(25)ဘဲပစ်ခံရမဲ့ကောင်

13.9K 1.6K 72
                                    

ရှောင်ကျန့်ဟာ မroတတ်တဲ့ ဝမ်ရိပေါ်ကြောင့် စိတ်ညစ်နေသည်။ထို့ကြောင့် အကြံမျိုးစုံ ထုတ်တော့သည်။

'ဝမ်ရိပေါ်ရေ...တစ်ခါလောက်ဘဲ roကြည့်ပါလား'

ဝမ်ရိပေါ်ဟာ အခုဆေးရုံမှာ ရှောင်ကျန့်နဲ့ အတူရှိနေ​ေ သည်။ကျောင်းပိတ်ရက်မို့ အဖော်လာနေပေးတာ ဖြစ်သည်။နောက်နေ့ဆို ရှောင်ကျန့်ဟာ ဆေးရုံက ဆင်းမှာမို့ ဒီနေ့မှာ အကြံအားလုံး အကောင်အထည် ဖော်ရမည် ဖြစ်သည်။

"ရိပေါ် ......ငါပန်းသီးစားချင်လို့ လှီးပေးပါလား"

"အွန်း"

ရှောင်ကျန့်ဟာ ပန်းသီးလှီးနေတဲ့ ဝမ်ရိပေါ်လက်လေးတွေကို ကြည့်ပြီး ပြုံးနေလေသည်။

'အရမ်းချစ်ဖို့ကောင်းတာဘဲ....ငါ့လက်ထက်ကြီးတော့ အရမ်းမိုက်တယ်'

"ရပြီ....စားတော့"

"ဟိုဟာလေ......ငါ့လက်က နာနေသေးတယ်....အဲ့တော့ ခွံ့ကျွေးပါလားဟင်"

"အွန်း"

ဝမ်ရိပေါ်ဟာ ရှောင်ကျန့်ကသူ့ကို အကြံနဲ့ကျွေးခိုင်းနေမှန်း သိလေသည်။သို့သော် ချစ်သူကို နူးညံ့စွာ ပြောဆိုရမည်ဟု ဖတ်ဖူးတာကြောင့် မငြင်းလိုက်ပေ။

'Roပြီ.....ဒီတစ်ခါ တကယ်roပြီ....ရှောင်ကျန့်အစွမ်း အံ့မခန်းဘဲ ဟားဟား'

ဝမ်ရိပေါ်တစ်ယောက်  ပန်းသီးကျွေးရန် ပြင်နေစဥ်မှာဘဲ တစ်စုံတစ်ယောက် ရောက်လာလေသည်။

"ရှောင်ကျန့်.....ငနာကောင်.....မင်းက ကျောင်းလာတာတောင် ငါ့ကို လာမတွေ့ဘူးပေါ့...မင်းနေကောင်းမှ ငါနဲ့တွေ့မယ်"

'ရန် ချူး ဖေ......သောက်သာသနာဖျက်ကောင်.....အဲ့တာကြောင့် စော်မရှိတာ....ဘဝဆက်တိုင်း faဖြစ်မဲ့ကောင်....ငှက်ပျောတုံး ဖက်သေမဲ့ကောင်'

"မင်းဘာလာလုပ်တာလဲ"

"မင်းကို လာတွေ့တာလေ....အမ်....ပန်းသီးစားနေတာလား....ငါ့ကိုကျွေးဦး...ငါမင်းဆီရောက်မှစားမယ်ဆိုပြီး ဘာမှစားမလာခဲ့ဘူး....မနေ့က ဂိမ်းဆော့တာ နောက်ကျသွားလို့ နောက်ကျမှ နိုးလာတာ....အမေက နောက်ကျလို့ မနက်စာ မချန်ထားဘူး..."

ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)Where stories live. Discover now