ရှောင်ကျန့်ဟာ စာကိုအသေအကြေ ရန်ဖြစ်နေသည့်အလား လေ့လာနေသည်။သူ့ရဲ့ ပန်းတိုင်အတွက် အချိန်မဖြုန်းနိုင်ပေ။ထို့ပြင် သူ့ရဲ့အရင်ဘဝမှာ အထက်တန်းကို ဖြတ်သန်းဖူးသည့်အတွက် သိပ်တော့ မဆိုးပေ။
ရန်ချူးဖေဟာလည်း သူနဲ့အတူ စာလာလုပ်သည်။နှစ်ယောက်သားဟာ စာလုပ်တိုင်း ရန်ဖြစ်တာများသည်။
"မင်းက ငတုံးလား.....ဒီပုံသေနည်း သုံးရမှာကို မသိဘူးပေါ့.....ငါ့လို ငတုံးတောင် သိတာကို"
"ရှောင်ကျန့်.....ငါ့က မင်းလို စာပြပေးပြီး ချိုချိုချဥ်ချဥ်လေးတွေ ပြောပေးမဲ့ ရည်းစားမရှိဘူးကွ...အဲ့တော့ မသိတာ ဆန်းလား"
"စာကစာ....ရည်းစားကရည်းစား....မင်းတုံးရင်တုံးတယ်ပေါ့"
"မင်းလည်း ငတုံးဘဲကို.....လာမဖဲ့ပါနဲ့"
"ငါ့ထက်တုံးနေလို့ ပြောနေရတာကွ"
"မင်းက အနူတောမှာ လူချောဖြစ်ရုံလေးပါ"
"ဘယ်လိုဘဲဖြစ်ဖြစ် လူချောဆိုတာက အမှန်တရားဘဲ....အခုငါမင်းကို စာသင်ပေးမယ်"
ထိုစကားကြောင့် ဘေးမှာ သူ့စာသူလုပ်နေတဲ့ ဝမ်ရိပေါ်က ရှောင်ကျန့်ကို ကြည့်လိုက်ပြီး တွေးနေမိသည်။
'မသိတဲ့သူတဲ့ မတတ်တဲ့သူကို သင်နေတယ်.....အရမ်းကို လိုက်ဖက်တဲ့ သင်ကြားမှုဘဲ'
ရှောင်ကျန့်ဟာ သူသိတာတွေကို သူထင်တာတွေနဲ့ ပေါင်းစပ်ကာ သင်နေလေသည်။ရန်ချူးဖေကလည်း ရှောင်ကျန့်အား ယုံကြည်ကိုးစားကာ ဂရုတစိုက် နားထောင်နေသည်။
ဝမ်ရိပေါ်ကတော့ ရှောင်ကျန့်ရဲ့ အမှားတွေကို ကြားပြီး သေချာနားထောင်နေတဲ့ ရန်ချူးဖေအား တအံ့တသြဖြစ်မိသည်။
"ငါပြောတဲ့အတိုင်း တွက်ကြည့်လိုက်......ပြီးရင် အဖြေကို ပြန်ကြည့်.....ကွက်တိ ဖြစ်စေရမယ်"
"Ok"
၁၅မိနစ်လောက် ကြာပြီးနောက်
"တွက်လို့ပြီးပြီ....အဖြေပြန်ကြည့်တော့မယ်"
ရန်ချူးဖေဟာ ယုံကြည်မှုရှိစွာနဲ့ အဖြေကို လှန်ကြည့်လိုက်လေသည်။အဖြေကြည့်ပြီးနောက် တအံ့တသြ ဖြစ်သွားလေသည်။
YOU ARE READING
ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)
Fanfictionရှောင်ကျန့် "ငါလေးက ဇာတ်လိုက်ကို မကြိုက်ဘူးဆို...ငါလေးက ဗီလိန်ကိုဘဲ ကြိုက်တာ" ဗီလိန်ဝမ်ရိပေါ် "မင်းသဘောဘဲ"