ရှောင်ကျန့် ဆေးရုံတက်နေစဥ် ရှောင်ရှန်းရှန်းဟာ သူမအပြစ်တွေအားလုံးကို မိဘတွေရှေ့တွင် ဝန်ခံခဲ့သည်။အလွယ်တကူ ခွင့်လွှတ်ဖို့ မလွယ်တဲ့ကိစ္စမို့ အပြစ်ပေးရန် ဆုံးဖြတ်လိုက်ကြသည်။
သူတို့ဟာ သူမကို နိုင်ငံခြားသို့ ပညာသွားသင်ရန် ဆုံးဖြတ်လိုက်ကြသည်။ဒါဟာ အပြစ်ပေးတယ်လို့ မဆိုရလောက်အောင် ကောင်းမွန်သော ဆုံးဖြတ်ချက် ဖြစ်နေသည်။
ရှောင်ယုဟာလည်း အခုရှောင်ကျန့် ဆေးရုံတက်နေရတာဟာ သူမနဲ့ သက်ဆိုင်ပေမဲ့ သူမလုပ်ခဲ့တာတော့ မဟုတ်ပေ။ထို့ကြောင့် ထိုဆုံးဖြတ်ချက်ကို လက်ခံခဲ့တာ ဖြစ်သည်။
ရှောင်ရှန်းရှန်းဟာ အပြစ်လုပ်ခဲ့ပေမဲ့ သူမကို ညှာတာပေးခဲ့ခြင်းမှာ အမှားကိုသိပြီး နောင်တရသွားလို့ ဖြစ်သည်။
မူယဲ့ချန်းဟာ ရှောင်ရှန်းရှန်းနဲ့အတူ လိုက်သွားချင်ပေမဲ့ သူ့ကုမ္ပဏီကို သူကလွဲပြီး ကြည့်မည့်သူ မရှိပေ။ထို့ကြောင့် အပြန်အလှန်ဆက်သွယ်ပြီး နေဖို့သာ ရွေးချယ်ခဲ့ရတော့သည်။
............ဖြစ်ပျက်သမျှတွေကို ဘာမှမမှတ်မိတဲ့ ရှောင်ကျန့်ကတော့ ဝမ်ရိပေါ်နဲ့ ပျော်ရွှင်နေလေသည်။သူဟာ သူ့ဆီလာလည်တဲ့ ဘယ်သူ့ကိုမှ အရေးမလုပ်ဘဲ ဝမ်ရိပေါ်မျက်နှာကို တစ်ကမ္ဘာလုပ်နေတော့သည်။
ရှောင်ကျန့်ရဲ့ ဆေးရုံခန်းထဲတွင် ရန်ချူးဖေဟာ ဝမ်ရိပေါ် အသီးခွံ့နေတာကို မျက်တောင်မခတ် စိုက်ကြည့်နေသည့် အရူးသူငယ်ချင်းအား နရင်းအုပ်ချင်နေသည်။
လူမမာမို့ သည်းခံပြီး ကြည့်နေတာ ဖြစ်သည်။မဟုတ်လို့ကတော့ ဆယ်ခါမက သတ်ပြီးနေပြီဖြစ်သည်။
"ဟေ့ကောင်.....တော်ရုံဘဲ ကြည့်စမ်းပါ..."
"မင်းမျက်နှာ ကြည့်နေလို့လား....ငါနဲ့လည်း မသိဘဲနဲ့ လာမပြောစမ်းနဲ့"
"ငါက မင်းရဲ့ အချစ်ဆုံးသူငယ်ချင်းလို့ ဘယ်နှစ်ခါ ပြောရမလဲ"
"ငါက ဉာဏ်မရှိဘူး ထင်နေတာလား....ငါ့လို ရုပ်ချောလွန်းတဲ့သူက IQမရှိမှဘဲ မင်းလို ရုပ်ဆိုးတဲ့သူနဲ့ သူငယ်ချင်းဖြစ်မှာ"
YOU ARE READING
ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)
Fanfictionရှောင်ကျန့် "ငါလေးက ဇာတ်လိုက်ကို မကြိုက်ဘူးဆို...ငါလေးက ဗီလိန်ကိုဘဲ ကြိုက်တာ" ဗီလိန်ဝမ်ရိပေါ် "မင်းသဘောဘဲ"