(3)ဝမ်ရိပေါ်မှ ဝမ်ရိပေါ်ဘဲ

17.8K 2.1K 138
                                    

ရှောင်ကျန့် ဝမ်ရိပေါ်ဘေးမှာထိုင်ရင်း ဝမ်ရိပေါ်အကြောင်း တွေးတောနေသည်။ဝမ်ရိပေါ်ဟာ ဇာတ်လိုက်ထက်တောင် ဉာဏ်ကောင်းပေမဲ့ အတော်ဆုံးကျောင်းသား မဖြစ်ရသည်မှာ သူဟာ စာမေးပွဲဖြေရင် အောင်မှတ်ဖိုး ကွက်တိသာ ဖြေဆိုလို့ ဖြစ်သည်။

'တော်တဲ့သူတွေများ... အမှတ်မလိုချင်လို့ ကွက်တိဖြေတယ်...ငါတို့လိုလူတွေကတော့ အောင်မှတ်ရအောင်လို့ အပုဒ်တိုင်းလိုက်ဖြေနေရတယ်...ဘာလို့ဆို တစ်ပုဒ်မှ စင်းလုံးချော မမှန်လို့'

မနာလိုမှုများစွာနဲ့ ဘေးကို ကြည့်လိုက်တော့ ဝမ်ရိပေါ်ဟာ ရုပ်တည်ကြီးနဲ့ ထိုင်ကာ ဆရာမသင်တာတွေကို ကြည့်နေလေသည်။

Idolက စာသင်တာ နားထောင်နေမှတော့ သူလည်း နားထောင်သင့်သည်လေ။ထို့ကြောင့် ဆရာမသင်တာတွေကို နားထောင်လိုက်သည်။တစ်မိနစ်ပင်မကြာလိုက်။ရှောင်ကျန့်တစ်ယောက် အိပ်ပျော်သွားတော့သည်။

အိမ်မက်ထဲတွင်တော့ စာလုံးတွေက သူ့နောက်လိုက်နေကာ ထိုစာလုံးတွေနဲ့ထိလိုက်တာနဲ့ အိပ်ပျော်သွားတော့သည်။ပြန်နိုးလာတာနဲ့ ထိုစာလုံးတွေက ထပ်လိုက်လာတာကြောင့် ထပ်အိပ်ပျော်သွားပြန်သည်။အိမ်မက်ထဲတွင်ပင် အိပ်နေပါတော့သည်။

ဝမ်ရိပေါ် သူ့ဘေးကို ကြည့်လိုက်တော့ ခုံပေါ်မှာ မှောက်ကာ အိပ်ပျော်နေသော ငပေါလေးအား တွေ့လိုက်ရသည်။ကြည့်လိုက်တာနဲ့ စာညံ့တဲ့typeမှန်း တန်းသိလေသည်။

အိပ်နေရင်း သရေတွေ ကျနေကာ စာအုပ်မှာ အကွက်လိုက် ဖြစ်နေတာကို ကြည့်ပြီး ရီချင်နေမိသည်။ဒီကောင်လေးကြောင့် ရီချင်လာတာမျိုး ဖြစ်တာကြောင့် ငပေါလေးက သူ့အတွက် တစ်ခုခု ထူးခြားမဲ့သူ ဖြစ်နိုင်သည်။

ကျောင်းဝတ်စုံပေါ်က နာမည်အား ကြည့်လိုက်ပြီး ငပေါလေးနာမည်က ရှောင်ကျန့်ဆိုတာကို မှတ်ထားလိုက်သည်။

"မင်းဂုဏ်ယူသင့်တယ်....ငါ့အတွက် လူစိမ်းတစ်ယောက်နာမည်မှတ်တာ ပထမဆုံးဘဲ"

သူပြောနေတာကို အိပ်ပျော်နေတဲ့ ရှောင်ကျန့်ကြားပါက သူ့ကို အသေဆဲမည်ဖြစ်သည်။သို့သော် ရှောင်ကျန့်ဟာ အိမ်မက်ထဲတွင်ပင် မနိုးသေးတာကြောင့် မကြားလိုက်ပေ။
........
အတန်းပိုင်ဆရာမအချိန်ပြီးမှ ရှောင်ကျန့် နိုးလာလေသည်။နောက်တစ်ချိန်ဟာ သူအရမ်းညံ့တဲ့ သင်္ချာချိန် ဖြစ်သည်။

ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)Opowieści tętniące życiem. Odkryj je teraz