နောက်တစ်နေ့ရောက်တော့ ဝမ်ရိပေါ်ဟာ အတန်းထဲတွင် ဒီညအတွက် ပြင်ဆင်စရာရှိတာတွေကို အဆင့်သင့်ဖြစ်အောင် စဥ်းစားနေလေသည်။
ရှောင်ကျန့် အိမ်ပြန်မရောက်ခင် ကြိုပြင်ဆင်ရမည်ဖြစ်သည်။ဒီနေ့ ရှောင်ကျန့်က ညနေဘက်တွင် အိမ်စာတစ်ခုကြောင့် စာကြည့်တိုက်မှာ စာလေ့လာမည်ဖြစ်သည်။
ထို့ကြောင့် သူ့မှာ အချိန်ရှိသည်။လိုင်းပေါ်မှာ လိုအပ်သည်များကို ရှာဖွေနေစဥ် မူယဲ့ချန်းနဲ့ လုဖုန်းစီတို့ ရောက်လာကြသည်။
"ရိပေါ်.....မင်းဘာတွေအဲ့လောက် ကြည့်နေတာလဲ"
မူယဲ့ချန်းအမေးကြောင့် လုဖုန်းစီဟာ ဝမ်ရိပေါ်ဖုန်းကို ကြည့်လိုက်လေသည်။မြင်လိုက်ရတဲ့ခေါင်းစဥ်ကြောင့် ကြက်သေသေသွားကြသည်။
"ရိပေါ်.....မင်းရှောင်ကျန့်နဲ့ အဲ့တာ လုပ်တော့မလို့လား"
"အွန်း....သူခွင့်ပြုလိုက်ပြီ....အဲ့တော့ ငါပြင်ဆင်ရမယ်...သူ့ရဲ့ ပထမဆုံးအကြိမ်မို့လို့"
ရေသောက်နေတဲ့ မူယဲ့ချန်းခမျာ ရေတောင်သီးသွားသည်။ဒီစကားကို နားထောင်လိုက်ထဲက ဘာကိုဆိုလိုမှန်း သူသိလေသည်။
"သူရှာနေတဲ့ခေါင်းစဥ်ကဘာလဲ"
"ယောကျ်ားလေးချစ်သူနဲ့ ဟိုဟာပြုပြီးနောက် ပြုလုပ်ရမည့်အချက်များ"
"အော်...."
"မင်းတို့အကြံပေးချင်တာများ ရှိလား"
မူယဲ့ချန်းက ခေါင်းရမ်းလိုက်သည်။သူ့ရည်းစားက ကောင်မလေးမို့ ယောကျ်ားလေးအတွဲတွေအကြောင်း မသိပေ။
လုဖုန်းစီကတော့ ဘာမှမပြောပေ။သူ့ကြည့်ရတာ ပြောချင်နေပေမဲ့ မြိုသိပ်နေပုံ ပေါက်နေသည်။
"ဖုန်းစီ....မင်းပြောချင်တာရှိရင် ပြောလေ"
"ငါအစက လျှို့ဝှက်ထားမလို့ဘဲ....ဒါပေမဲ့ မင်းက အကြံဉာဏ်လိုနေတာဆိုတော့....ပြောရတော့မယ်....ငါနဲ့ချူးဖေနဲ့ ချစ်သူတွေ ဖြစ်နေကြပြီ....ပေကျင်းမလာခင်ထဲက....သူက ရှက်လို့ဆိုပြီး မပြောခိုင်းလို့ လျှို့ဝှက်ထားတာ"
JE LEEST
ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)
Fanfictieရှောင်ကျန့် "ငါလေးက ဇာတ်လိုက်ကို မကြိုက်ဘူးဆို...ငါလေးက ဗီလိန်ကိုဘဲ ကြိုက်တာ" ဗီလိန်ဝမ်ရိပေါ် "မင်းသဘောဘဲ"