(35)ငါးမိနစ်exလုပ်တမ်း

11.7K 1.4K 62
                                    

တစ်နေကုန် ကားစီးလာရတာမို့ စားသောက်ပြီးတာနဲ့ တဲထဲ ဝင်နားကြတော့သည်။ရှောင်ကျန့်ဟာ တက်ကြွနေသေးသော်လည်း အားလုံးက နားချင်နေတာမို့ ရွက်ဖျင်တဲထဲ ဝင်လိုက်ရတော့သည်။

"ရိပေါ်......နောက်၃လပြီးရင် စာမေးပွဲရလဒ် ထွက်တော့မှာ....အဲ့ကျလို့ ငါစာမေးပွဲ မအောင်ခဲ့ရင် ဘယ်လိုလုပ်မလဲ"

'ဝတ္ထုတွေထဲကလို 'မင်းဘာဘဲဖြစ်ဖြစ် ချစ်နေမှာ'လို့ ပြောမလား....'ဘာမှမဖြစ်ဘူး....မင်းကြိုးစားခဲ့တာဘဲ'လို့ ပြောမလား.....သူ့ရဲ့ roဆန်ဆန် စကားလေးကို ကြားချင်ပြီ'

ဝမ်ရိပေါ်ဟာ ရှောင်ကျန့်ကို လေးလေးနက်နက် ကြည့်ပြီး ပြောလိုက်တော့သည်။

"ပြန်ဖြေပေါ့...."

ခွမ်း

ရှောင်ကျန့်ရဲ့ စိတ်ကူးလေး ပျက်စီးသွားခဲ့ပြီ။ဒီတစ်သက် ဝမ်ရိပေါ်ဆီက ချိုမြိန်တဲ့စကားလေးတွေ ကြားရပါ့မလားလို့ စိုးရိမ်မိသွားသည်။

"မင်းစိတ်မဆိုးဘူးလား....ငါကျခဲ့ရင်..."

"အစထဲက မင်းအောင်မယ်လို့ တွေးမှမတွေးထားတာ...အဲ့တော့ စိတ်မဆိုးဘူး"

"မင်း.....အကျင့်မကောင်းဘူး"

ရှောင်ကျန့်ဟာ ကြောက်စရာကောင်းတဲ့ ဗီလိန်ကြီးကို ရိုက်ပါတော့သည်။ဝမ်ရိပေါ်ဟာ အသာတကြည်ဘဲ အရိုက်ခံလိုက်သည်။သူဟာ အရူးတစ်ယောက်နဲ့ ရန်ဖြစ်ရလောက်အောင် မတုံးအပေ။

ရှောင်ကျန့်တစ်ယောက် စိတ်ဆိုးဆိုးနဲ့ တဲထဲကနေ ထွက်ကာ ရန်ချူးဖေဆီ သွားတော့သည်။အိပ်ရန်ပြင်နေတဲ့ ရန်ချူးဖေဟာ ရှောင်ကျန့်ရောက်လာတာကြောင့် အလန့်တကြား ဖြစ်သွားသည်။

"ဘာလာလုပ်တာလဲ.....ငါအိပ်တော့မလို့"

"ရိပေါ်နဲ့ ရန်ဖြစ်လာလို့....မင်းဆီလာတာ"

"မင်းတို့rsတွေက အားတိုင်းယားတိုင်း ရန်ဖြစ်ကြပြီး ငါတို့လို faတွေဆီဘဲ ရင်လာဖွင့်ကြတယ်....အဲ့တာက 'မင်းတို့ရည်းစားမထားနဲ့....စိတ်ကုန်ဖို့ကောင်းတယ်'လို့ လာပြောနေသလိုဘဲ....အဲ့တာကြောင့် ငါတို့ faဖြစ်နေကြတာ....မင်းတို့ကြောင့်ပဲ....မင်းတို့လို သောက်လုပ်မရှိ သောက်လုပ်ရှာနေတဲ့ rsတွေကြောင့်ဘဲ"

ငါလေးက ဗီလိန်ရဲ့ fanအကြီးစား (Completed)Where stories live. Discover now