ကျန်းလုဟန် တစ်ယောက်အတော်စိတ်လေးနေမိသည်။
အစ်ကိုဖြစ်သူနဲ့ မရီးဟာ နှစ်ကူးမှလာကြမယ်လို့ပြောထားရာကနေ ထန်ရှင်းလန်မွေးနေ့မတိုင်မီ သွားချင်တယ်ဆိုတဲ့ မရီးရဲ့တောင်းဆိုချက်ကြောင့်ရုတ်တရတ်ရောက်ချလာကြသည်။ရှောင်ကွမ်းက ကျောင်းမှာပဲရှိနေတဲ့ကြားရက်တွေမို့ သူတို့ရှောင်ကွမ်းအခန်းမှာနေကြသည်။
မနက်ဖြန်တွင် ရှောင်ကွမ်းရောက်လာတော့မည်မို့ သူတို့ဟိုတယ်သို့ပြောင်းနေကြမည်ဖြစ်သည်။လုဟန် မရီးထံအကဲခတ်နေမိသည်။
မရီးရဲ့ပါးစပ်က ရှင်းလန်အကြောင်းသာတတွတ်တွတ်ပြောနေတတ်ပေမယ့် ခင်ပွန်းဟောင်း ဖုန်းကော နဲ့ပတ်သတ်လို့ သတိတရတောင်မေးဖော်မရ။
တကယ်ပဲသံယောဇဉ်တွေမဲ့ကုန်ကြပြီလား။
အထီးကျန်လှတဲ့ ဖုန်းကော ရဲ့ရုပ်သွင်ကိုမြင်ယောင်ကာ လုဟန်ဂရုဏာသက်မိသည်။ထိုထက်ပိုစိတ်လေးမိနေတာက
ရှင်းလန်ဆိုတဲ့ကလေး ဒီအိမ်ကိုရောက်မလာခင်
အစ်ကိုကြီးတို့လင်မယားကို ဟိုတယ်ပြောင်းနေစေချင်ပြီ။ညီအစ်ကိုမောင်နှမမရှိသူချင်းချစ်ခင်ရင်းနှီးနေကြတဲ့ ကလေးနှစ်ယောက်ရဲ့ဆက်ဆံရေးကို မိဘတွေရဲ့အိမ်ထောင်ရေးအရှုပ်တွေကြောင့် စိတ်အနှောက်အယှက်တွေဖြစ်ကုန်မှာမလိုလား။ဖုန်းကောက ဂိုက်ရှာပေးခိုင်းစဉ်က ရှင်းလန်ဟာ ရှောင်ကွမ်းနဲ့ရင်းနှီးနေမှန်းမသိတာကြောင့် လုဟန် လွယ်လွယ်ကူကူ ရှောင်ကွမ်းကိုလွှတ်မိတာ။အခုကျတော့မှ သူတို့နှစ်ယောက်ရဲ့ရင်းနှီးမှုအတိုင်းအတာဟာအတော်ကြီးမားမှန်းရိပ်မိလာလျက် မိဘတွေရဲ့ကိစ္စတွေသာသိကုန်ရင်ဘာတွေဖြစ်လာမလဲ လုဟန်မတွေးတတ်တော့။အရေးကြီးတာကတော့ ကလေးတွေရဲ့နုနယ်တဲ့နှလုံးသားကိုဒဏ်ရာမရစေချင်တော့ဘူး"သာ့ကော မနက်ဖြန်ညနေရှောင်ကွမ်းပြန်လာလိမ့်မယ်"
"ရှောင်ကွမ်းနဲ့ ရှောင်လန်ကိုတွေ့ပေးကြရင်ကောင်းမလားလို့ ဝေဝေကပြောနေတာ"
လုဟန် မျက်လုံးပြူးသွားသည်။
"ဟာ မလုပ်ပါနဲ့ဦး ဒီအရွယ်ကလေးတွေရဲ့စိတ်ကခန့်မှန်းလို့ရတာမဟုတ်ဘူး မိဘတွေနဲ့ပဲအရင်တွေ့ကြည့်ပြီးအခြေအနေအကဲခတ်ပါဦး မိဘတွေကိုပဲကြည်ကြည်ဖြူဖြူရှိနေကြရဲ့လား လေ့လာပါဦး"