ဝမ်ရိပေါ်ဟာ အတန်းထဲရောက်တော့ ရှောင်ကျန့်ကို မတွေ့ပေ။ထို့ကြောင့် မရောက်သေးတာဟု ထင်သွားသည်။သို့သော်လည်း အတန်းချိန်စတဲ့အထိ ရောက်မလာတာကြောင့် ကျောင်းမလာဘူးဟု သိလိုက်သည်။
သူလည်း အစက postတွေကြောင့် စိတ်မရှုပ်ပေ။သူက ဘာကိုမှ ဂရုမစိုက်တတ်တဲ့သူမို့ အားလုံးကို လျစ်လျူရှုထားနိုင်သည်။သို့သော် ရှောင်ကျန့်ကတော့ သက်ရောက်မှု ရှိနိုင်သည်။
ကျောင်းရဲ့ pageမှာ သူတို့အကြောင်း တင်ထားလေသည်။အထူးသဖြင့် ရှောင်ကျန့်ကို သူနဲ့မလိုက်ဖက်ကြောင်း ပြောထားတာတွေ ဖြစ်သည်။
ရှောင်ကျန့် စိတ်မကောင်းဖြစ်သွားမှာကို သူစိုးရိမ်မိသည်။ထို့ကြောင့် ရှောင်ကျန့်အဆင်ပြေအောင် သူအသံလွှင့်လိုက်တာ ဖြစ်သည်။
သူမသိသည်က ရှောင်ကျန့်က ပတ်ဝန်းကျင်က အတင်းပြောတာတွေကို ဂရုစိုက်တတ်တဲ့သူ မဟုတ်ဘူး ဆိုတာကိုပင်။
နေ့လည်စာစားချိန်ရောက်တော့ လုဖုန်းစီတို့နဲ့ ကန်တင်းသွားလိုက်သည်။ထိုင်ပြီးနောက် သူတို့အနောက်ကဝိုင်းရဲ့ စကားသံတစ်ချို့ကို ကြားလိုက်သည်။
"ငါ့ရဲ့ သူငယ်ချင်းကောင်းလေးတော့ ဘယ်လောက်တောင် ငိုနေမလဲ မသိဘူး"
အသံပိုင်ရှင်ကတော့ ရန်ချူးဖေဖြစ်သည်။သူဟာ ကျောင်းသားသစ် ကျောက်ယန်ထူးကို ပြောပြသလိုလိုနဲ့ ဝမ်ရိပေါ်ကြားအောင် ပြောနေတာ ဖြစ်သည်။
"ရှောင်ကျန့်လား?ဘာဖြစ်လို့လဲ"
"သူမနက်က ကျောင်းလာတယ်လေ....အစကတော့ ပြုံးနေတာဘဲ....နောက်တော့ အသံလွှင့်တာကို ကြားပြီး ထွက်ပြေးသွားတာ"
"ဘာလို့လဲ"
"လာခဲ့.....တိုးတိုးလေးပြောပြမယ်"
သူ့အသံဟာ နဂိုထက် တိုးသွားပေမဲ့ ဝမ်ရိပေါ်ကြားနိုင်လောက်သေးသည်။
"ရှောင်ကျန့်က ဝမ်ရိပေါ်ကို ကြိုက်နေတာ"
"တကယ်ကြီး?ငါကြားတာက မူယဲ့ချန်းပါ"
"မဟုတ်ဘူး....အဲ့တာက ဟန်ပြ....တကယ်က ဝမ်ရိပေါ်"
ဝမ်ရိပေါ် မျက်ခုံးတွေ တွန့်ချိုးသွားသည်။ဒါက အမှန်ဆိုရင်တောင် သူဘယ်လို တုံ့ပြန်ရမလဲဆိုတာကို သူမသိပေ။
ESTÁS LEYENDO
ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)
Fanficရှောင်ကျန့် "ငါလေးက ဇာတ်လိုက်ကို မကြိုက်ဘူးဆို...ငါလေးက ဗီလိန်ကိုဘဲ ကြိုက်တာ" ဗီလိန်ဝမ်ရိပေါ် "မင်းသဘောဘဲ"