ရှောင်ကျန့်တစ်ယောက် နောက်အတန်းတက်တဲ့အထိ ပါးစပ်က နားရွက်တက်ချိတ်တော့မလို ပြုံးနေလေသည်။
သူ့ဘေးက တုဝမ်ဝမ်ကတော့ ဘာမှမပြောပေမဲ့ စူးလင်းယီကတော့ အားကျကြောင်း တဖွဖွ ပြောလာသည်။အစက ဆူညံတယ်လို့ ထင်ရတဲ့ စူးလင်းယီအသံဟာ နားဝင်ချိုနေသလို ခံစားရသည်။
"ရှောင်ကျန့်......ငါ့ကို မင်းနဲ့ ဝမ်ရိပေါ်တို့ရဲ့ အချစ်ဇာတ်လမ်းအကြောင်း ပြောပြပါလား....ငါ့ရဲ့ pageက followerလေးတွေကို ပြောပြရမယ်....နောက်ပေါ်လာမဲ့ groupတွေထက် သာမှရမယ်"
စူးလင်းယီဟာ ရှောင်ကျန့်အား အပူကပ်တော့သည်။အရမ်းအရမ်းကို ပြောပြချင်နေတဲ့ ရှောင်ကျန့်ကတော့ အိုက်တင်ခံကာ မူနေလိုက်သေးသည်။
ထိုအရာကြောင့် စူးလင်းယီက တုဝမ်ဝမ်ကိုပါ အဖော်စပ်လိုက်ပြီး အတင်းမေးတော့သည်။
"မင်းတို့က အရမ်းသိချင်နေမှတော့ ပြောပြရမှာပေါ့"
"အွန်း....ခရေစေ့တွင်းကျ အကုန်ပြောပြ....တစ်ခုမှတောင် ချန်မထားနဲ့"
"ကောင်းပြီ....သေချာနားထောင်"
"အွန်း"
အခြားစိတ်ဝင်စားတဲ့ ကျောင်းသားတွေကပါ နားစွင့်နေကြသည်။
"ငါနဲ့ ရိပေါ်က အထက်တန်းဒုတိယနှစ်ထိ ကျောင်းတူပေမဲ့ အတန်းတော့ မတူခဲ့ဘူး....တတိယနှစ်ကျမှ အတန်းတူခဲ့တာ....တစ်ယောက်နဲ့တစ်ယောက် မျက်မှန်းတန်းမိပေမဲ့ မခင်ကြဘူး....သူ့သူငယ်ချင်းနဲ့ ငါ့အမနဲ့က အရမ်းရင်းနှီးပေမဲ့ ငါတို့က သိတောင်မသိကြဘူး.... ဒုတိယနှစ်လောက်မှာပေါ့.....ငါအမှတ်ရသေးတယ်....အဲ့နေ့က မိုးတွေ အရမ်းရွာနေတာ...."
အကုန်လုံးက ရှောင်ကျန့်ရဲ့ ပေါက်ကရတွေကို မသိသောကြောင့် စိတ်ဝင်တစား နားထောင်နေကြသည်။စူးလင်းယီဆို မှတ်စုနဲ့ပါ ချရေးနေသည်။
"အဲ့မှာ ငါက ထီးပါပေမဲ့ ငါ့အမက ထီးမပါလာဘူး....ငါက သူမကို ထီးနဲ့ လွယ်အိတ်ပေးလိုက်ပြီး မိုးရေထဲ လမ်းလျှောက်လိုက်တယ်....မိုးရေကြောင့် တစ်ကိုယ်လုံး ရွဲရွဲစိုနေတာပေါ့....မိုးပိုရွာလေ ပျော်လေဘဲမို့လို့ အိမ်တန်းပြန်မဘဲ ပန်းခြံထဲ လျှောက်သွားလိုက်တယ်....အဲ့မှာ ငါ့နှလုံးသားကို အပိုင်သိမ်းလိုက်တဲ့ မြင်ကွင်းလေးကို မြင်လိုက်ရတယ်....လမ်းဘေးကြောင်လေးကို မိုးစိုမှာဆိုးလို့ ထီးမိုးပေးနေတဲ့ကောင်လေးကိုပေါ့"
STAI LEGGENDO
ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)
Fanfictionရှောင်ကျန့် "ငါလေးက ဇာတ်လိုက်ကို မကြိုက်ဘူးဆို...ငါလေးက ဗီလိန်ကိုဘဲ ကြိုက်တာ" ဗီလိန်ဝမ်ရိပေါ် "မင်းသဘောဘဲ"