Uni
ပေကျင်းရဲ့ဆောင်းက ထုံးစံမပြတ်အေးစက်ခိုက်တုန်နေသည်။
မကြာမီရှင်းလန်မွေးနေ့ရောက်တော့မည်။
ရှင်းလန်လည်ပင်းက ရီဖေးပေးထတဲ့မာဖလာလေးကိုဆွဲတင်းကာ
ရှင်းလန်စိတ်တွေလေးနေမိသည်။
ညက အိပ်မက်ထဲကလူရဲ့မျက်နှာဟာ ရှင်းလန်အာရုံထဲ ဓာတ်ပုံရိုက်သကဲ့သို့မှတ်မိနေသည်။
ဝတ်စားဆင်ယင်ပုံနဲ့ အသက်အရွယ်အပိုင်းအခြားအနည်းငယ်သာကွာခြားလျက် ရီဖေးမှရီဖေး။
နောက်ပြီး အိပ်မက်ထဲက လူနာမည်ကလည်း ရီဖေး ။ရှင်းလန် ရီဖေးအပေါ်စွဲလန်းစိတ်နဲ့များထိုကဲ့သို့မက်နေမိလေသလားဝေခွဲရခက်နေမိသည်။
အတွေးတွေများကာစိတ်တွေရှုပ်နေတာမို့ အတန်းထဲကဆူညံညံလူတွေကြား တစ်ယောက်တည်းငြိမ်သက်နေမိသည်။
ရီဖေးက သူ့အလုပ်ကိစ္စမျိုးစုံနှင့်ရှုပ်နေမြဲမို့ အတန်းထဲတွင်ရှိမနေတာကြောင့်လည်း ရှင်းလန်အနှောက်အယှက်ကင်းကင်းအတွေးရေကြောမျောနေနိုင်တာပင်။သေချာတာကတော့ မေကွေ့ဆိုတဲ့အမျိုးသမီးရဲ့စိတ်ခံစားမှုမှာ ရှင်းလန်ဝိဉာဉ်ဝင်စားနေတာအတည်ပြုလို့ရနေပြီ။
မေကွေ့ဆိုတဲ့မိန်းမကဘာလဲ ဘယ်ခေတ်ကာလကဇာတ်လမ်းတွေမို့လို့ ၊ရှင်းလန်နဲ့ဘယ်လိုပတ်သတ်နေလို့
ရှင်းလန်အိပ်မက်တွေထဲအခန်းဆက်ဇာတ်လမ်းလို လာလာပုံပေါ်နေရတာလဲ။
ဒါမျိုးတွေက အကြားအမြင်ဆရာတွေကိုမေးသင့်သလား။
ထိုအိပ်မက်မျိုးမက်ပြီးတိုင်း ရှင်းလန်နှလုံးသားက ရီဖေးအပေါ်တွယ်တွယ်ရစ်ငင်လာသလိုခံစားနေရတာလည်း မိမိကိုယ်ကိုယ်သတိပြုမိနေပြီ။
ဘာတွေပတ်သတ်နေတာလဲ။ရီဖေးစိတ်ဝင်စားတဲ့ မိမိကျောကုန်းကမက်မုံပွင့်အမှတ်အသားကရော
အိပ်မက်ထဲကအမျိုးသမီးမှာရှိနေတာလား။
ဒါဖြင့် ရှင်းလန်အိပ်မက်ရဲ့အဖြေက ရီဖေးထံတွင်ရှိနိုင်သည်။အခုမှပြန်တွေးမိသည်။
- ရီဖေးဟာ မေကွေ့ပေါင်းများစွာနဲ့ပတ်သတ်နေခဲ့တဲ့အချက်
-နောက်ကျ ရှင်းလန်ကျောကအမှတ်ကိုစတွေ့တာနဲ့ ရှင်းလန်ကိုအသည်းအသန်စပူးကပ်အရောဝင်တော့တဲ့အချက်။
ဒါတွေဟာ သွေးရိုးသားရိုးမဖြစ်နိုင်။
ရှင်းလန်အိပ်မက်တွေနဲ့လည်းဒီလောက်အထိတိုက်ဆိုင်နေစရာအကြောင်းမရှိ။
နောက်ပြီး အထူးဆန်းဆုံးအကြောင်းတစ်ရပ်က
ရီဖေးဟာ မင်ကွမ်း ဆိုတဲ့နာမည်ကိုတောင် ပြောင်းပစ်ခဲ့သူတစ်ယောက်။