(51)အကြံအစည်

9.9K 1.1K 27
                                    

အချိန်ဟာ တစ်ပတ်ကြာသွားပြီး နောက်နှစ်ရက်နေရင် သူတို့အားလုံး ပေကျင်းသို့ သွားရတော့မည်ဖြစ်သည်။သို့သော် ရှောင်ကျန့်နဲ့ ဝမ်ရိပေါ်ကတော့ တစ်ယောက်နဲ့တစ်ယောက် အလျှော့မပေးကြသေးပေ။

မူယဲ့ချန်းဟာ ရှောင်ရှန်းရှန်း နိုင်ငံခြားသို့ ထွက်သွားပြီးနောက် ကုမ္ပဏီအလုပ်တွေနဲ့ အချိန်ကုန်နေတာ ဖြစ်သော်လည်း အခုတော့ ဝမ်ရိပေါ်အိမ်သို့ ရောက်နေလေသည်။

အရေးပေါ်အစည်းအဝေးဆိုပြီး ဝမ်ရိပေါ်ရဲ့ ဖုန်းခေါ်မှုကြောင့် အလုပ်တွေတောင် ထားခဲ့ပြီး ထွက်လာခဲ့ရသည်။ရောက်လည်းရောက်ရော သူ့အချစ်ရေးအတွက်တဲ့။ကိုယ်ကိုယ်တိုင်တောင် LDRSမို့ စိတ်ညစ်နေတာကို သူများအချစ်ရေးအတွက် အကြံပေးနေရသည်။

"မင်းပြောတာက.....မင်းဘက်က အလျှော့မပေးချင်တဲ့အတွက် သူ့ဘက်က အလျှော့ပေးအောင် လုပ်မယ်ပေါ့"

"ဟုတ်တယ်"

မူယဲ့ချန်းဟာ တည်ကြည်ပြီး ရည်းစားဆို ရှောင်ရှန်းရှန်းသာ ရှိသည့်အတွက် အတွေ့အကြုံနည်းလေသည်။ထို့ကြောင့် သူ့ဘေးမှာ ထိုင်နေတဲ့ လုဖုန်းစီကို ကြည့်လိုက်သည်။

"ဖုန်းစီ.....အကြံဆို မင်းပေးလိုက်....ငါက လက်တွေ့ပါဝင်ပေးမယ်....ငွေအားဖြစ်ဖြစ်....လူအားဖြစ်ဖြစ်"

"ဟုတ်တယ်.....ယဲ့ချန်းက ငါ့ထက်တောင် ဒူသေးတယ်"

ဝမ်ရိပေါ် စကားကြောင့် အဖဲ့ခံလိုက်ရတဲ့ မူယဲ့ချန်းဟာ မျက်နှာကြီး ရှုံ့မဲ့သွားသည်။

"ဒီလိုဆိုတော့လည်း ဆရာကြီးဖြစ်တဲ့ ငါက ကူညီရတော့မှာပေါ့"

ဝမ်ရိပေါ်ဟာ လုဖုန်းစီစကားလည်းကြားရော တစ်ခုခုကို ရုတ်တရက်တွေးမိသွားသည်။

"ငါမေ့နေတာ.....ချူးဖေကိုတောင် မလိုက်နိုင်သေးတဲ့မင်းက တကယ်ရော အကူအညီဖြစ်ရဲ့လား.....မင်းဘယ်လောက်ရည်းစားထားခဲ့ထားခဲ့.....အခုက faဘဲလေ"

ဝမ်ရိပေါ်စကားကြောင့် လုဖုန်းစီမှာ သွေးအန်မတတ် ဖြစ်သွားပြီး မူယဲ့ချန်းကတော့ မရယ်မိအောင် မနည်းထိန်းနေလေသည်။

"ငါဘဲ စဥ်းစားတာကောင်းတယ်....မင်းတို့နှစ်ယောက်ကတော့ ငါ့အကြံ ကောင်းမကောင်း အကြံပေးပေါ့ကွာ"

ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)Where stories live. Discover now