ဝမ်ရိပေါ်ဟာ ရှောင်ကျန့်စကားကို အံ့သြသွားလေသည်။ဒီစကားဟာ သူလုံးဝမယုံနိုင်တဲ့ စကားဖြစ်သည်။
"ဘာကြောင့်လဲ.... နိုင်ငံခြားသွားမဲ့ကိစ္စဆိုရင် ငါမသွားတော့ဘူး..."
"မဟုတ်ဘူး.....မင်းသွားရမယ်....မင်းက အရမ်းထူးချွန်တဲ့ ဆရာဝန်တစ်ယောက် ဖြစ်လာရမှာ"
"ဒါဆို ဘာကြောင့် လမ်းခွဲတာလဲ"
"ရိပေါ်.....ငါမင်းကို အရမ်းချစ်တာ မင်းသိတယ်မလား...ငါ့အသက်တောင် ပေးချင်တဲ့အထိ ငါမင်းကို ချစ်တာ....ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ....အဲ့လိုမှ မလုပ်ရင် ငါမင်းကို လက်လွှတ်ပေးနိုင်မှာ မဟုတ်ဘူး"
"အဲ့တာဆိုလည်း....မလွှတ်ပေးနဲ့....မသွားလည်း ရတာမို့လို့"
"ရိပေါ်.....ငါက မင်းအကြောင်းကို မင်းထက်တောင် ပိုသိပါတယ်.....မင်းရဲ့အိမ်မက်ကို ငါတို့အချစ်အတွက်နဲ့ လက်မလွှတ်စေချင်ဘူး"
"ဒါဆို ငါသွားလည်း အချင်းချင်း ဆက်သွယ်လို့ ရနေတာဘဲလေ....လမ်းခွဲစရာ မလိုပါဘူး....အားလပ်ရက်တွေ ပြန်လာရင် မင်းနဲ့ တွေ့လို့ရတယ်လေ"
"အဲ့လောက်တောင် လွယ်ပါ့မလား...မင်းက အမြဲအားနေမယ်တဲ့လား....ငါကလည်း အမြဲမင်းအနားမှာ ရှိနေမှာ မဟုတ်ဘူး...."
"ကြိုးစားမယ်....အချိန်ရအောင် ငါကြိုးစားမယ်...တစ်နေ့တစ်ခါ ဖုန်းဆက်လို့ရအောင် ကြိုးစားမယ်....အားလပ်ရက်တိုင်း ပြန်လာနိုင်အောင် ကြိုးစားမယ်....ငါကြိုးစားရင် ရတာဘဲလေ"
ဝမ်ရိပေါ်ရဲ့ ပါးပြင်ထက်ကို မျက်ရည်တွေ ကျဆင်းလာသည်။ရှောင်ကျန့်ဟာ ဝမ်ရိပေါ်နား တိုးကပ်သွားပြီး ပါးပေါ်က မျက်ရည်တွေကို သုတ်ပေးလိုက်သည်။သူ့ရဲ့ မျက်ရည်တွေကို လျစ်လျူရှုရင်းနဲ့ပေါ့။
"၆နှစ်.....ငါတို့ ၆နှစ်ဘဲ လမ်းခွဲရအောင်...."
"ငါလက်မခံဘူး....ရှောင်ကျန့်....."
"ဝမ်ရိပေါ်......မင်းဘဲ နှလုံးသားနဲ့လား.....ငါလည်း နှလုံးသားနဲ့ပါ.....မင်းနာကျင်ရတယ်ဆိုပေမဲ့ ငါကရော မနာကျင်ရဘူးလား....အမြဲ မင်းကို တွေ့ချင်တယ်...မင်းအနားမှာဘဲ နေချင်တယ်....မင်းရင်ခွင်ထဲမှာ အိပ်ချင်တယ်...မင်းရဲ့ ဂရုစိုက်မှုကို လိုချင်တယ်...ဒီလိုစိတ်နဲ့ ၆နှစ်လုံး ဘယ်လိုနေရမှာလဲ....အဝေးကနေ မင်းရဲ့ ဂရုစိုက်မှု သေးသေးလေးက ငါ့ကို နှစ်သိမ့်နိုင်ပေမဲ့ ငါက အများကြီး ပိုလိုချင်လာလိမ့်မယ်....အဲ့တော့ ၆နှစ်ထဲပါ...ဒီ၆နှစ်ဘဲ ငါတို့မတွေ့ရအောင်....နော်..."
YOU ARE READING
ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)
Fanfictionရှောင်ကျန့် "ငါလေးက ဇာတ်လိုက်ကို မကြိုက်ဘူးဆို...ငါလေးက ဗီလိန်ကိုဘဲ ကြိုက်တာ" ဗီလိန်ဝမ်ရိပေါ် "မင်းသဘောဘဲ"