..
ရှင်းလန် အတော်နေရခက်နေမိသည်။
ရီဖေး ဒီကောင်က ရှင်းလန်ကို ကြိုက်နေသတဲ့။
ရီဖေးက Gay တစ်ယောက်လား။
မိမိကရော။
ရှင်းလန် မိမိကိုယ်ကိုအဖြေရှာရခက်နေမိသည်။မှန်ရှေ့တွင်ရပ်ကာ မေးမိသည်။
ရှင်းလန် မင်း ရီဖေးနဲ့အတူရှိနေရရင်ပျော်လား
-ဒီလိုပါပဲတွေ့နေကျကိုမတွေ့ရရင်ရော
-အေးဆေးပါ"တွေ့လား ကျန်းရီဖေး ငါကမင်းနဲ့ပတ်သတ်ပြီး ဘယ်လိုမှမနေဘူး''
ရှင်းလန် ဆံပင်ကိုသေသပ်စွာဖြီးလိုက်ကာ နေ့လည်စားရန်ထွက်လာလိုက်သည်။
နေ့လည်စာစားပြီး ပန်းခြံလေးထဲက ဒန်းမှာထိုင်ကာ ဓာတ်လှေကားထိပ်ကိုမျှော်နေမိသည်။
ဒီကောင်ဒီနေ့ နောက်ကျနေတာလား။
မဟုတ်ပါဘူး ဒီကောင် Eng သွားမသင်ရတော့တာတောင် ဘာလို့ မွန်းတည့်တဲ့အထိ အရိပ်အယောင်မတွေ့ရသေးတာလဲ။ရှင်းလန် တဖြည်းဖြည်းဒေါသထွက်လာသည်။
မင်းကငါ့ကို ကစားနေတာလား ရီဖေး
ရှင်းလန် အတော်ကြာတဲ့အထိ စောင့်နေအပြီး စိတ်တိုစွာနဲ့အခန်းထဲပြန်လာခဲ့လိုက်သည်။အခန်းတံခါးကို ဆောင့်ပိတ်ပစ်ကာ အိပ်ယာပေါ် မှောက်ချပစ်သည်။
မွေ့ယာကို တစ်ဝုန်းဝုန်းထုကာဖြင့်"ကျန်းရီဖေး အလကားကောင် အရူးကောင်''
"တူ...တူ..''
ရှင်းလန် ဆတ်ခနဲထကာ ဖုန်းကိုကြည့်လိုက်မိသည်။
ကျန်းရီဖေးဆီက
ရှင်းလန် ချက်ချင်းကိုင်လိုက်ကာ တစ်ဖက်မှအသံကိုမစောင့်တော့ပဲ"အရူးကောင် နှာဗူးကောင် မင်းဘာလို့အခုထိပေါ်မလာသေးတာလဲ ငါ့ကိုကစားချင်သလိုကစားပြီး ကြိတ်ပျော်နေတာလား အရိုင်းအစိုင်းကောင် @#$%!''
"အယ်...ဒါ ဒါ ထန်ရှင်းလန်ရဲ့ဖုန်းမဟုတ်ဘူးလား''
တစ်ဖက်ကအသံဟာ ရီဖေးမဟုတ်။
ရှင်းလန် ပါးစပ်ပိတ်သွားကာ ဖုန်းခေါ်တဲ့သူနာမည်ကိုတစ်ချက်ပြန်ကြည့်မိသည်။
'နှာဗူးအရူးလောင်သ'
သေချာပါတယ် ။ဒါပေမယ့် အခုအသံကဖြင့် လူကြီးတစ်ယောက်အသံမျိုး ဆေးဆေးတည်ငြိမ်ညင်သာလွန်းနေသည်။