၈နှစ်ကြာပြီးနောက်
ရှန်ဟိုင်းရဲ့ နာမည်ကြီးဆေးရုံဖြစ်တဲ့ ရှန်းမူဆေးရုံတွင် ဆရာဝန်မလေးတွေ သူနာပြုမလေးတွေနဲ့ လူနာမိန်းကလေးတွေဟာ တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေလေသည်။
"ဒီနေ့က ဆရာဝမ် roundလှည့်မဲ့နေ့ဘဲ"
"ဟုတ်တယ်....ဒီအချိန်ဆို ဆေးရုံတစ်ခုလုံးက မိန်းကလေးတွေ ပျော်နေကြတာ"
ထိုအချိန်တွင် အေးစက်ကာ ချောမောလှတဲ့ မျက်နှာနဲ့ ဆရာဝန်ကုတ်အဖြူ ဝတ်ဆင်ထားတဲ့ ဝမ်ရိပေါ်ဟာ သူ့အကြောင်းပြောနေတဲ့ သူနာပြုလေးတွေကို ဖြတ်လျှောက်သွားတော့သည်။
အခုမှ ဆေးရုံရောက်လာတဲ့ ဂျူနီယာသူနာပြုလေးတွေကတော့ သူတို့ကို တစ်ချက်ပင် လှည့်မကြည့်ဘဲ ချေချသွားတဲ့ ဝမ်ရိပေါ်ကို ကြွေနေကြတော့သည်။
"အား.....ဘယ်အချိန်ချိန်ကြည့်ကြည့် အေးစက်နေတာဘဲ"
"ဒါကလည်း ဆွဲဆောင်မှုတစ်မျိုးဘဲ"
"နှလုံးအထူးကုထဲမှာ အငယ်ဆုံးဘဲ....အသက်၂၆နဲ့ အောင်မြင်နေတဲ့ဆရာဝန်....လုံးဝကို perfectဘဲ"
"အဲ့လောက်တောင်လား"
သူနာပြုလေးတွေနောက်မှ အသံတစ်သံ ထွက်ပေါ်လာလေသည်။သူနာပြုငယ်ငယ်လေးတွေဟာ ရုတ်တရက်မို့ လန့်သွားကြသည်။
"ဆရာရှောင်ကလည်း.... အသံလေးဘာလေး မပေးဘူး"
"ငါ့ယောကျ်ားရဲ့ကောင်းကြောင်းလေးတွေကို နားထောင်ကြည့်နေတာပါ..."
"ဆရာရှောင်လည်းနော်.....ပိုင်ဆိုင်ကြောင်း အရမ်းပြတာဘဲ....ရှင်က သူ့တစ်ကိုယ်လုံး ပိုင်တယ်လေ....ကျွန်မတို့က ငေးကြည့်ခွင့်လေးဘဲ ပိုင်တာပါနော်..."
"ဟုတ်တယ်ဟုတ်တယ်.....အမြဲစောင့်ကြည့်နေတာဘဲ...တကယ်တော့ ဆရာရှောင်က အာဟာရဗေဒပညာရှင် လုပ်ရမှာမဟုတ်ဘူး....CCTVလုပ်ရမှာ..."
"ဟားဟား....အကြံကောင်းသားဘဲ"
ရှောင်ကျန့်တစ်ယောက် သူနာပြုလေးတွေနဲ့ ခဏလောက် စကားပြောပြီးနောက် ထွက်သွားတော့သည်။ရှောင်ကျန့်လည်းသွားရော သူနာပြုလေးတွေဟာ အတင်းတုပ်တော့သည်။
CZYTASZ
ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)
Fanfictionရှောင်ကျန့် "ငါလေးက ဇာတ်လိုက်ကို မကြိုက်ဘူးဆို...ငါလေးက ဗီလိန်ကိုဘဲ ကြိုက်တာ" ဗီလိန်ဝမ်ရိပေါ် "မင်းသဘောဘဲ"