(48)Blind date

10.5K 1.2K 35
                                    

ရှောင်ကျန့်တစ်ယောက် ဆေးရုံက ဆင်းပြီးတာ တစ်ပတ်ကျော်နေပြီ ဖြစ်သည်။ဒီအတောအတွင်း ရှောင်ရှန်းရှန်းက သူ့အား လာရောက်တောင်းပန်လေသည်။

အတိတ်မေ့နေလို့ မမှတ်မိပေမဲ့ သူမရဲ့စိတ်ရင်းကို မြင်နေရတာကြောင့် ခွင့်လွှတ်ပေးလိုက်သည်။ထို့ပြင် သူမကလည်း မကြာခင် နိုင်ငံခြားသွားရတော့မည် မဟုတ်ပါလား။

ရှောင်ကျန့်ဟာ သူ့အား ပြောပြထားတဲ့ သူတို့ဇာတ်လမ်းကို နားထောင်ပြီးနောက် သူက တကယ်ကံကောင်းတယ်လို့ ခံစားရသည်။

အခြားboy loveအတွဲတွေလို မိဘတွေ ကန့်ကွက်တာ မရှိသလို အစစ်မတွေ ဝင်နှောင့်နေတာလည်း မရှိပေ။ရှောင်ရှန်းရှန်းကလည်း အန္တရာယ်ပေးခဲ့ပေမဲ့ အခုအသိတရား ရသွားပြီမို့ ထပ်လုပ်မှာ မဟုတ်တော့ပေ။

အဲ့တော့ တက္ကသိုလ်တက်မဲ့အချိန်ကစပြီး နောက်ပိုင်း အသက်ကြီးသွားတဲ့အထိ အန္တရာယ်ရှင်းနေပြီ ဖြစ်သည်။ဒါပေမဲ့ မထင်မှတ်ထားတာတွေ ဖြစ်နိုင်သေးတာမို့ သတိတော့ ထားရပေမည်။

"ဟေ့ကောင်.....ဘာတွေစဥ်းစားနေတာလဲ"

ရှောင်ကျန့်ဟာ သူ့အတွေးတွေကို လာဖျက်တဲ့ ရန်ချူးဖေအား မျက်စောင်းထိုးရင် မကျေမနပ် ပြောလိုက်သည်။

"မင်းလည်းနော်.....ရည်းစားမရှိတိုင်း ငါ့ဆီဘဲ လာနေတော့တာဘဲ"

"စေတနာကို နားမလည်တဲ့အကောင်....ဝမ်ရိပေါ် မအားလို့ ငါက အဖော်လာလုပ်ပေးတာကို....တော်ပြီ....ပြန်တော့မယ်"

"နေပါဦး....ငါကစတာကို...ဟီး"

"ဟွန့်"

"ဒါနဲ့ မေးစရာရှိတယ်"

"ဘာမေးမှာလဲ"

"ရိပေါ်က ဘာလျှောက်ထားလဲ"

"ဆေး...."

"Wow. .....တော်လိုက်တာ....အဲ့တာကြောင့် ငါ့ရည်းစားဖြစ်နေတာနေမယ်"

"မင်းလျှောက်ထားတာကော သိရဲ့လား"

"သေချာတယ်.....ငါလည်း ဆေးဘဲဖြစ်မှာ"

"ဘယ်လိုသိလဲ"

"ရိပေါ်က စာတော်တယ်မလား....."

ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)Where stories live. Discover now