(67)မင်းကငါ့နှလုံးသား

11.1K 1.2K 22
                                    

ဝမ်ရိပေါ်တစ်ယောက် ဘားတစ်ခုတွင် မူယဲ့ချန်းတို့နဲ့ သောက်နေလေသည်။

"ငါမထင်ထားဘူး....သူအဲ့လို ပြောမယ်လို့"

"သူလည်း ခံစားနေရမှာပါ....ပြီးတော့ သူက တစ်သက်စာ လမ်းခွဲမယ်လို့ ပြောတာမှ မဟုတ်တာ....၆နှစ်ဘဲလေကွာ"

လုဖုန်းစီက ဝမ်ရိပေါ်ကို နှစ်သိမ့်လိုက်လေသည်။

"၆နှစ်မပြောနဲ့.....တစ်ရက်လေးတောင် သူနဲ့မခွဲနေချင်ဘူး....ဒီနှစ်ရက် ခွဲနေရတာတောင် ငါအရမ်းလွမ်းနေတာကို"

"ပိုလွန်းတယ်.....ငါနဲ့ရှန်းရှန်းဆို ဘယ်လိုလုပ်မလဲ"

မူယဲ့ချန်းက ဝမ်ရိပေါ်ကို နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ဝမ်ရိပေါ်ဟာ မူယဲ့ချန်းကို ကြည့်ကာ မေးလေသည်။

"ယဲ့ချန်း.....LDRSက အရမ်းဆိုးလား"

"ဟင်းးး.......အရမ်းဆိုးတာမဟုတ်ဘူး....တော်တော်ဆိုးတာ....ကိုယ်မမြင်တွေ့နိုင်တဲ့နေရာမှာ သူဘာတွေလုပ်နေဆိုတာကို မသိသလို...သူဘာဖြစ်နေလဲဆိုတာကိုလဲ မသိဘူး....သူနေမကောင်းရင် မသိသလို သူဝမ်းနည်းနေရင်လည်း မသိဘူး.....ဘာဆိုဘာမှ မသိတဲ့အတွက် ဘာမှမဖြည့်ဆည်းပေးနိုင်ဘူး....သူနေမကောင်းရင် ဂရုမစိုက်နိုင်သလို....ဝမ်းနည်းနေရင်လည်း မထွေးပွေ့ပေးနိုင်ဘူး...."

"ဟုတ်တယ်.....အဲ့တာက အရမ်းခံစားရမယ်...ဖုန်းထဲကနေ သူ့အသံကြားနေရင်တောင် သူအနားမှာ မရှိသလို...သူ့မျက်နှာလေး မြင်နေရရင်တောင် မထိတွေ့နိုင်ဘူး.....ငါတကယ် ရှောင်ကျန့်ပြောတာကို လက်ခံရမှာလား....၆နှစ်ဘဲမလား...."

ဝမ်ရိပေါ်ဟာ ဝမ်းနည်းမှုကြောင့် အရက်တွေသာ သောက်နေလိုက်သည်။အချိန်တော်တော်ကြာကြာ သောက်ပြီးနောက် မူးကာ မှောက်သွားတော့သည်။

မူယဲ့ချန်းနဲ့လုဖုန်းစီဟာ သက်ပြင်းချလိုက်ပြီး ဝမ်ရိပေါ်ကို အိမ်ပြန်ပို့ပေးလိုက်ရသည်။
..............

ရှောင်ကျန့်ဟာ ညမိုးချုပ်နေပြီဖြစ်သော်လည်း ဝမ်ရိပေါ်က ပြန်မလာသေးသဖြင့် စောင့်နေလိုက်သည်။အရက်သွားသောက်တာကြောင့် မူးလာနိုင်လေသည်။

ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)Hikayelerin yaşadığı yer. Şimdi keşfedin