အခုတော့ ရှောင်ကျန့်တို့ဟာ စိုက်ပျိုးမွေးမြူရေးခြံသို့ ခရီးဆက်နေလေသည်။ကားပေါ်တွင် ရှောင်ကျန့်ဟာ ဝမ်ရိပေါ်ရင်ခွင်ထဲ အိပ်ပျော်နေသည်။
ရှောင်ရှန်းရှန်းကလည်း မူယဲ့ချန်းပခုံးပေါ်တွင် အိပ်နေသည်။Faနှစ်ယောက်ဖြစ်တဲ့ ရန်ချူးဖေနဲ့ လုဖုန်းစီဟာ သူတို့မြင်နေရတဲ့မြင်ကွင်းကြောင့် နှာခေါင်းရှုံ့လိုက်သည်။
"သူတို့ဘဲကောင်းတယ်.....သာယာနေကြတာ"
"ဟုတ်တယ်......အပြစ်လုပ်ထားပေမဲ့ မဆူတဲ့ရည်းစားရှိတဲ့ ရှောင်ကျန့်ကို ငါတကယ် အားကျမိတယ်"
ရန်ချူးဖေဟာ ညည်းတွားလိုက်သည်။သူလည်း ရည်းစားလိုချင်ပေမဲ့ မရတော့လည်း မတတ်နိုင်ပေ။သူကဘဲ မယွလို့လား။ထိုဖူးစာရှင်ကဘဲ မမွေးသေးလို့လား။
Faဖြစ်ရတာ တကယ်တော့ မလွယ်လှပေ။တစ်ယောက်ထဲနေရတာ ကောင်းတယ်ဆိုပေမဲ့ အဖော်ရှိတာက ပိုကောင်းသည်မဟုတ်ပါလား။
Rs တွေရန်ဖြစ်တာကို မြင်ရင် ရည်းစားထားချင်စိတ် ကုန်သွားပေမဲ့ ရန်ဖြစ်ရင်း အချစ်တွေ တိုးလာတာကိုတော့ အသိအမှတ်ပြုရသည်။
ရန်ချူးဖေဟာ တစ်ယောက်ထဲ အတွေးနယ်လွန်ပြီး အိပ်ပျော်သွားတော့သည်။ရန်ချူးဖေ အိပ်ပျော်သွားတော့ လုဖုန်းစီဟာ ရန်ချူးဖေခေါင်းအား သူ့ပခုံးပေါ် တင်လိုက်လေသည်။
"သူများတွေကို အရမ်းအားကျမနေနဲ့....မင်းအလှည့်လည်း မကြာခင် ရောက်လာမှာပါ"
လုဖုန်းစီဟာ အကုန်လုံး အိပ်နေသည်ထင်ပြီး ပြောလိုက်တာ ဖြစ်ပေမဲ့ နိုးနေတဲ့ ရှောင်ကျန့်ကတော့ ကြားဖြစ်အောင် ကြားလိုက်သည်။
သူ့နှုတ်ခမ်းမှာ အပြုံးတစ်ပွင့်ပေါ်လာလေသည်။ဝမ်ရိပေါ်ဟာ သူပြုံးတာကို သိသည့်အလား သူ့ပါးကို ဖွဖွလေးဆွဲကာ ပြန်အိပ်ဖို့ အချက်ပြလိုက်သည်။
'ဝမ်ရိပေါ်က အိပ်နေတာတောင် ငါ့ကို ဂရုတစိုက်ရှိတယ်.....ချစ်ဖို့ကောင်းလိုက်တာ'
ရှောင်ကျန့်ဟာ ခေါင်းမော့ပြီး ဝမ်ရိပေါ်ပါးအား နမ်းကာ ပြန်အိပ်လိုက်သည်။သူနမ်းပြီးနောက် ဝမ်ရိပေါ်ဟာ ခေါင်းစောင်းပြီး သူ့နဖူးလေးအား ဖွဖွလေး နမ်းလိုက်သည်။ထိုအပြုအမူလေးဟာ ရှောင်ကျန့်ရဲ့ အိပ်မက်ကို လှစေခဲ့လေသည်။
......................
YOU ARE READING
ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)
Fanfictionရှောင်ကျန့် "ငါလေးက ဇာတ်လိုက်ကို မကြိုက်ဘူးဆို...ငါလေးက ဗီလိန်ကိုဘဲ ကြိုက်တာ" ဗီလိန်ဝမ်ရိပေါ် "မင်းသဘောဘဲ"