဲ့တူတာ....သောက်ကောင် ဝမ်ရိပေါ်'

ရှောင်ကျန့် နှုတ်ခမ်းဆူကာ ဝမ်ရိပေါ်အား လျစ်လျူရှုလိုက်သည်။ဝမ်ရိပေါ်ဟာ ရှောင်ကျန့် စိတ်ဆိုးသွားတာကို ရိပ်မိတာကြောင့် ချော့ရန် ပြင်လိုက်သည်။

"ဘာစားချင်လဲ....ငါဝယ်ကျွေးမယ်"

"မစားဘူး"

"ဟိုတစ်နေ့က နာမည်ကြီး ရေခဲမုန့်ဆိုင်မှာ ရေခဲမုန့်အသစ်တစ်မျိုး ထွက်တယ်တဲ့"

ရှောင်ကျန့် မျက်လုံးတွေ တောက်ပလာသည်။သူဝယ်စားနိုင်သော်လည်း စျေးအရမ်းကြီးတာကြောင့် အိမ်ကို ပူဆာမှ ရမည်။မူလကိုယ်ဟာ ရေခဲမုန့်သိပ်မစားတာကြောင့် သံသယဝင်နိုင်သေးသည်။ ထို့နောက် ဝမ်ရိပေါ်အား ကြည့်ကာ ရီပြလိုက်သည်။

'Idolမို့လို့ ခွင့်လွှတ်ပေးလိုက်ပါ့မယ်....ငါက idolခွေး ဖြစ်ရတာလည်း မဆိုးပါဘူး....တခြားခွေးတွေထက် သာတာပေါ့'

"စားချင်လား"

ရှောင်ကျန့် ခေါင်းညိမ့်ပြလိုက်သည်။ ဝမ်ရိပေါ်ဟာ သူ့စိတ်ထဲ ပျော်သွားသော်လည်း ရုပ်တည်ကြီးနဲ့ ပြောလိုက်သည်။

"ငါက ငါ့ခွေးလေးကိုဘဲ ကျွေးချင်တာ"

"မင်းရဲ့ခွေးက ငါနဲ့တူတယ်ဆို"

"ဟုတ်တယ်လေ....ဒါပေမဲ့ မင်းက ခွေးမှ မဟုတ်တာ"

"ဝုတ်....ဝုတ်....ငါကခွေးလေးပါ"

ဝမ်ရိပေါ်မျက်နှာမှာ အပြုံးတစ်ပွင့် ပေါ်လာလေသည်။ထိုအပြုံးကို မြင်လိုက်ရတဲ့ ရှောင်ကျန့်ကတော့ ခွေးဘဝကနေ ခွေးသရဲဘဝသို့ ပြောင်းသွားမတတ်ပင်။အသက်မထွက်သွားတာ ကံကောင်းသည်။

"ဝမ်ရီပေါ်.....မင်းပြုံးတာ ကြောက်စရာ ကောင်းလိုက်တာ"

ဝမ်ရိပေါ် မျက်ခုံးတွေ တွန့်ချိုးကုန်သည်။သူပြုံးလိုက်တာ အရမ်းရုပ်ဆိုးသွားတာများလား။

"ဘာဖြစ်လို့ ကြောက်စရာကောင်းတာလဲ"

"မင်းပြုံးလိုက်ရင် ချောလွန်းလို့ ကြည့်တဲ့သူတွေ အသက်ထွက်သွားနိုင်တယ်...အသက်ကို နှုတ်နိုင်တဲ့အထိ အန္တရာယ်ရှိတယ်"

ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)जहाँ कहानियाँ रहती हैं। अभी खोजें