ရှောင်ကျန့် ဒီနေ့ ကျောင်းပိတ်ရက်မို့လို့ ဂိမ်းဆိုင်ရောက်နေလေသည်။ရန်ချူးဖေကလည်း မပါမဖြစ်ပေါ့။မူလဝတ္ထုထဲတွင် ရန်ချူးဖေဟာ သူ့သူငယ်ချင်း သေဆုံးမှုကြောင့် ဇာတ်လိုက်တို့အား မုန်းတီးခဲ့လေသည်။
သူ့မိဘတွေဆီက ကုမ္ပဏီကို ဆက်ခံပြီး ဇာတ်လိုက်တို့ကုမ္ပဏီအား တိုက်ခိုက်ခဲ့သည်။နောက်တော့ ဗီလိန်ဝမ်ရိပေါ်နဲ့ ပူးပေါင်းလိုက်ပြီး ဇာတ်လိုက်ကို ရေကုန်ရေခမ်း တိုက်ခိုက်ခဲ့သည်။
သူလည်း ဝမ်ရိပေါ်လို ဇာတ်သိမ်းမလှခဲ့ပေ။ရှောင်ကျန့် သူငယ်ချင်းဖြစ်သူအား ပြောဆိုနေသော်လည်း စိတ်ရင်းနဲ့ ကျေးဇူးတင်မိသည်။ရန်ချူးဖေဟာ သူ့ဘဝမှာ အကောင်းဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်သည်။
"ချူးဖေ......မင်းကို ငါတစ်ခု မေးမယ်"
"ခက်တာတော့ လာမမေးနဲ့"
"လွယ်လွယ်လေးဘဲ မေးမှာ"
"အဲ့တာဆို မေးလေ"
"လူနှစ်ယောက် ရေနစ်နေတယ် ဆိုပါစို့.....တစ်ယောက်က မင်းကောင်မလေး....တစ်ယောက်က ငါ....မင်းမှာက ဘောကွင်းက တစ်ခုဘဲရှိတယ်....အဲ့တာဆို ဘယ်သူ့ကို ဘောကွင်းပစ်ပေးမှာလဲ"
"အရမ်းလွယ်တာဘဲ"
"ဟုတ်တယ် ဖြေကြည့်"
"ငါက ရေကူးချန်ပီယံဆိုတော့ နှစ်ယောက်စလုံးကို ရေကူးပြီး ကယ်မှာပေါ့"
'Fuck. .....မေးတာကတခြား ဖြေတာကတလွဲ....ငါ့ဆီမှာ ဘယ်လိုသူငယ်ချင်း ရှိနေတာပါလိမ့်'
ရှောင်ကျန့် ရန်ချူးဖေအားကြည့်ပြီး ခေါင်းရမ်းလိုက်သည်။ထို့နောက် ဂိမ်းကိုဘဲ ဆက်ဆော့လိုက်သည်။သူဆော့နေစဥ် ရန်ချူးဖေက သူ့အား မေးလာသည်။
"ရှောင်ကျန့် မင်းကော ငါနဲ့မင်းကောင်မလေး ရေနစ်ရင် ဘယ်သူ့ကို ကယ်မှာလဲ"
"ဘယ်သူ့မှ မကယ်ဘူး"
"ဘာလို့လဲ"
"မင်းက ရေကူးချန်ပီယံလေ.....ပြီးတော့ ငါက ကောင်မလေးထားမှာ မဟုတ်ဘူး....ကောင်လေးဘဲ ထားမှာ"
"ဒါဆို မင်းအဖေနဲ့ မင်းအမေ ရေနစ်ရင်ရော"
"ဘယ်သူမှ မကယ်ဘူး"
YOU ARE READING
ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)
Fanfictionရှောင်ကျန့် "ငါလေးက ဇာတ်လိုက်ကို မကြိုက်ဘူးဆို...ငါလေးက ဗီလိန်ကိုဘဲ ကြိုက်တာ" ဗီလိန်ဝမ်ရိပေါ် "မင်းသဘောဘဲ"