ရှင်းလန် တော်တော်ဒေါသဖြစ်မိသည်။
ဒီငပျင်းကောင်ကဘာလဲ။တစ်ခန်းလုံးက လောင်သ လောင်သနဲ့နားကြားပြင်းကတ်စရာကောင်းအောင်
ကြီးကျယ်နေပါစေ ရှင်းလန်ကိုတော့လာကြောလို့မရ။ဘာတဲ့ သူ့သဘောနဲ့သူ ရှင်းလန်ကို အတန်းခေါင်းဆောင်လုပ်စေ ဆိုတဲ့အထာနဲ့။
သူကဘာမို့လဲ။
ပထမအတန်းနှစ်ချိန်ပြီးစဉ် brake timeတုန်းကကိစ္စကို ရှင်းလန် မကျေနပ်နိုင်ဖြစ်နေပေမယ့် သကောင့်သားကတော့ အပျင်းထူစွာမှောက်အိပ်နေဆဲ။"လောင်သ အခန်းD က ဝမ်းမေကွေ့ လာတယ်''
အရပ်မြင့်မြင့် ပိန်လှီလှီနဲ့ ကျောင်းသားတစ်ယောက်က အခန်းဝတွင်မိန်းကလေးတစ်ယောက်ရောက်နေကြောင်း
ယွမ်ယွမ်ထံ မျက်စပြစ်ပြလိုက်တာမို့ ယွမ်ယွမ် က တဆင့်အော်ပေးပုံရသည်။
ဒီယွမ်ယွမ်ဆိုတဲ့ မှန်ကြောင်မလေးက ဒီကျောင်းရဲ့
အဘိဓာန်ကြီးလား။ကြည့်ရတာတော့ လူတကာအကြောင်းအင်မတန်မှစပ်စုတတ်သော ရှောင်သင့်သည့်အမျိုးအစားပေ။
ရှင်းလန်နောက်က ငပျင်းက လေးလံစွာခေါင်းထောင်ကြည့်ပြီးမှ ပျင်းကြောတစ်ချက်ဆန့်ကာ အပေါက်ဘက်သို့ထထွက်သွားသည်ကို မျက်လုံးထောင့်ကမြင်နေရသည်။
ငပျင်းက အကျင့်မကောင်းနေကျအပြုအမူနဲ့ပင် အခန်းပေါက်ဝမှာပိတ်ရပ်ကာ ကြည့်ရမဆိုးသောကောင်မလေးနဲ့ပရောပရီလုပ်နေသည်။
အပျင်းကြီးသည်၊စောက်ဆရာကြီးလုပ်သည်၊နှာဗူးထသည်။
လောင်သ ဆိုတာ ဒီလိုအချက်တွေမှာဆရာကျနေတာလား ဟုခပ်ချဉ်ချဉ်တွေးလိုက်သည်။မကြာမီ တရုတ်စာချိန်ရောက်လာတာမို့ ဆရာမတစ်ယောက်ဝင်လာသည်။
အခန်းပေါက်ဝမှ ငပျင်းနဲ့ကောင်မလေးကိုမတွေ့ရတော့။
စာသင်ချိန်ရှိတာတောင် ဆရာကိုလေးစားမှုမရှိပဲ အတန်းလစ်သည့်အတွက် ငပျင်းအပေါ် ရှင်းလန်အမြင်က အနှုတ်တစ်ချက်ထပ်တိုးသွားပြန်သည်။စာသင်တာ ၁၀မိနစ်လောက်နေမှ ငပျင်းက အခန်းဝမှပေါ်လာကာ ဆရာမကိုဝင်ခွင့်တောင်းသည်။
စ ဝင်လာတည်းက ခပ်တည်တည်နဲ့ စည်းကမ်းကြီးပုံဟု ရှင်းလန် ခန့်မှန်းမိသောဆရာမဟာ ထိုငပျင်းကို ဆူတော့မည်ဟု တွက်ဆလိုက်သည်။