ရေတံခွန်သို့ရောက်တော့ အကုန်လုံးဟာ တစ်ပြိုင်နက်တည်း ရှောင်ကျန့်အား ကြည့်လိုက်ကြသည်။
"လာတဲ့လမ်းတစ်လျှောက်မှာ မင်းပြောတာက ရေတံခွန်က အရမ်းလှတာဘဲဆို"
"ပြီးတော့ ရေလေးတွေကလည်း ကြည်စိမ်းနေတာဘဲဆို"
"ကျောက်ဆောင်ပေါ် တက်ပြီး ဓာတ်ပုံရိုက်ရင် အရမ်းလှမှာဆို"
"တစ်ခါရောက်သွားရင် တစ်သက်လုံး မပြန်ချင်တော့ဘူးဆို"
အကုန်လုံးဟာ ရှောင်ကျန့် ပြောခဲ့ဖူးတဲ့ ရေတံခွန်နဲ့ အခုမြင်နေရတဲ့ ရေတံခွန်ဟာ သိပ်ကိုကွာခြားလွန်းနေသည်။
အခုသူတို့မြင်နေရတာက ရေတံခွန်လို့ မပြောချင်ရလောက်အောင် အမြင့်ဟာ သူတို့ဒူးခေါင်းလောက်သာ ရှိသည်။သူတို့မျှော်မှန်းထားတဲ့ အမြင့်ကြီးကနေ ရေတွေကျနေတဲ့ ရေတံခွန်က ဘယ်မှာပါလိမ့်။
ထို့ပြင် ရေကလည်း ကြည်စိမ်းဖို့ မပြောနှင့်။မနောက်တာတောင် ကံကောင်းနေသည်။ကျောက်ဆောင်တွေကလည်း ရေညှိတွေနဲ့မို့ ဓာတ်ပုံမရိုက်ရခင် မသာအရင်ပေါ်လိမ့်မည်။
တစ်ခါကြည့်ရုံနဲ့ ပြန်လှည့်ချင်စိတ် ပေါက်မိသည့် ရေတံခွန် ဖြစ်သည်။လာမိတာတောင် မှားပြီလို့ ထင်နေကြတော့သည်။
"ငါမင်းတို့ကို ပြောတာက ဒီနေရာမဟုတ်ပါဘူး.....မင်းတို့က ငါ့ကို ပြောမယ်ဆိုတာချည်းဘဲ...."
"မင်းဘဲ ရောက်ပြီဆို"
"မင်းတို့ ရေတံခွန်ဘေးက ဂူကို တွေ့တယ်မလား.....အဲ့တာကို ဖြတ်ပြီးရင် ရေတံခွန်ကို ရောက်ပြီ...ဒီကနေတောင် ရေကျသံတွေကို ကြားနေရတယ်"
ရှောင်ကျန့်ပြောလိုက်လို့ ဂရုတစိုက် နားထောင်ကြည့်လိုက်တော့ ရေကျသံတွေကို ကြားလိုက်ရသည်။ထိုအခါမှ မျှော်လင့်ချက်လေးတွေက ပြန်ပြီး အသက်ဝင်လာလေသည်။
ရှောင်ကျန့်က ဦးဆောင်ပြီး ဂူထဲကို ဝင်လိုက်သည်။သူတို့က ဂူလို့ထင်ခဲ့ကြပေမဲ့ တကယ်တမ်းကျ မီးရထားလှိုင်ခေါင်းလို ပုံစံ ဖြစ်သည်။
သူတို့ တစ်ဖက်အစွန်းကို ရောက်တော့ သူတို့မြင်ရတဲ့ရေတံခွန်ဟာ ရှောင်ကျန့် ပြောသလိုပင် ဖြစ်သည်။ရှောင်ကျန့်ကတော့ ငါမှန်တယ်ဆိုတဲ့ဆိုဒ်နဲ့ ရှိနေလေသည်။
YOU ARE READING
ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)
Fanfictionရှောင်ကျန့် "ငါလေးက ဇာတ်လိုက်ကို မကြိုက်ဘူးဆို...ငါလေးက ဗီလိန်ကိုဘဲ ကြိုက်တာ" ဗီလိန်ဝမ်ရိပေါ် "မင်းသဘောဘဲ"