အခုကတော့ ယောကျ်ားလေးတွေရဲ့ ပြိုင်ပွဲကို ရောက်ရှိလာတော့သည်။ကောင်လေးတွေဟာ သူတို့ကောင်မလေးတွေရဲ့ ကောင်းတဲ့အချက်မှန်သမျှကို ပြောလေသည်။
ရှောင်ကျန့်တို့ရဲ့ အရှေ့အတွဲက ကောင်လေးဟာ သူ့ချစ်သူကောင်မလေးကို အရမ်းချစ်ပုံပေါ်သည်။
"မင်းကောင်မလေးရဲ့ ချစ်ဖို့ကောင်းတဲ့အချက်တွေကို ပြောပြပါဦး"
ဒီအတွဲဟာ အမေးအဖြေတုန်းက ရှောင်ကျန့်တို့ထက် နှစ်မှတ်သာ နည်းသည်။သူတို့က နိုင်ဖို့အကောင်းဆုံးအတွဲမို့ ရှောင်ကျန့် သေချာကြည့်နေမိသည်။
"ကျွန်တော့်ကောင်မလေးရဲ့ ချစ်ဖို့အကောင်းဆုံးအချက်တွေက အများကြီးဘဲ....ကျွန်တော်သဘောကျတဲ့ဟာတွေကို ပြောပြမယ်...
1.သူမက ရိုးသားတယ်
2.ချစ်ဖို့ကောင်းတယ်
3.ကျွန်တော့်ကို အရမ်းဂရုစိုက်တယ်
4.နားလည်မှုအပြည့်ရှိတယ်
5.သူတစ်ပါးကို ကူညီတတ်တယ်
6.တိရစ္ဆာန်ချစ်တတ်တယ်
7.လူကြီးတွေကို ရိုသေတယ်
8.အလုပ်တစ်ခုပေါ်မှာ ဇွဲရှိတယ်
9.ဟန်ဆောင်မှုကင်းတယ်
10.နောက်ဆုံးကတော့ ကျွန်တော့်ကို အရမ်းချစ်တယ်"အကုန်လုံးက လက်ခုပ်တီးပြီး အားပေးလိုက်ကြသည်။ဒီအတွဲဟာ နိုင်ဖို့သေချာသလောက်ရှိနေပြီ။
'ကောင်းလိုက်တာ....သူများတွေများ.....ခွေးစာတွေ မကျွေးကြပါနဲ့'
ဝမ်ရိပေါ်အလှည့် ရောက်လာတာကြောင့် ရှောင်ကျန့် သတိပေးလိုက်သည်။
"ငါ့ကို အကောင်းပြောပေးနော်....မပြောလို့ကတော့ မင်းသေပြီသာ မှတ်လိုက်"
ဝမ်ရိပေါ်ဟာ ရှောင်ကျန့်ပြောတာကို ဂရုမစိုက်ပေ။သူ့မှာ စိတ်လှုပ်ရှားတာတွေလည်း မရှိပေ။
"မင်းရဲ့ကောင်လေးအကြောင်း ပြောဖို့ အသင့်ဖြစ်ပြီလား"
"အွန်း"
ရှောင်ကျန့်တစ်ယောက် ဝမ်ရိပေါ်ပါးစပ်က ထွက်မဲ့စကားတွေကို ကြောက်ကြောက်လန့်လန့်နဲ့ နားထောင်နေရသည်။
"1.သူက စာညံ့တယ်"
'ငါ့ကို အရှက်ခွဲနေတာလား'
ESTÁS LEYENDO
ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)
Fanficရှောင်ကျန့် "ငါလေးက ဇာတ်လိုက်ကို မကြိုက်ဘူးဆို...ငါလေးက ဗီလိန်ကိုဘဲ ကြိုက်တာ" ဗီလိန်ဝမ်ရိပေါ် "မင်းသဘောဘဲ"