ရှောင်ကျန့်တို့ဟာ သူတို့အနားယူရမဲ့နေရာသို့ ရောက်နေကြလေပြီ။သို့သော် ရှောင်ကျန့်ကလွဲပြီး လူတိုင်းဟာ ထိုနေရာကြောင့် စိတ်ပျက်နေကြလေသည်။
"ဒါက ငါတို့ခရီးအတွက် လာတဲ့နေရာလား"
"ဟုတ်တယ်လေ.....ငါကိုယ်တိုင် ရွေးထားတာ"
ဝမ်ရိပေါ်ဟာ သူ့ရှေ့က တောအုပ်ကြီးကိုကြည့်ပြီး ဆွံ့အနေလေသည်။လူတိုင်းဟာ ခရီးဆိုပြီး ဘယ်နေရာလဲ မမေးမိတဲ့ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်နေတော့သည်။
အထူးသဖြင့် သူ့အိမ်ကသွားမည့် ဟာဝိုင်ရီသို့ ခရီးကိုတောင် လက်လွှတ်ပြီး ရှောင်ကျန့်နောက် လိုက်လာမိသည့် ရန်ချူးဖေ ဖြစ်သည်။
မိသားစုနဲ့သွားတာဟာ မလွတ်လပ်တာကြောင့် သူငယ်ချင်းဖြစ်သူကခေါ်တော့ အမြှီးတနှံ့နှံ့နဲ့ လိုက်လာတာ ဖြစ်သည်။
သူ့အိမ်က မနက်ဖြန်မှ ခရီးသွားမှာမို့ အခုပြန်ရင်မှီနိုင်သော်လည်း ချစ်ရတဲ့သူငယ်ချင်းမျက်နှာကြောင့် နောင်တတွေနဲ့သာ နေခဲ့ဖို့ ဆုံးဖြတ်လိုက်တော့သည်။
"ရှောင်ကျန့်.....ငါမှန်းထားတာကလေ ပင်လယ်တစ်ခုခု....တောင်တန်းတစ်ခုခုလို့လေ....ဘာလို့တောထဲ ခရီးထွက်လာတာလဲ"
လုဖုန်းစီဟာ မမေးဘဲ မနေနိုင်တော့သဖြင့် မေးလိုက်တော့သည်။
"အခုတောအုပ်က ရိုးရိုးတောအုပ်မဟုတ်ဘူး....ပြီးတော့ ခရီးကို တောထဲလာတာ ဘာဖြစ်လို့လဲ...စိမ်းလန်းစိုပြေတဲ့ သစ်ပင်တွေရယ်....ပိုးကောင်လေးတွေရဲ့အသံရယ်....အေးအေးချမ်းချမ်းလည်း ရှိတယ်...မကောင်းဘူးလား"
"ဒါပေမဲ့ ငါတို့က တောထဲမှာမှန်း မသိလို့ ရွက်ဖျင်တဲ မယူလာဘူးလေ"
"မပူပါနဲ့.....ငါယူလာပါတယ်"
ရှောင်ကျန့်ဟာ သူကိုယ်တိုင် ဦးဆောင်ပြီး တောထဲသို့ ဝင်သွားတော့သည်။သူတို့အဖွဲ့ပုံစံဟာ အရူးတွေနဲ့ တူနေလေသည်။
တောထဲကို ခရီးဆောင်အိတ်တွေနဲ့ ဝင်တာဆိုလို့ သူတို့ဘဲ ရှိသည်။ထို့ပြင် တစ်ယောက်ချင်းစီရဲ့ ပုံစံတွေဟာ တောအုပ်နဲ့ မလိုက်ဖက်ပေ။
DU LIEST GERADE
ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)
Fanfictionရှောင်ကျန့် "ငါလေးက ဇာတ်လိုက်ကို မကြိုက်ဘူးဆို...ငါလေးက ဗီလိန်ကိုဘဲ ကြိုက်တာ" ဗီလိန်ဝမ်ရိပေါ် "မင်းသဘောဘဲ"