(29)သောက်ချောကြီး

12.6K 1.4K 26
                                    

ရှောင်ကျန့်ရဲ့ ဝမ်ရိပေါ်ကို သတိပေးမှုကြောင့် မူမိသားစုကို ရင်းနှီးမြှုပ်နှံမှု မလုပ်ဖြစ်တာဟာ မူမိသားစုအတွက် အတော်လေး ဒုက္ခရောက်သွားလေသည်။

မူမိသားစုရဲ့ ချေးငွေတွေကော လုပ်ငန်းရဲ့ကျရှုံးမှုတွေကြောင့် မူယဲ့ချန်းတစ်ယောက် စိတ်ညစ်နေရသည်။သူ့မှာ အကူအညီတောင်းစရာဆိုလို့ ဝမ်ရိပေါ်နဲ့ လုဖုန်းစီသာ ရှိသည်။

သို့သော် ဝမ်မိသားစုနဲ့ကိစ္စကို သိထားတာကြောင့် ဝမ်ရိပေါ်ကို အကူအညီတောင်းရန် မဖြစ်နိုင်တော့ပေ။ထို့ကြောင့် လုဖုန်းစီကိုသာ အကူအညီတောင်းရတော့သည်။

ဇာတ်လိုက်ဆိုတဲ့အတိုင်း ကျရှုံးဖို့ မဖြစ်နိုင်တာကြောင့် လုဖုန်းစီဆီက အကူအညီရခဲ့သည်။မူယဲ့ချန်းဟာ ခေါင်းဆောင်နိုင်သူပီပီ သူ့အဖေကိုလည်း လောင်းကစားမလုပ်နိုင်အောင် ထိန်းသိမ်းခဲ့သည်။

ထို့ပြင် လုပ်ငန်းကို အမြတ်ရစေမဲ့ ပရောဂျက်တစ်ခု ပြုလုပ်ပြီး အခြေအနေအားလုံးကို ထိန်းသိမ်းခဲ့တော့သည်။
...................

ရှောင်ကျန့်တစ်ယောက် စာတွေကို ကြိုးစားပမ်းစား လုပ်နေစဥ် အပြင်ဘက်မှာ ရှောင်ပါးပါးရဲ့ ဒေါသတကြီး တောက်ခေါက်သံကို ကြားလိုက်ရသည်။

အဲ့တာနဲ့ စပ်စပ်စုစု တံခါးကို အသာဟကာ ခိုးနားထောင်လိုက်သည်။

"ရှောင်ရှန်းရှန်း......နင်ဘာတွေလုပ်နေတာလဲ....ဟမ်.....ဘာကြောင့် တစ်ပတ်အတွင်း နင့်ဘဏ်ကဒ်ထဲက ပိုက်ဆံတွေ ကုန်သွားတာလဲ....နင့်ရဲ့ဘဏ်ကဒ်မှာ ယွမ်သိန်းနဲ့ချီ ရှိနေတာ.....အကုန်ဘယ်ရောက်သွားတာလဲ"

"ရှန်းရှန်း.....သမီးပါးပါးကို ဖြေလိုက်လေ.....မားတော့ သမီးဘာတွေလုပ်နေလဲ မတွေးတတ်တော့ဘူး....အသုံးအဖြုန်းကြီးတယ်လို့ ပြောရအောင်လည်း သမီးပစ္စည်းတွေ ဝယ်နေတာမဟုတ်ဘူး....အဲ့တာကြောင့် တစ်ခုဘဲ မေးစရာရှိတယ်....ဘယ်သူ့ကို ပေးနေတာလဲ"

ရှောင်ရှန်းရှန်းဟာ သူ့အမေရဲ့ မေးခွန်းကြောင့် ထိတ်လန့်သွားလေသည်။သူမရဲ့ငွေတွေဟာ ရှောင်ကျန့်အား လုပ်ကြံခိုင်းခဲ့သည့် လူဆိုးတွေကို ပေးနေရသည်။

ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)Donde viven las historias. Descúbrelo ahora