(A/N:သာသာ သွားတွေအရမ်းကိုက်နေလို့ မနေ့က မရေးဖြစ်လိုက်ဘူး...စောင့်နေတဲ့သူတိုင်းကို အားနာပါတယ်နော်....ဒီနေ့တော့ သက်သာလာလို့ တင်ပေးလိုက်တာပါ😊 အားလုံးကို ချစ်တယ်နော်😘😘)
ရှောင်ကျန်တစ်ယောက် စိုက်ပျိုးရေးခြံထဲမှာ အတော်ပျော်နေလေသည်။ရောက်ထဲက ခြံထဲတွင် ပတ်ပြေးနေတော့သည်။
သူ့အဖေဟာ ခြံပိုင်ရှင်နဲ့ ရင်းနှီးတာကြောင့် သူတို့အား စိတ်ကြိုက်နေခွင့် ပေးထားလေသည်။တခြားသူတွေကလည်း အစက အင်တင်တင် ဖြစ်ပေမဲ့ ရောက်လည်းရောက်ရော ပျော်သွားကြလေသည်။
"အားလုံးဘဲ.....ဒီမှာတော့ မင်းတို့သွားချင်ရာ သွားနိုင်တယ်....ငါးရက်နေပြီးရင် ပြန်မယ်....အေးဆေးအနားယူပါ"
ရှောင်ကျန့်ဟာ သူနဲ့ဝမ်ရိပေါ်နောက်ကို တခြားသူတွေ လိုက်ရှုပ်နေမှာကိုဆိုး၍ လွတ်လပ်ခွင့် ပေးထားလိုက်သည်။မဟုတ်ရင် သူတို့roတဲ့အချိန်မှာ အနှောင့်အယှက် ဖြစ်လိမ့်မည်။
ရှောင်ကျန့်စကားကို အကုန်လုံးက ထောက်ခံကြပြီး အနားယူရန် မိမိအခန်းတွေဆီသို့ သွားတော့သည်။ဝမ်ရိပေါ်ကလည်း ကိုယ့်အခန်းကိုယ်သွားရန် ပြင်လိုက်စဥ် ရှောင်ကျန့်က ဆွဲထားလေသည်။
"ဘာလဲ"
"မင်းကတော့ ငါ့အခန်းမှာဘဲနေ....ဟီး"
"မင်းကို တစ်ခုခုလုပ်မှာ မကြောက်ဖူးလား"
"ကြောက်....ကြောက်စရာလား....မင်းက ငါ့ကို ဘာလုပ်မှာမို့လို့လဲ"
"ငါနဲ့နေမှာ သေချာရဲ့လား"
"သေ...သေချာတာပေါ့"
"ကောင်းပြီလေ.....နောက်မှ နောင်တမရနဲ့"
ဝမ်ရိပေါ်ဟာ ရှောင်ကျန့်အား အဓိပ္ပါယ်ပါပါ ပြုံးပြလိုက်ပြီး ရှောင်ကျန့်အခန်းထဲသို့ ဝင်သွားတော့သည်။ရှောင်ကျန့်ကတော့ အတွေးတွေနဲ့ ကျန်ခဲ့လေသည်။
'ငါမှားများ မှားသွားပြီလား မသိဘူး'
နောက်ဆုံးတော့လည်း သက်ပြင်းချကာ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်တော့သည်။
.............
YOU ARE READING
ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)
Fanfictionရှောင်ကျန့် "ငါလေးက ဇာတ်လိုက်ကို မကြိုက်ဘူးဆို...ငါလေးက ဗီလိန်ကိုဘဲ ကြိုက်တာ" ဗီလိန်ဝမ်ရိပေါ် "မင်းသဘောဘဲ"