(65)လမ်းခွဲရအောင်

11.1K 1.2K 33
                                    

(A/N:ဒီနေ့ကစပြီး တစ်ပိုင်းဘဲ upတော့မယ်နော်...... ဗီလိန်လေးက နောက်အပိုင်းနည်းနည်းဆိုရင် ပြီးတော့မှာမို့လို့ပါ😊မြန်မြန်ကြီး မခွဲချင်သေးလို့ တစ်ပိုင်းဘဲ upပါတော့မယ်...)

နောက်တစ်နေ့ရောက်တော့ ဝမ်ရိပေါ်က အရင်နိုးလာခဲ့သည်။ညက သူ့ကြောင့် ပင်ပန်းထားတဲ့အတွက် သူကိုယ်တိုင် နေ့လည်စာ ပြင်ပေးလိုက်သည်။

အကုန်ပြင်ဆင်ပြီးတဲ့အထိ ရှောင်ကျန့် မနိုးသေးပေ။ပိတ်ရက်ဖြစ်တာကြောင့် ကျောင်းသွားစရာ မလိုသည့်အတွက် တော်သေးသည်။မဟုတ်လျှင် နှစ်ယောက်စလုံး အတန်းပျက်နေရလိမ့်မည်။

ရှောင်ကျန့်က မနိုးသေးသည့်အတွက် ဝမ်ရိပေါ်ဟာ သူ့ရဲ့ကျောင်းက အိမ်စာတချို့ကို လုပ်နေလိုက်သည်။ထိုစဥ် အိပ်ခန်းထဲမှ အော်သံကို ကြားလိုက်ရသည်။

"အားးးးး......ဝမ်....ရိ.....ပေါ်......မင်းငါ့ကို ဘယ်လောက်တောင် လုပ်လိုက်လို့ ငါမထိုင်နိုင်တဲ့အထိ ဖြစ်နေတာလဲ...."

ဝမ်ရိပေါ်ဟာ သူ့ကို မကြည်ကြည့်နဲ့ ကြည့်နေတဲ့ ရှောင်ကျန့်ကို ပြုံးပြလိုက်လေသည်။သူက သူအားစိတ်မဆိုးစေရန် ပြုံးပြလိုက်ခြင်းသာ ဖြစ်သည်။

သို့သော် ရှောင်ကျန့်မျက်လုံးထဲတွင်တော့ မနက်ခင်းနေရောင်ခြည်ကဲ့သို့ နွေးထွေးကာ တောက်ပနေသည်။ရှောင်ကျန့်ဟာ စိတ်ကြီးသူပီပီ အလှအပမှာ ပျော်မဝင်သွားစေရန် ဂရုစိုက်လိုက်သည်။

"ငါ့ကို ပြုံးပြလည်း မင်းကို ခွင့်မလွှတ်ဘူး.....ငါ့မှာ ဘယ်လောက်နာလဲ မင်းသိလား.....မင်းမခံရတိုင်း အဲ့လောက်လုပ်စရာလား.....ပြီးတော့ ငါနဲ့က နေ့တိုင်းမတွေ့ရမဲ့သူလား....ဒီနေ့တွေ့ပြီးတာနဲ့ တစ်နှစ်လောက် ခွဲသွားမှာမို့လား....မင်းအဲ့လောက်..."

"ဟုတ်တယ်"

ရှောင်ကျန့် စကားတောင် မပြီးသေးခင် ဝမ်ရိပေါ်က ပြောလိုက်လေသည်။

"ဟမ်...."

"ငါမင်းကို ပြောပြချင်တဲ့ supriseဆိုတာက ယာဥ်မောင်းလိုင်စင် မဟုတ်ဘူး"

"ဘာများလဲ"

"ငါ.....နိုင်ငံခြားက ဆေးတက္ကသိုလ်တစ်ခုကို ဝင်ခွင့်ဖြေထားတာ....အောင်သွားပြီ....နောက်တစ်ပတ် သွားရတော့မယ်"

ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)Opowieści tętniące życiem. Odkryj je teraz