သောကြာနေ့ညနေကျောင်းဆင်းချိန်မှာ ရှင်းလန်ကို ချန်စူးစူးက လာစောင့်ကြိုနေသည်။
ရှင်းလန် အဆောင်အခန်းတံခါးပိတ်နေတုန်းမှာ ကျန်းရီဖေး ပြန်ရောက်လာသည်။"မင်း စာသွားမသင်ရဘူးလား''
"သောကြာနေ့ဆို သူလည်းမင်းလိုပဲပြန်တာပေါ့ ငါက ၃ရက်ပဲသင်တာ''
"ဒါဖြင့်မင်းက မပြန်ဘူးလား''
ရှင်းလန် မေးနေတုန်းမှာပဲ ကျန်းရီဖေးက တံခါးကိုပြန်ဖွင့်ကာ အခန်းထဲဝင်သွားတော့သည်။
"အရိုင်းအစိုင်းကောင်! သူများစကားကိုဆုံးအောင်နားထောင်ရမယ်ဆိုတာတောင်နားမလည်ဘူး''
ရှင်းလန် မကျေမချမ်းရေရွတ်ကာဖြင့် အဆောင်အောက်ဆင်းလာခဲ့သည်။
ဒီကောင်က အိမ်မပြန်ပဲ ပိတ်ရက်တိုင်းအဆောင်မှာချည့်နေနေတာလား။
ဒီမြို့အနီးတဝိုက်ကမဟုတ်လို့များလား။...
အိမ်ပြန်ရောက်ပြီဆိုမှဖြင့် ချူမားချက်ကျွေးတဲ့ ရှင်းလန်အကြိုက်စားစရာတွေကို ဗိုက်ကားအောင်စားဖို့
တာစူလျက် ထမင်းဝိုင်းဆီလာခဲ့သည်။ပါးက ကြိုထိုင်နှင့်နေပြီ။
ဒီသားနဲ့ တစ်ပတ်လုံးခွဲနေရတာမို့ ပြန်ရောက်တဲ့နှစ်ညတော့ ထမင်းလက်ဆုံစားပေးဖို့ ရည်ရွယ်ထားပုံရသည်။
ဒီလိုတော့လည်း ရှင်းလန်ကျေနပ်ရပြန်သည်။ချူမားက ရှင်းလန်ကြိုက်တဲ့ပုစွန်အသားလုံးကြော်၊
အမဲသားလုံးဟင်းချိုအစရှိတဲ့ အသားချည့်သက်သက်ထွင်လုံးကြော်ချက်ထားတဲ့အစားအစာတွေကို သေသေချာချာပြင်ကျွေးသည်။"အားလန် ကျောင်းမှာဘာလိုအပ်တာတွေရှိသေးလဲ''
"ကျွန်တော် သချာင်္ဂိုက်တော့ရသွားပြီပါး''
"သြော် အဲ့ကိစ္စ ပါးပြောဖို့မေ့နေတာ..ကျောင်းအုပ်လီနဲ့ပါးတိုင်ပင်ပြီးပြီ သားအတွက် ဂိုက်ကောင်းကောင်းတစ်ယောက်ရမယ်''
"သချာင်္တော့မလိုတော့ပေမယ့် ဒီကျောင်းကကျောင်းသားတွေရဲ့ English စာ စကေးကမြင့်တယ်..ကျွန်တော်အမီလိုက်နိုင်ဖို့ Eကောင်းကောင်းပြပေးနိုင်တဲ့ဂိုက်လိုချင်တယ်...ပြီးတော့ တရုတ်သမိုင်းကြောင်းတွေကလည်းခက်တယ်''