"ဟားဟားဟား......."
ဒီရီသံကြီးကို အထက်တန်းကျောင်းရဲ့ရှေ့တွင် ကြားနေရတာ ဖြစ်သည်။တချို့က ရူးနေတဲ့ကျောင်းသားတစ်ယောက်ရဲ့ အသံလို့ ပြောပြီး တချို့က စာမေးပွဲ မဖြေနိုင်လို့ စိတ်ဆင်းရဲကာ အော်နေတဲ့ ကျောင်းသားရဲ့အသံ စသဖြင့် အမျိုးမျိုး ပြောနေကြသည်။
တကယ့်အမှန်တရားကတော့ နောက်ဆုံးစာမေးပွဲကြီး ပြီးသွားတာကြောင့် အပျော်လွန်နေတဲ့ ရှောင်ကျန့်ရဲ့ အသံဖြစ်သည်။
ကျောင်းကနေ ထွက်လာထဲက ဝင်ပေါက်မှာ အော်ရီနေတာ ဖြစ်သည်။သူ့ရဲ့ ငရဲခန်းထဲကနေ ထွက်လာနိုင်ပြီ ဖြစ်သည်။
"မရီစမ်းပါနဲ့.... မင်းကြောင့် ငါရှက်လာပြီကွ...."
"ချူးဖေ.....တိတ်တိတ်နေ....ငါ့ရဲ့အပျော်ကို မဖျက်ဆီးစမ်းပါနဲ့.....ဟားဟားဟား"
"တော်ပြီ....မင်းနဲ့ ကူမစောင့်ပေးတော့ဘူး....ကြာရင် ငါအရှက်ကွဲလိမ့်မယ်....မင်းရည်းစားလာမှ အော်ရီတော့....သွားပြီ...bye bye"
ရန်ချူးဖေဟာ ရှောင်ကျန့်နားက အမြန်ထွက်ပြေးလာသည်။မဟုတ်ရင် နဂိုထဲက စော်မရပါဘူးဆိုမှ အရူးနဲ့ သူငယ်ချင်းဆိုပြီး ပိုဆိုးသွားလိမ့်မည်။
အဲ့လို အရူမျိုးကို ဝမ်ရီပေါ်တစ်ယောက် ဘာကြည့်ပြီး ရွေးလိုက်မှန်း သူတကယ်မစဥ်းစားတတ်တော့ပေ။ဘာပဲဖြစ်ဖြစ် သူငယ်ချင်းဖြစ်သူ လူကောင်းနဲ့ ဆုံတာမို့ ပျော်ရွှင်မိသည်။
ရန်ချူးဖေ ပြန်သွားတော့ ရှောင်ကျန့်တစ်ယောက် ဝမ်ရိပေါ်လာရင် အဆူခံရမှာဆိုး၍ ထပ်မအော်တော့ပေ။တော်ကြာ သူ့ကို အရူးဆိုပြီး ထားသွားခဲ့ရင် ဘယ်လိုလုပ်မလဲ။
ဒီအတွေးကိုသာ ရန်ချူးဖေ သိပါက အဲ့နေရာမှာတင် ကိုယ့်ကိုယ်ကို သတ်သေလောက်သည်။ဘယ်လိုဘဲဖြစ်ဖြစ် ရှောင်ကျန့်ကတော့ ဝမ်ရိပေါ်ကလွဲပြီး ဘာကိုမှ စိတ်မဝင်စားပါ။
နည်းနည်းလောက်စောင့်ပြီးနောက် ရှောင်ကျန့်ဟာ အဝေးကနေ လျှောက်လာတဲ့ ဝမ်ရိပေါ်အား မြင်လိုက်ရသည်။သူဟာ ဝမ်ရိပေါ်ဆီကို သွားရန်ပြင်လိုက်စဥ် ဝမ်ရိပေါ်ကို တွဲထားတဲ့ ကောင်မလေးကြောင့် ခြေလှမ်းတွေ ရပ်သွားခဲ့သည်။
VOUS LISEZ
ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)
Fanfictionရှောင်ကျန့် "ငါလေးက ဇာတ်လိုက်ကို မကြိုက်ဘူးဆို...ငါလေးက ဗီလိန်ကိုဘဲ ကြိုက်တာ" ဗီလိန်ဝမ်ရိပေါ် "မင်းသဘောဘဲ"