(36)ငါ့လက်ချက်ဘဲ

11.2K 1.4K 24
                                    

ရှောင်ကျန့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့ ဝမ်ရိပေါ်ဟာ ရှောင်ကျန့်ကိုယ်လေးကို ဆွဲယူလိုက်ပြီး သူ့ရင်ခွင်ထဲ ထည့်လိုက်တော့သည်။ထို့နောက် ရှောင်ကျန့်နဖူးလေးအား အနမ်းပေးပြီး စကားတိုးတိုး ပြောလိုက်သည်။

"အခုတောင် အရမ်းဆိုးနေတာ....roများroပြလိုက်ရင် ဘယ်လောက်ဆိုးလိုက်မလဲ..."

ဝမ်ရိပေါ်ဟာ ရှောင်ကျန့်အကျင့်ကို သိလေသည်။အခု အလိုမလိုက်တာတောင် လျှောက်မွှေနေသည်။အလိုများ လိုက်ခဲ့ရင် ကောင်းကင်ဘုံကိုတောင် ရေကြီးရေလျှံအောင် လုပ်ပစ်လိမ့်မည်။

ရှောင်ကျန့်ရဲ့ ဆိုးပုံတွေကို တွေးမိတော့ သူချစ်နေမိတာကလည်း ဒီအချက်ကြောင့်ဘဲဆိုတာ သိလိုက်သည်။ထို့ကြောင့် ပြုံးမိသွားသည်။

ဒီအဆိုးလေးသာ ဆရာဝန်ဖြစ်လာခဲ့ရင် ဘယ်လိုတွေ လျှောက်မွှေမလဲဆိုတာကို စိုးရိမ်မိသည်။ဘာပဲဖြစ်ဖြစ် ဒီအမွှေစိန်လေးဟာ သူ့ချစ်ရသူမို့ အကောင်းဆုံး စောင့်ရှောက်ကာကွယ်သွားမည်သာ ဖြစ်သည်။
..................

နောက်တစ်နေ့ ရှောင်ကျန့်နိုးလာတော့ ဝမ်ရိပေါ်ရင်ခွင်ထဲ ရောက်နေတာကို တွေ့လိုက်ရသည်။ထို့ကြောင့် ချက်ချင်းမထဘဲ ငြိမ်နေလိုက်သည်။

'ဒီလို အခွင့်အရေးဆိုတာ ရခဲတယ်မလား....အဲ့တော့ အမိအရ ယူထားရမယ်'

ရှောင်ကျန့်ဟာ ဝမ်ရိပေါ်ရင်ခွင်ထဲ ခိုးပြုံးလိုက်ပြီး မူလကထက် တင်းတင်းလေး ဖက်လိုက်သည်။သူဖက်လိုက်တာကြောင့် ဝမ်ရိပေါ်ဆီက အသံထွက်လာလေသည်။

"နိုးနေရင် ထတော့...."

"ဟွန့်....မထပါဘူး.....အခုချိန်ထရအောင် ငါကအရူးလား"

"ထတော့.....မိုးလင်းနေပြီ..."

"ငါ့ကို morning kissပေးရင် ထမယ်"

ချက်ချင်းဆိုသလို ဝမ်ရိပေါ်ဟာ သူ့ကို ဖက်ထားတဲ့ ရှောင်ကျန့်အား အတင်းဆွဲဖယ်လိုက်သည်။ရုတ်တရက်မို့ ရှောင်ကျန့် ကြောင်သွားကာ သူအမှားလုပ်မိသွားလားဆိုပြီး ထိတ်လန့်သွားသည်။

သူထိတ်လန့်နေစဥ် သူ့နှုတ်ခမ်းပေါ်ရောက်လာတဲ့ နှုတ်ခမ်းတစ်စုံ။ဝမ်ရိပေါ်ဟာ ရှောင်ကျန့်ကို အုပ်မိုးပြီး နမ်းလိုက်တာ ဖြစ်သည်။

ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)Where stories live. Discover now