(5)ဘယ်သူမှ မကယ်ဘူး

16.5K 1.9K 99
                                    

ရှောင်ကျန့် ကျောင်းက ပြန်ရောက်ကထဲက အိပ်နေတာ ဖြစ်သည်။ဝမ်ရိပေါ်ကို ဒေါသထွက်ရ၍ ပင်ပန်းနေပြီ ဖြစ်သည်။

အိပ်ရာက နိုးတော့ တံခါးခေါက်သံ ကြားလိုက်ရသည်။မားလို့ထင်၍ တံခါးဖွင့်ပေးလိုက်တော့ ကျက်သရေတုံးမ ရှောင်ရှန်းရှန်းအား တွေ့လိုက်ရသည်။

သူ့အား အပြစ်လုပ်ထားပြီး သူဘဲ အပြစ်လုပ်ထားသလို လာကြည့်နေတဲ့ ဇာတ်လိုက်မကြောင့် စောက်ကန်ပစ်ချင်လာသည်။

"ရှောင်ကျန့်....နေ့ခင်းက ဘာအချိုးချိုးတာလဲ"

"ဘာအချိုးချိုးလို့လဲ.....ငါမသိပါလား"

"ငါက နင့်အမလေ......နင်ငါ့ကိုဘဲ စာပြခိုင်းရမှာပေါ့"

"နင်က ဝမ်ရိပေါ်လောက်မှ မတော်တာ"

"ဒါဆိုလည်း ငါတို့ကို အရှက်မခွဲနဲ့လေ"

"ငါက မှန်တာပြောရုံလေးဘဲ....အခုတောင် နင့်နားမှာ ရပ်နေရတာ အသက်ရှုကြပ်ချင်လာတယ်....ရေမွှေးနံ့အပြင် ပုပ်အဲ့ပြီး နံစော်နေတဲ့ စိတ်ဓာတ်ကြောင့် အနံ့က ပြင်းလာတယ်"

"နင့်လို လူရာမဝင်တဲ့ အရှုံးသမားထက်တော့ သာသေးတယ်"

"အော်.....ဟုတ်တာပေါ့....ဟုတ်တာပေါ့.....အကျင့်မကောင်းတဲ့သူတွေက ဘယ်အရာမဆို သူတို့သာ မှန်တယ်လို့ တွေးတတ်ကြတယ်"

"နင်.....နင့်ကို မားနဲ့ တိုင်မယ်"

"တိုင်လေ....ငါမကြောက်ဘူး....ငါလည်း နင့်ငါ့ကို လှေကားပေါ်က တွန်းချတယ်လို့ ပြန်တိုင်လိုက်မယ်"

"အဲ့.....အဲ့တာက နင့်ငါ့ကို အရင်ရန်လာစတာလေ"

"ငါက စရင်တောင် ငါက နစ်နာသွားတဲ့သူမို့ နင့်အမှားဘဲ....ဒါကို မမေ့နဲ့..."

ရှောင်ရှန်းရှန်း ဒေါသတကြီး အခန်းထဲက ထွက်သွားတော့သည်။သူမထွက်သွားတာနဲ့ ရှောင်ကျန့်ဟာ သူ့အခန်းထဲက ပိုးသတ်ဆေးနဲ့ တစ်ခန်းလုံးကို လိုက်ဖြန်းတော့သည်။

"ဒီအခန်းထဲက ပိုးမွှားမှန်သမျှ အကုန်သေကုန်လောက်ပြီ....ကျက်သရေကို မရှိဘူး"

မကောင်းတဲ့ပိုးမွှားတွေ ရှိမနေအောင် ရေချိုးလိုက်ပြီးနောက် လန်းလန်းဆန်းဆန်း ဖြစ်သွားလေသည်။

ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)Donde viven las historias. Descúbrelo ahora