(33)Psychoချစ်သူ

12.1K 1.4K 16
                                    

ရှောင်ကျန့်တို့ကားဟာ minibusလေးမို့ သူတို့၆ယောက်နဲ့ဆို ချောင်နေလေသည်။ဝမ်ရိပေါ်နဲ့ ပူးကပ်ချင်နေတဲ့ ရှောင်ကျန့်တစ်ယောက် အဖေဖြစ်သူကို ဆူချင်နေသည်။

'အစောကြီးထဲက လူနည်းနည်းလေးလို့ ပြောထားတာကို.....ကားကြီးကြီး ငှားပေးရလားလို့....ကျပ်ပိတ်သိတ်နေမှ ကောင်းမှာကို'

နေရာကျယ်တာကို ကြိုက်တဲ့ သားလေးအတွက် ကားကိုကြီးအောင်စီစဥ်ပေးလိုက်တဲ့ ပါးပါးရှောင်ယု '........'

ကားပေါ်တွင် နှစ်ယောက်ခုံကို တစ်ယောက်ထဲ ထိုင်ရင်တောင် လုံလောက်လေသည်။ရှောင်ကျန့်ဟာ ဝမ်ရီပေါ်နား သွားထိုင်ရန် ပြင်လိုက်ပေမဲ့ ရှောင်ရှန်းရှန်းကို ကြည့်မိတော့ သူမဟာ သူ့ဘာသူ တစ်ခုံသက်သက် ထိုင်နေတာကြောင့် သူလည်း ဝမ်ရိပေါ် အ​နောက်ခုံမှာဘဲ ထိုင်လိုက်ရတော့သည်။

'ရည်းစားနဲ့ ချစ်ကြည်နူးမို့ ခရီးထွက်ပါတယ်ဆိုမှ....စဥ်းစားတိုင်း ပါးပါးရှောင်ယုကို ယောကျ်ားပေးစားချင်လာတယ်'

ရှောင်ကျန့်တစ်ယောက် စိတ်ပျက်နေစဥ် ရန်ချူးဖေအသံ ထွက်လာလေသည်။

"အယ်....ရှောင်ကျန့်....မင်းနဲ့ရိပေါ်နဲ့က ရည်းစားတွေဟာကို ဘာလို့ အတူတူ မထိုင်တာလဲ..."

ရှောင်ကျန့်မျက်လုံးဟာ ဝင်းလက်သွားပြီး ရန်ချူးဖေအား ကြည်ညိုလေးစားသလို ကြည့်လိုက်သည်။

'ငါ့သူငယ်ချင်းလေးက အကောင်းဆုံးဘဲ'

သို့သော် ရန်ချူးဖေဟာ စကားကို ဆက်ပြောခဲ့သည်။

"မထိုင်တာလည်း ကောင်းပါတယ်....ကပ်နေရင် ပူနေမှာ....ဟုတ်တယ်မလား"

'ရန်ချူးဖေ.......အရူးကောင်.....ရုပ်ဆိုးကောင်.....ယောကျ်ားမရမဲ့ကောင်....faကောင်....မင်းကို သူငယ်ချင်းတော်ထားရတာက ရှေ့ဘဝက ပုဇွန်တွေကို ခေါင်းဖြုတ်ခဲ့လို့လားမသိပါဘူး....'

ရှောင်ကျန့်တစ်ယောက် ရန်ချူးဖေအား ရေခဲအကြည့်တွေ ပို့လွှတ်ပြီးနောက် မတော်တဆ တမင်တကာ အနောက်ကို ကြည့်လိုက်မိသည်။

ရှောင်ရှန်းရှန်းဟာ သူမရဲ့ နောက်ခုံကနေ မူယဲ့ချန်းအား ဖက်ထားပြီး ဖုန်းထဲက သူမပုံတွေကို ပြနေလေသည်။

ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)Tahanan ng mga kuwento. Tumuklas ngayon