ရှောင်ကျန့် ဒီရက်ပိုင်း ဝမ်ရိပေါ်ဟာ ထူးဆန်းနေသည်ဟု ထင်မိသည်။
"ချူးဖေ......မင်း ရိပေါ်ကို သတိထားမိလား.....သူက တစ်ခုခု ထူးဆန်းနေသလိုဘဲ"
"ဘယ်လိုထူးဆန်းတာလဲ"
"ငါ့ကို စာလုပ်တိုင်း အခေါက်များစွာ ပြန်တွက်ခိုင်းတဲ့သူက အခုကျ ငါက မတွက်ချင်ဘူးလို့လည်း ပြောလိုက်ရော မတွက်နဲ့တဲ့"
"အဲ့တော့ မကောင်းဘူးလား"
"ကျန်သေးတယ်....ငါမနေ့က အိမ်စာစာအုပ်မေ့ကျန်ခဲ့တယ်....အဲ့တာနဲ့ စိတ်ညစ်ပြီး အတန်းပြေးရအောင်လို့ပြောတော့ အင်းတဲ့.....ထူးဆန်းမနေဘူးလား"
"ထူးဆန်းတယ်....ငါ့လို ဆရာကြီးကို လာမေးတာ မင်းကံကောင်းတယ်....ငါ့ရဲ့ နှစ်ရှည်လများ စုဆောင်းချက်တွေအရ အဖြေက တစ်ခုထဲဘဲ"
"ဘာလဲဟင်"
"ဝမ်ရိပေါ်က မင်းကို......"
"အွန်း..."
"စာမေးပွဲကျစေချင်နေတာ"
"......."
ရှောင်ကျန့် မျက်နှာကြီး ရှုံ့မဲ့သွားသည်။သူ့ရဲ့ အားကိုးမရတဲ့ သူငယ်ချင်းကို ကြည့်ပြီး အတွေးတစ်ခုသာ ရှိတော့သည်။
'မင်းက ရည်းစားမရတာ မဟုတ်ဘူး....ရည်းစားက မင်းကို မရတာ'
..........
ကြီးကျယ်တဲ့ ခန်းမလို အခန်းကြီးတစ်ခုထဲမှာ သတ်လတ်ပိုင်း လူကြီးတစ်ယောက် ထိုင်နေလေသည်။"ဥက္ကဌ......ကျွန်တော်တို့ သခင်လေးကို ရှာတွေ့ပါပြီ"
ထိုစကားကြောင့် ထိုလူကြီးရဲ့ မျက်နှာဟာ အပြုံးတွေ ဝေဆာလာသည်။
"ငါ့သားလေး ကျန့်ကျန့်က ဘယ်မှာလဲ"
"သူက သခင်ကြီးရဲ့ မွေးစားညီ ရှောင်လုရှန်း(ရှောင်ပါးပါး)ဆီမှာပါ.....သူက သခင်လေးကို သူ့သမီးနဲ့ အမွှာဆိုပြီး သားအဖြစ် စောင့်ရှောက်ထားပါတယ်"
"ရှန်းအာက ငါ့ရဲ့ညီအကိုကောင်းဘဲ.....ငါသေပြီလို့ သိထားပေမဲ့ ငါ့သားလေးကို စောင့်ရှောက်ပေးထားတယ်"
"ဟုတ်တယ်.....သခင်လေးက အပူအပင်ကင်းကင်းနဲ့ နေနေတာပါ....ဘယ်လောက်ထိ အပူပင်ကင်းလဲဆို သူ့ရဲ့အဆင့်က နောက်ဆုံးအဆင့်ပါ...."
YOU ARE READING
ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)
Fanfictionရှောင်ကျန့် "ငါလေးက ဇာတ်လိုက်ကို မကြိုက်ဘူးဆို...ငါလေးက ဗီလိန်ကိုဘဲ ကြိုက်တာ" ဗီလိန်ဝမ်ရိပေါ် "မင်းသဘောဘဲ"