ဝမ်ရိပေါ်ဟာ ရှောင်ကျန့်အကြောင်းကို ရှောင်ကျန့်ထက် ပိုသိတဲ့သူဖြစ်တဲ့အတွက် ဆရာဝန်အလုပ်ဟာ ရှောင်ကျန့်နဲ့မဖြစ်နိုင်မှန်း သိလေသည်။
ထို့ကြောင့် တားခဲ့ခြင်း ဖြစ်လေသည်။သို့သော် တားမရခဲ့သည့်အတွက် လွှတ်ထားခဲ့သည်။ရှောင်ကျန့်အား စာသင်ပေးရင်းနဲ့မှ ရှောင်ကျန့်ကြိုးစားမယ်ဆိုရင်တောင် ဆေးအမှတ်ကို မမှီနိုင်မှန်း သိခဲ့သည်။
သို့သော် အခုလို ရှောင်ကျန့်ရဲ့ စိတ်ခံစားချက်ကို မတွက်မိတဲ့အတွက် နောင်တရမိသွားသည်။
"သူ့ကို ခဏလွှတ်ထားလိုက်ပါ....စိတ်ဆိုးပြေရင် ပြန်လာလိမ့်မယ်"
ရန်ချူးဖေက ဝမ်ရိပေါ်အား နှစ်သိမ့်ပေးလိုက်သည်။ဒါပေမဲ့ သူ့စိတ်ထဲ အနည်းငယ်ထူးဆန်းသလို ခံစားနေရသည်။ရှောင်ကျန့်နဲ့ ငယ်ငယ်ထဲက သူငယ်ချင်းမို့ ရှောင်ကျန့်ဟာ စိတ်ဆိုးလွယ်သူမဟုတ်မှန်း သိလေသည်။
ဝမ်ရိပေါ်လည်း သိမှာဖြစ်ပေမဲ့ ရည်းစားဇောနဲ့မို့ သတိထားမိပုံ မရပေ။ထို့ပြင် ရှောင်ကျန့်က ဆေးအမှတ်အမှီပေမဲ့ သူတို့ထင်ထားတာထက် အမှတ်များလေသည်။ပေကျင်းတက္ကသိုလ်က မေဂျာတစ်ခုလောက်တော့ ရနိုင်သည်။
သေချာစဥ်းစားကြည့်လေ ထူးဆန်းလေ ဖြစ်နေတာမို့ စိတ်ရှုပ်လာပြီး ဖုန်းသာကြည့်လိုက်လေသည်။နာရီဝက်လောက်ကြာတော့ Weiboကြည့်တာ ပျင်းလာတာကြောင့် ပိတ်ရန် ပြင်လိုက်သည်။သို့သော် ပိုစ့်တစ်ခုက သူ့အား ဆွဲဆောင်သွားလေသည်။
သူနဲ့ friendဖြစ်တာ မကြာသေးတဲ့ onlineက သူငယ်ချင်းအကောင့်က တင်ထားတာ ဖြစ်သည်။ခေါင်းစဥ်ဟာ 'အုပ်စုလိုက်blind dateလုပ်ရတာ ရင်ခုန်ဖို့ ကောင်းတယ်'ဆိုပြီး တင်ထားလေသည်။
ပုံထဲမှာ ယောကျ်ားလေး ၃ယောက် မိန်းကလေး ၃ယောက်ပါပြီး အဲ့ထဲက တစ်ယောက်ဟာ အရမ်းကို ရင်းရင်းနှီးနှီးရှိနေသည်။အဲ့တစ်ယောက်ဟာ ရင်းနှီးလွန်းလို့ သတ်ပစ်ချင်လောက်အောင် ဖြစ်မိတဲ့ အမောင်ရှောင်ကျန့်သာ ဖြစ်သည်။
"ရိပေါ်....ဒီမှာ ကြည့်ဦး"
ရှောင်ကျန့် စိတ်ဆိုးသွားတာကြောင့် စိတ်မပျော်မရွှင်ဖြစ်နေတဲ့ ဝမ်ရိပေါ်ဟာ ထိုပုံကို မြင်လည်းမြင်ကော ရေခဲအမှတ်ဟာ အောက်ဆုံးထိရောက်သွားပြီး အပူချိန်ဟာ minusရောက်တော့မဲ့အထိ အေးစိမ့်သွားလေသည်။
YOU ARE READING
ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)
Fanfictionရှောင်ကျန့် "ငါလေးက ဇာတ်လိုက်ကို မကြိုက်ဘူးဆို...ငါလေးက ဗီလိန်ကိုဘဲ ကြိုက်တာ" ဗီလိန်ဝမ်ရိပေါ် "မင်းသဘောဘဲ"