ငပျင်းက သင်္ချာထူးချွန်ကျောင်းသား ကျန်းရီဖေး ပေါ့လေ။
ထျန်းနာ.....လောကကြီးပြောင်းပြန်လန်သွားလေသလား။
ဒီလောက်အပျင်းကျ ပေါ့တန်တန်ကောင်ကလေ။အခုလည်းကြည့် ရှင်းလန်နောက်ကနေ deskနဲ့ခေါင်းမိတ်ဆက်နေပြန်ပြီ။
ဒီကောင်ဘာလို့ဒီလောက်အအိပ်မက်နေရတာလဲ။
ရောဂါများရှိလို့လား။လူကြီးတော့လည်း သန်မာတောင့်တင်းလိုက်တာမှ ရှင်းလန်ကိုတောင်ကိုင်ပေါက်နိုင်သည့်အနေအထား။
လူငယ်ဆိုတာ တက်ကြွဖျပ်လတ်နေရမှာမဟုတ်လား။
ဖွန်ကြောင်ဖို့ကျတော့မပျင်းမရိ။
ဒါဖြင့် ဒီကောင့်မှာ သင်္ချာတော်တာလေးတစ်ခုပဲ plus ပြလျက် ကျန်တာမှာ zero ချည့်ဖြစ်မည်။ကျောင်းအုပ်ကြီးကတော့ သူပြောတဲ့အတိုင်း သင်္ချာတော်တဲ့သူနဲ့အတူထားပေးသားပဲ။
ဒါပေမယ့် သင်္ချာတော်ပြီး လူမှုရေးကသုံးစားမရတော့လည်း ရှင်းလန်အတွက်ဘာမှမကျိုမရှိ။
ဒီလောက်လူမျှုရးညံ့ဖျင်းတဲ့ကောင်ကို ဘယ်လိုမိတ်ဆွေဖွဲ့ပြီး စာကူရှင်းခိုင်းလို့ရမလဲ။
ထားလိုက်တော့ သင်္ချာဂိုက်ပဲရအောင်ရှာမည်။"သင်္ချာဂိုက်?''
"ဟုတ်တယ်ပါး ကျွန်တော်သင်္ချာမလိုက်နိုင်ဘူး''
"ကောင်းပြီလေ ပါး ကျောင်းအုပ်လီ ကို မေးမြန်းပြီး
ရှာပေးမယ်''ပါးနဲ့ဖုန်းပြောပြီးမှ ရှင်းလန် နေ့လည်စာစားဖို့ထွက်လာတော့ အောက်ထပ် ကော်ရစ်တာဘေးကအုတ်ဘောင်ပေါ်မှာ ကျန်းရီဖေးကို မနက်ကကျောင်းသားနဲ့အတူထိုင်နေတာထပ်တွေ့ရပြန်သည်။
သူတို့ပေါင်ပေါ်မှာကလည်း ဖွင့်လျက်သားစာအုပ်တွေ။
ဒီကောင်ဘာတွေအလုပ်ရှုပ်နေတာပါလိမ့်။
"ဟေ့ ထန်ရှင်းလန် နေ့လည်စာသွားစားမလို့လား အဖော်မရှိရင်ငါတို့နဲ့သွားရအောင်''
ယွမ်ယွမ်နဲ့ဖက်တီးမလေးက ရှင်းလန်ရှိရာပြေးလာသည်။
ရှင်းလန် လည်းအဖော်မရှိတာမို့ ဒီအဘိဓာန်မကိုအဖော်ပြုကာ သင်္ချာဂိုက်တစ်ယောက်လောက်ရှာမယ့်နေရာမှာအသုံးချရလည်းမဆိုးလှ။ရှင်းလန် ရဲ့မငြင်းဆန်တဲ့အမူအယာကြောင့် ယွမ်ယွမ်က အံ့အသင့်ကာ သဘောတူကြောင်းအတည်ယူလိုက်သည်။