ရှောင်ကျန့်ဟာ ရှောင်ရှန်းရှန်းအား အချိန်မှီ ဆွဲလိုက်နိုင်သော်လည်း အရှိန်လွန်သွားပြီး ချောက်ထဲ ပြုတ်ကျလုနီးနီး ဖြစ်သွားလေသည်။
သို့သော် ကိုယ်ကို တစ်ပတ်လည်လိုက်တာကြောင့် တခြားနေရာသို့ လဲကျသွားတော့သည်။အကုန်လုံးဟာ ချောက်ထဲ မပြုတ်ကျသွားတာကြောင့် စိတ်အေးသွားသည်။ဒါပေမဲ့ ရှောင်ရှန်းရှန်းရဲ့ အော်သံကြောင့် စိတ်အေးမှုများက လွင့်ပါးသွားရသည်။
"သွေး......သွေးတွေ"
မူယဲ့ချန်းဟာ စိုးရိမ်လွန်းလို့ ရူးမတတ် ဖြစ်သွားလေသည်။သူဟာ အမြန်ပြေးလာပြီး ကြည့်လိုက်တော့ သွေးတွေက ရှောင်ရှန်းရှန်းဆီက မဟုတ်ဘဲ ရှောင်ကျန့်ဆီက ဖြစ်နေသည်။
ရှောင်ကျန့် လဲကျသွားတဲ့နေရာမှာ ကျောက်တုံးတစ်တုံး ရှိနေခဲ့ပြီး ရှောင်ကျန့်ခေါင်းနဲ့ ဆောင့်မိသွားတာ ဖြစ်သည်။
ဝမ်ရိပေါ်တစ်ယောက် သူ့နှလုံးသားတစ်ခုလုံး မီးမြှိုက်ထားသလို ခံစားလိုက်ရသည်။သူဟာ သတိမေ့နေတဲ့ ရှောင်ကျန့်အား ပွေ့ချီပြီး တောင်ပေါ်က အမြန်ဆင်းတော့သည်။
တစ်ခြားသူတွေကလည်း ဝမ်ရိပေါ်နောက်ကနေ လိုက်ရတော့သည်။တောင်ပေါ်မှာ ကျန်ခဲ့တာကတော့ ကျောက်ရုပ်လို ငြိမ်နေတဲ့ ရှောင်ရှန်းရှန်းနဲ့ သူမကို ဖက်ထားပေးတဲ့ မူယဲ့ချန်းသာ ကျန်နေခဲ့တော့သည်။
............ဝမ်ရိပေါ်ဟာ ခွဲစိတ်ခန်းရှေ့တွင် တုန်လှုပ်စွာ ထိုင်နေခဲ့သည်။သူ့ဘေးတွင် လုဖုန်းစီနဲ့ ရန်ချူးဖေက နှစ်သိမ့်ပေးနေသည်။ရှောင်ယုတို့ကို လှမ်းအကြောင်းကြားထားကာ သူတို့ကလည်း လေယာဥ်နဲ့ ချက်ချင်းလိုက်လာနေကြသည်။
"ငါ ခွဲစိတ်ခန်းရှေ့ကို ထပ်ရောက်ပြန်ပြီ"
ဝမ်ရိပေါ်ဟာ ဝမ်းနည်းပူဆွေးကာ ပြောလိုက်သည်။သူ့မျက်လုံးတွေဟာ နီရဲနေပြီး အဆုံးမဲ့ ဝမ်းနည်းနေပုံရသည်။
"ရှောင်ကျန့်..... အဆင်ပြေမှာပါကွာ"
"မင်းတို့သိလား.....ငါသူ့ကို မကာကွယ်နိုင်တာ နှစ်ခါ ရှိသွားခဲ့ပြီ....အန္တရာယ်ရှိမှန်း ကြိုသိနေပါလျက်နဲ့ သေချာမစောင့်ရှောက်နိုင်ခဲ့သလို မျက်စိရှေ့မှာတင် အန္တရာယ်ကြုံတာကို မကာကွယ်နိုင်ခဲ့ဘူး"
ESTÁS LEYENDO
ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)
Fanficရှောင်ကျန့် "ငါလေးက ဇာတ်လိုက်ကို မကြိုက်ဘူးဆို...ငါလေးက ဗီလိန်ကိုဘဲ ကြိုက်တာ" ဗီလိန်ဝမ်ရိပေါ် "မင်းသဘောဘဲ"