ရှောင်ကျန့် သူ့တစ်ကိုယ်လုံး နာကျင်နေသည်။သူသေတော့မှာလားဆိုပြီးလည်း တွေးနေမိသည်။သွေးတွေနဲ့ လဲနေတာတောင်မှ ဝမ်ရိပေါ် အဆင်ပြေရဲ့လားလို့ ကြည့်မိသည်။
'သူ ဘာမှမဖြစ်သွားဘူးဘဲ'
သူသေရမှာလားဆိုတာကို မသိတာကြောင့် တစ်ခုခု ပြောချင်ပေမဲ့ နာကျင်မှုကြောင့် ဘာမှမပြောနိုင်ပေ။
'ဒါဆိုလည်း ငါ့ရဲ့ မျက်လုံးတွေနဲ့ မင်းကိုပြောမယ်....မင်းနားလည်နိုင်မယ်လို့ မျှော်လင့်တယ်....
ကျေးဇူးဘဲ ရိပေါ်.... ဘာကိုမှ အလေးမထားတဲ့ ငါ့ဘဝထဲကို ရောက်လာပေးလို့....အချစ်ဆိုတာကို ကြောက်ရွံတဲ့ငါ့ကို ချစ်တတ်စေခဲ့လို့.....နာကျင်မှုဆိုတာကို နားလည်စေခဲ့လို့.....နောက်ဆုံး ငါ့ဘဝရဲ့ ဖြစ်တည်မှုအဖြစ် ရှိနေပေးခဲ့လို့.....အားလုံးအတွက် ကျေးဇူးပါ ရိပေါ်'ထို့နောက် ရှောင်ကျန့်ဟာ အမှောင်ကျသွားတော့သည်။သူ့ကိုယ်သူ ဘာရောက်နေမှန်းတောင် မသိတော့သည်အထိ။
............
ရှောင်ကျန့်ရဲ့ လိပ်ပြာဟာ အဖြူရောင် ပန်းခင်းကြီးတစ်ခုဆီ ရောက်နေလေသည်။ထိုပန်းခင်းကြီးဟာ ဝတ္ထုထဲ မရောက်ခင်က ရှောင်ကျန့်နေခဲ့တဲ့ မိဘမဲ့ဂေဟာနားက ပန်းခင်းကြီး ဖြစ်သည်။
'ငါ....ငါဘယ်လိုလုပ်....ဒီရောက်နေတာလဲ'
သူလှည့်ပတ်ကြည့်နေတုန်း ပန်းခင်းတွေကြားမှာ ရှိုက်သံပိစိလေးကို ကြားလိုက်ရသည်။ထိုအသံထွက်တဲ့နေရာဆီ သွားကြည့်လိုက်တော့ ပန်းတွေကြား ဒူးနှစ်ဖက်ပေါ် ခေါင်းတင်ပြီး ငိုနေတဲ့ ကလေးလေးကို တွေ့လိုက်ရသည်။
"ဖေဖေ....မေမေ...."
ရှောင်ကျန့် ထိုပုံရိပ်လေးကို အရမ်းရင်းနှီးနေသည်။ဘာလို့ဆို ထိုကလေးလေးဟာ သူကိုယ်တိုင် ဖြစ်နေတာကြောင့်ပင်။
သူ့ရဲ့ မိဘတွေဟာ သူငါးနှစ်အရွယ်မှာ လေယာဥ်ပျက်ကျမှုထဲ ပါသွားခဲ့သည်။သူကတော့ မိဘမဲ့တစ်ယောက် ဖြစ်လာခဲ့သည်။မိဘတွေရဲ့ အမွေတွေဟာလည်း အမျိုးတွေလုယူလို့ ကုန်သွားပြီး မိဘမဲ့ဂေဟာကို အပို့ခံခဲ့ရသည်။
ရှောင်ကျန့် သူ့ရဲ့ပုံရိပ်ကိုကြည့်ပြီး မျက်ရည်ကျမိသည်။ထို့နောက် နေရာဟာ ပြောင်းသွားလေသည်။သူဟာ မိဘမဲ့ဂေဟာထဲရှိ ကစားကွင်းကို ရောက်သွားသည်။
YOU ARE READING
ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)
Fanfictionရှောင်ကျန့် "ငါလေးက ဇာတ်လိုက်ကို မကြိုက်ဘူးဆို...ငါလေးက ဗီလိန်ကိုဘဲ ကြိုက်တာ" ဗီလိန်ဝမ်ရိပေါ် "မင်းသဘောဘဲ"