မနက်မိုလင်းတော့ ရှောင်ကျန့်ဟာ ပန်ဒါဖြစ်နေတော့သည်။တစ်ညလုံး ထိုင်ဆဲမိတဲ့ အကျိုးကျေးဇူးကြောင့် ဖြစ်သည်။
ရှောင်ရှန်းရှန်းကတော့ ရှောင်ကျန့် နာမည်ကြီးလာတာကြောင့် ဒေါသထွက်နေတော့သည်။အစက သူမမှာ သူများအား မနာလိုတာမျိုး ဒေါသထွက်တာမျိုး မရှိခဲ့ပေ။ရှောင်ကျန့် မူယဲ့ချန်းကို သဘောကျပြီးနောက်ပိုင်းမှသာ သူမရှောင်ကျန့်အပေါ် မကျေမနပ်တွေ ဖြစ်လာခဲ့သည်။
မူယဲ့ချန်းကို သူမရဲ့ ခင်ပွန်းလောင်းအဖြစ် ယူဆထားတဲ့အတွက် ရှောင်ကျန့်အား မပေးနိုင်ပါ။ထို့ပြင် ရှောင်ကျန့်ဟာ ချောပေမဲ့ ခန့်ခန့်ညားညားချောတာမဟုတ်ပေ။သူဟာ မိန်းမတွေရှုံးလောက်အောင် မိန်းမချော ချောလေသည်။
ထို့ကြောင့် သူမစိတ်ထဲ မနာလိုမှုတွေ ကိန်းအောင်လာတာ ဖြစ်သည်။ကျောင်းရောက်တော့ အရင်က သူမအား အားကျသလိုကြည့်တဲ့အကြည့်တွေ မရှိတော့ဘဲ ရှောင်ကျန့်အား သဘောကျသလိုကြည့်တဲ့ အကြည့်တွေသာ ရှိတော့သည်။
ရှောင်ရှန်းရှန်းဟာ ဒေါသထွက်သွားကာ ရှောင်ကျန့်အား ဝင်တိုက်ပြီး အမြန်သွားတော့သည်။
ရှောင်ကျန့်ခမျာ ဝင်တိုက်ခံလိုက်ရတာကြောင့် အိပ်ချင်တာတောင် ပြေသွားလေသည်။ထို့နောက် ကျောင်းကလူတွေရဲ့ အကြည့်ကို ခံစားမိတာကြောင့် ကိုယ်ကို မတ်ကာ ယုံကြည်မှုရှိရှိ လျှောက်တော့သည်။
အောက်မကြည့်ဘဲ မော့ထားတာကြောင့် ခဲလုံးအား ခလုတ်တိုက်ပြီး မှောက်ခုံကြီး လဲကျသွားတော့သည်။
"အိုး.....မြေကြီးက အေးနေတာဘဲ.....မင်းတို့လည်း ငါ့လို လာလှဲကြည့်ပါလား"
အရှက်ပြေ ချောင်းဟန့်ပြီး ရီပြလိုက်သည်။ထိုအရာကို အစအဆုံး မြင်လိုက်တဲ့ ဝမ်ရိပေါ်ကတော့ ခေါင်းခါလိုက်ပြီး မြေကြီးပေါ်က မထရသေးတဲ့ ရှောင်ကျန့်အား ကျော်ကာ ထွက်သွားတော့သည်။
ရှောင်ကျန့် အူယားဖားယား ထကာ ဝမ်ရိပေါ်နောက်က လိုက်တော့သည်။အမြန်လျှောက်ပြီးနောက် ဝမ်ရိပေါ်အား မှီသွားတော့သည်။
STAI LEGGENDO
ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)
Fanfictionရှောင်ကျန့် "ငါလေးက ဇာတ်လိုက်ကို မကြိုက်ဘူးဆို...ငါလေးက ဗီလိန်ကိုဘဲ ကြိုက်တာ" ဗီလိန်ဝမ်ရိပေါ် "မင်းသဘောဘဲ"