(1)ဝတ္ထုထဲ ရောက်ရှိလာခြင်း

43.4K 2.5K 344
                                    

ရှောင်ကျန့်တစ်ယောက် မူးနောက်နောက်နဲ့ နိုးထလာခဲ့သည်။သူမှတ်မိသည်က သူဝတ္ထုဖတ်ရင်း ဓာတ်တိုင်နဲ့ တိုက်မိကာ မေ့လဲသွားခဲ့သည်။

ဒါဆို အခုသူရောက်နေတာ ဆေးရုံများလား။မျက်လုံးဖွင့်ကာ ပတ်ဝန်းကျင်အား ကြည့်လိုက်တော့ ကြီးကျယ်ခမ်းနားတဲ့ အခန်းတစ်ခု ဖြစ်နေသည်။

'ငါသေပြီး နတ်ပြည်ရောက်နေတာလား'

သူမသေချင်သေးပေမဲ့ နတ်ပြည်ရောက်တယ်ဆိုတော့လည်း သေရတာ မဆိုးလှပေ။သူ့ရဲ့ နတ်သမီး အယောက်တစ်ထောင်က ဘယ်နားမှာလဲလို့ လိုက်ရှာနေစဥ် အခန်းထဲသို့ မိန်းမကြီးတစ်ယောက် ဝင်လာလေသည်။

ထိုမိန်းမကြီးက သူ့အား တွေ့တော့ ပျော်ရွှင်စွာနဲ့ လာဖက်တော့သည်။

'Wait!ငါ့အမေလို့တော့ လာမပြောနဲ့နော်'

"ကျန့်ကျန့်....သားဘာမှမဖြစ်လို့ပေါ့...မဟုတ်ရင် မားရင်ကွဲမှာ"

ရှောင်ကျန့် မျက်လုံးပြူးသွားလေသည်။သူက နတ်ပြည်မရောက်ဘဲ ဘယ်ကို ရောက်နေတာပါလိမ့်။

"သားက လှေကားပေါ်က ပြုတ်ကျတာလို့တော့ ယဲ့ချန်းက ပြောတယ်"

'ယဲ့ချန်း?ဒါဆို မူယဲ့ချန်းလား?'

ရှောင်ကျန့် သူဝတ္ထုထဲ ရောက်နေတာလားဆိုတာ သိချင်တာကြောင့် သူသိထားတာကို မေးလိုက်သည်။

"အမရှန်းရှန်းကကော ဘာပြောလဲ"

"ရှန်းရှန်းကတော့ သူမမြင်လိုက်တော့ မသိဘူးတဲ့"

'Wtf!တကယ်ကြီး ဝတ္ထုထဲ ရောက်လာတယ်ပေါ့'

ရှောင်ကျန့် သူမသေခင် ဖတ်ခဲ့တဲ့ ဝတ္ထုထဲကို ရောက်လာခဲ့ပြီ။ဒီဝတ္ထုထဲတွင် သူနဲ့နာမည်တူသော ရှောင်ကျန့်ဟာ အရံဇာတ်ကောင်လေးသာ ဖြစ်သည်။

​ပြောရရင်တော့ စောစောစီးစီးဂန့်မဲ့သူပေါ့။ဒီဝတ္ထုမှာ ဇာတ်လိုက်ဟာ မူယဲ့ချန်းဖြစ်သည်။မူယဲ့ချန်းဟာ ချောမောခန့်ညားပြီး ထက်မြတ်တဲ့ ယောကျ်ားလေးတစ်ယောက် ဖြစ်သည်။ကျောင်းတွင်လည်း စာအတော်ဆုံး ကျောင်းသားဖြစ်သည်။

မူယဲ့ချန်းမှာ သူငယ်ချင်းနှစ်ယောက်သာ ရှိသည်။ထိုနှစ်ယောက်ကတော့ ဒုတိယဇာတ်လိုက် လုဖုန်းစီနဲ့ ဗီလိန်ဝမ်ရိပေါ် ဖြစ်သည်။

ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)Hikayelerin yaşadığı yer. Şimdi keşfedin