Chapter-33

5.7K 897 158
                                    

ရှင်းလန် အဆောင်ကိုပြန်ရောက်ချိန်မှာ ရီဖေးက ရောက်မနေသေး။

ရှင်းလန် အိမ်ကသယ်လာသမျှကိုနေရာချရင်းက အခန်းဝကို ကြည့်ကြည့်နေမိသည်။

ဟိုရက်က ရီဖေးနဲ့အိပ်ရင်း မိမိ wetdream ဖြစ်အင်ကို သကောင့်သား မရိပ်မိတာပဲတော်သေးသည်။

မနက်အိပ်ယာနိုးချိန်မှာ ဘောင်းဘီတစ်ဝိုက်စေးကပ်ကပ်နဲ့နိုးထလာချိန်မှာ ရှင်းလန်အထိတ်ထိတ်အလန့်လန့်နဲ့ကမန်းကတမ်းရေထချိုးကာ ဘောင်းဘီတွေထလျှော်ရတော့သည်။
ရှင်းလန်အဆောင်မှာတော့ မိမိအတွင်းခံ မိမိဘာသာလျှော်ဖူးတာမို့ သိပ်တော့မခက်ခဲလှ။
လျှော်နေရင်းက ရီဖေးမရိပ်မိသွားတာကိုပဲသက်ပြင်းချနေရသည်။

ယောက်ျားလေးတွေကြား ဒီကိစ္စမျိုးဆိုတာ ဘာမှထူးဆန်းတဲ့အရာမဟုတ်ဆိုပေမယ့်
ရှင်းလန် ဘဝတစ်လျှောက် ဘယ်သူစိမ်းယောက်ျား ၊မိန်းမနဲ့မှအခုလို လက်ပွန်းတတီးမနေခဲ့ဖူးတာမို့
အင်မတန်မှ အနေခက်လှသည်။

ပစ္စည်းတွေနေရာချအပြီး ရီဖေးအိပ်ယာထက်ကြည့်မိတော့ ဆန့်ပြန့်သပ်ရပ်နေသောအိပ်ယာက ပိုင်ရှင်ကိုမျှော်နေတာများလား....

ရှင်းလန် ရီဖေး အိပ်ယာထက် ဝင်ထိုင်လိုက်ပြီး အမှတ်မထင် ရီဖေးခေါင်းဦးလေးကို ဆွဲယူကာ ရင်ခွင်ထဲပွေ့ထားလိုက်မိသည်။

"မင်းပိုင်ရှင်က ရူးနေတာသိလား....''

ရှင်းလန် ခေါင်းကိုငုံ့ချကာ ခေါင်းဦးထက်မျက်နှာနှစ်ထားလိုက်မိသည်။

ရီဖေး အပေါ် ရှင်းလန်ကိုယ်တိုင်လည်း သိသိသာသာယိမ်းယိုင်နေမိပြီဆိုတာ ဒီကောင်နဲ့နာရီများစွာမတွေ့ရလေ ပိုသိသာလေဖြစ်လို့လာသည်။

ဒါပေမယ့် ရှင်းလန် မိမိခံစားချက်ကို မိမိလက်မခံချင်မိ။
ဟုတ်တယ်လေ ကိုယ်က ယောက်ျားစစ်စစ်တစ်ယောက်ပဲဟာ။
ငယ်ငယ်တည်းက ဘယ်ယောက်ျအပေါ်မှ ရင်ခုန်သာယာတာမျိုးလည်းမရှိဖူးဘူး။

ဒါဟာ ဒီနှာဗူးကောင်အဓမ္မလွန်ကျူးတာတွေကြောင့်မိမိစိတ်က ထင်ယောင်ထင်မှားဖြစိတာနေမှာ။

ဒါပေမယ့် မိမိကိုအခုလိုဖြစ်စေသည့် တရားခံကိုလည်း ခွာထုတ်ပစ်ဖို့ဝန်လေးနေမိသည်။

你是我的(မင်းကငါ့အပိုင်/မင်းကငါ့အပိုင်)Where stories live. Discover now