(20)ငါခွင့်မပြုဘူး

14.2K 1.6K 63
                                    

အခု ရှောင်ကျန့်တို့အတန်းမှာ ရောက်ယက်ခတ်နေလေသည်။အကြောင်းကတော့ မနက်ဖြန်ဆို ကျောင်းဖျော်ဖြေပွဲရှိပြီး အတန်းသားတော်တော်များများ ပါဝင်ကြမှာ ဖြစ်သည်။

ဒီနေ့ကတော့ အားကစားပွဲလည်း ရှိတာကြောင့် မပါဝင်ရပေမဲ့ ဘယ်သူ့မှ စာကို စိတ်မဝင်စားပါ။စာသင်နေတဲ့ဆရာကလည်း ဒါကို သိတာကြောင့် အားလပ်ချိန် ပေးလိုက်လေသည်။

အကုန်လုံး တက်ကြွနေတဲ့အချိန်မှာ ရှောင်ကျန့်ကတော့ မှိုင်တွေနေသည်။မနက်ဖြန်ဟာ သူ့အတွက် အရေးကြီးသည်။

ဝတ္ထုကို ပြောင်းလိုက်ရင်တောင် ဒီလိုမျိုး ထပ်ဖြစ်နိုင်သေးသည်။မနက်ဖြန်လာမဲ့ ကျောင်းဖျော်ဖြေပွဲဟာ ပွဲအစမှာတင် ပျက်သွားခဲ့ရသည်။လူသေမှုဖြစ်ခဲ့တာကြောင့် နောက်ဆို ဖျော်ဖြေပွဲ မလုပ်နိုင်တော့သည်အထိ ဝမ်းနည်းခဲ့ကြသည်။

'ငါပြောင်းနိုင်ပါ့မလား....ငါသွားမကယ်ရင်တောင် ဇာတ်လိုက်ဖြစ်တဲ့အတွက် ပေးသေမှာတော့ မဟုတ်လောက်ဘူး....ငါကယ်မှဖြစ်မယ်ဆိုရင်လည်း လူကိုယ်တိုင် ဝင်မကယ်တော့ဘူး'

ရှောင်ကျန့်ဟာ မနက်ဖြန်အတွက် အစီအစဥ်ဆွဲနေလေသည်။

"ဘာတွေ စဥ်းစားနေတာလဲ"

"ရိပေါ်.... မနက်ဖြန်တစ်ခုခု ဖြစ်မယ်ပြောရင် မင်းယုံမှာလား"

"အွန်း"

"ဘာလို့ ငါပြောတာကို ယုံတာလဲ"

"မင်းပြောတာကို ယုံတာမဟုတ်ဘူး....မင်းကို ယုံတာ"

". ...."

ရှောင်ကျန့် နူးနူးညံ့ညံ့ပြောတဲ့ ဝမ်ရိပေါ်စကားကြောင့် အရည်ပျော်ကျမလို ခံစားလိုက်ရသည်။သူဟာ ယုန်သွားလေးပေါ်အောင် ပြုံးပြလိုက်သည်။

'အိုး.....အမြဲနူးနူးညံ့ညံ့လေးတွေသာ ပြောနေမယ်ဆိုရင် သေပျော်ပြီ'

ဝမ်ရိပေါ်ဟာ ရှောင်ကျန့်အပြုံးကြောင့် ရင်တွေအရမ်းခုန်လာလေသည်။သူဖတ်ခဲ့တဲ့ ဝတ္ထုတွေက မှန်သည်ဟုလည်း ထင်လာသည်။ချစ်ရသူရဲ့အပြုံးက မနက်ခင်းနေရောင်ခြည်လို နွေးထွေးသည်။ဒါဟာ သူ့ရဲ့ ရေခဲနှလုံးသားအား အရည်ပျော်သွားစေသည်။

ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)Donde viven las historias. Descúbrelo ahora